မကြာခင်မှာ လက်ထပ်တော့မယ့် Margie

ကမ္ဘာကျော်ထိုင်းမင်းသမီးချောလေး Margie ကို အားလုံးသိကြမယ်ထင်ပါတယ်။ သူမရဲ့ ဇာတ်ကားတွေကလည်း မြန်မာပြည်မှာဆိုရင် အောင်မြင်တဲ့ ဇာတ်ကားတွေပါ။ Margie ကိုတော့ August 22, 1990 မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့သူတစ်ဦးပါပဲ။ သူမကတော့ ထိုင်းလူမျိုးစစ်စစ် မဟုတ်ပါဘူး။ ထိုင်းနဲ့ စပိန်သွေးရောစပ်ထားတဲ့ ကပြားတစ်ဦးပါ။


2006 ခုနှစ်ကတည်းက အခု 2017 အထိသူမရိုက်ကူးတဲ့ ဇာတ်ကားတွေက မအောင်မြင်ဘူးဆိုတာကိုမရှိပါဘူး။ ဆုတွေကိုလည်းအများကြီး ရရှိခဲ့ဖူးပါတယ်။ ပညာအရည်ချင်းကတော့ Assumption University မှပညာရေးပြီးစီးခဲ့သူတစ်ဦးပါပဲ။

သူ့မှာ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ညီမလေးကလည်း ထိုင်းမင်းသမီးလေး တစ်ဦးပါ။ နာမည်ကတော့ Marin Sadanun Balenciaga ပါ။

အခုဆိုရင် Margie က ထိုင်းနိုင်ငံရဲ့ မင်းသားတစ်ဦးဖြစ်တဲ့ Pok Patsonkorn နဲ့စေ့စပ်ထားပြီးနေပြီး မကြာခင်မှာ လက်ထပ်ကြတော့မှာပါ။ လက်ထပ်ပြီးသွားရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်ဦးမှာလားဆိုတာ မသိသေးဘူးပေါ့နော်။ ဒီတော့ Margie ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။