မင်းသမီးတစ်ပါးလို လှပစေမယ့် အလှအပဆိုင်ရာ လျှို့ဝှက်ချက် ၉ ခု

အမျိုးသမီးတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အလှအပနဲ့ အသားအရေထိန်းသိမ်းဖို့ဆိုတာဟာလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ မိတ်ကပ်တွေ ဘယ်လိုလဲလိမ်းထားလိမ်းထား၊ ပင်ကိုယ်အသားအရေ မကောင်းရင် အလကားပါ ပဲ။ အဲဒါကြောင့် သင့်ကို မင်းသမီးလေးတစ်ပါးလို လှပသွားစေမယ့် အသားအရေထိန်းသိမ်းနည်းနဲ့ အလှအပ ဆိုင်ရာ လျှို့ဝှက်ချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။



၁။ ကြည်လင်တောက်ပတဲ့ အသားအရေ ရရှိဖို့ Mask သုံးပါ



သင့်မျက်နှာကို မိတ်ကပ်တွေနဲ့ အပေါ်ယံဖံုံးဖိနေမယ့်အစား သင့်အသားအရေကို မိတ်ကပ်မလိမ်းဘဲ လှနေစေဖို့ ၁၅ မိနစ်လောက်ပဲ အချိန်ပေးဖို့ လိုပါတယ်။ သင့်မျက်နှာကို စင်ကြယ်အောင်ဆေးကြောသန့်စင်ပြီးပြီဆိုရင် အေးမြနေတဲ့ Mask လေးတစ်ခုကို ၁၅ မိနစ်လောက် ကပ်ပေးပါ။ သင့်ရဲ့ချွေးပေါက်တွေကို သန့်စင်စေပြီး ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။


၂။ ဆားဝက်ခြံတွေကို ၁၀ မိနစ်အတွင်း ဖယ်ရှားမယ်



ဆားဝက်ခြံတွေဟာ ဖယ်ရှားဖို့အတွက် ရှည်ရှည်ဝေးဝေးတွေးနေစရာ မလိုပါဘူး။ ပျားရည်နဲ့ သစ်ဂျပိုးခေါက်ကို ရောနှောပြီး ပျစ်နှစ်စေးကပ်သွားတဲ့အထိ ရောမွှေပေးပါ။ အဲဒီအရောကို ဆားဝက်ခြံတွေရှိနေတဲ့ အရေပြားပေါ် မှာ ခပ်ပါးပါးသုတ်လိမ်းပြီး အဲဒီအပေါ်ကနေ သန့်ရှင်းတဲ့ cotton pad လေးတစ်ခုကို ကပ်ထားပါ။ ငါးမိနစ်လောက်ကြာရင် cotton pad ကို ခွာပြီး ရေဆေးချပါ။


၃။ အသားအရေအလိုက် ကိုယ်တိုင် အလွယ်တကူလုပ်နိုင်မယ့် Mask များ



တောက်ပမှုမရှိတဲ့ အသားအရေအတွက် - ပန်းသီးဖျော်ရည်နဲ့ ပျားရည်ကိုရောပြီး မျက်နှာပေါ်မှာ ခပ်ပါးပါး သုတ်လိမ်းပေးပါ။ ၅ မိနစ်ကြာရင် ရေပြန်ဆေးချပါ။


မျက်ကွင်းညိုခြင်းနဲ့ မျက်အိတ်ဖောင်းတာတွေအတွက် - အာလူးကို မထူမပါးလှီးပြီး မျက်လုံးအောက်မှာ ကပ် ပေးပါ။ ၁၅ မိနစ်လောက်နေရင် ခွာလိုက်ပါ။


အသားအရေအမျိုးမျိုးအတွက် - ခြောက်သွေ့တဲ့အသားအရေအတွက် ဒိန်ချဉ်ကို Mask အဖြစ် အသုံးပြုနိုင်ပါ တယ်။ အဆီပြန်တဲ့အသားအရေအတွက် ခေါက်ထားတဲ့ ကြက်ဥအကာ၊ သံလွင်ဆီနဲ့ လီမွန်ရည်အစက် အနည်းငယ်တို့ကို ရောနှောပြီး Mask အဖြစ် အသုံးပြုပေးပါ။ ပုံမှန်အသားအရေအတွက် ငှက်ပျောသီးနဲ့ ဂရိတ်ဖရုတို့ကို Mask အဖြစ် အသုံးပြုနိုင်ပါတယ်။


၄။ တစ်ချိန်တည်းမှာ Mask မျိုးစုံကို တစ်ပြိုင်တည်းအသုံးပြုနိုင်ပါတယ်



သင်က combination လို့ ခေါ်တဲ့ ပေါင်းစပ်အသားအရေဆိုရင် တစ်ချိန်တည်းမှာ မျက်နှာမှာ Mask ၂ မျိုး ၃ မျိုး ကို တစ်ပြိုင်တည်း အသုံးပြုပါ။ အဆီပြန်တဲ့ ဧရိယာအတွက်တစ်မျိုး၊ ခြောက်သွေ့တဲ့ အသားအရေအတွက် တစ်မျိုး အသုံးပြုပေးနိုင်ပါတယ်။


၅။ အသားအရေကို Moisturize ကောင်းကောင်းဖြစ်ပါစေ



သင့်မျက်နှာအသားအရေ အမြဲတမ်းလန်းဆန်းကြည်လင်နေဖို့အတွက် moisturize ကောင်းကောင်းလုပ်ထားဖို့ လိုပါတယ်။ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ moisturizer ကို ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။


- ခြောက်သွေ့တဲ့အသားအရေအတွက် ပျားဖယောင်းကိုအခြေခံထုတ်လုပ်ထားတဲ့ cream တွေကို အသုံးပြုပေး သင့်ပါတယ်။ ရေဓာတ်ပါဝင်စရာ မလိုပါဘူး။


- အဆီပြန်တဲ့အသားအရေအတွက် သဘာ၀ silicone ပါဝင်တဲ့ emulsion ပေါ့ပေါ့ပါးပါးနဲ့ fluid ပုံစံမျိုးတွေကို အသုံးပြုနိုင်ပါတယ်။


- ပုံမှန်နဲ့ ပေါင်းစပ်အသားအရေအတွက် mineral oil နဲ့ dimethicone တို့ပါဝင်တဲ့ cream တွေဟာ အကောင်းဆုံး moisturizer တွေပါပဲ။


၆။ ဆံပင်အရှည်ကြီးကို အမြန်ကောက်မယ်



ဆံပင်ရှည်ရှည်ကို မြန်မြန်ဆန်ဆန်ကောက်ဖို့အတွက် သိပ်မခက်ပါဘူး။ ဆံပင်တွေကို လိမ်ပြီး အပေါ်ကနေ ဖြောင့်စက်နဲ့ ဖိပေးပါ။ ပြီးရင် hair spray အသုံးပြုပါ။


၇။ မျက်ခုံးလှလှဆွဲမယ်



လှပတဲ့ မျက်ခုံးမျိုးရရှိဖို့အတွက် အဓိကအချက်သုံးချက်ကို လိုက်နာရင်ရပါတယ်။ သိပ်ပြီး လေးထောင့်ကျကျ မဆွဲပါနဲ့၊ မျက်ခုံးမွှေးဆွဲတံကို သေချာနှံ့အောင် ဆွဲပေးပါ၊ အဝိုက်ကို အရှည်ကြီးမဖြစ်ပါစေနဲ့။


၈။ နှုတ်ခမ်းသားကို ပြုပြင်ထိန်းသိမ်းမယ်



နှုတ်ခမ်းနီတွေ ဆိုးပါများလို့ ပျက်စီးလာတဲ့အခါ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ခမ်းသားတွေ ပျက်စီးလာတဲ့အခါ သွားတိုက်တံမှာ သကြားကပ်ပြီး နှုတ်ခမ်းကို ခပ်ဖွဖွပွတ်ကာ scrub လုပ်ပေးပါ။ ပြီးတဲ့အခါ သစ်ဂျပိုးခေါက်နဲ့ သံလွင်ဆီအရောကို နှုတ်ခမ်းမှာ ခပ်ပါပါး သုတ်လိမ်းပေးပါ။


၉။ ရင်သားအတွက် Vaseline



ရင်သားကို တင်းတင်းရင်းရင်းဖြစ်အောင် ထိန်းသိမ်းချင်ရင် အိပ်ရာမဝင်ခင် ညတိုင်း Vaseline လိမ်းပေးပါ။ ၂ ပတ်လောက် ကြာတဲ့အခါ ပိုမိုတင်းရင်းပြီး နူးညံ့ချောမွေ့လာပါလိမ့်မယ်။


by Cherry Mon



 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။