Forbes ရဲ့ အနုပညာကြေးအများဆုံး အမျိုးသားသရုပ်ဆောင် (၅) ဦး ထဲမှာ The Rock ဗိုလ်စွဲ

The Rock မင်းသားကြီး Dwayne Johnson ဟာ Forbes ရဲ့ ယခုနှစ် အနုပညာကြေးအများဆုံး မင်းသားစာရင်းထဲမှာ ထိပ်ဆုံးကို ရောက်ရှိသွားပါပြီ။ Johnson ဟာ မကြာသေးခင်ကမှ ရုံတင်ခဲ့တဲ့ “Hobbs and Shaw” ဇာတ်ကားအတွက် အနုပညာကြေး ဒေါ်လာ၈၉.၄သန်း ရရှိခဲ့ပါတယ်။ အရင်နှစ်ကတော့ Johnson ဟာ ဒုတိယနေရာပဲ ရခဲ့ပေမယ့် ဒီဇာတ်ကားကြောင့် ထိပ်ဆုံးကို ရောက်ရှိသွားတာပါ။ ဒီနှစ်မှာ အနုပညာကြေးအများဆုံးရတဲ့ ထိပ်ဆုံးမင်းသားတွေဆိုရင်တော့-


5) Jackie Chan

5. Jackie Chan — $58 million

ဂျက်ကီချမ်းရဲ့ ဒီနှစ်အနုပညာကြေးကတော့ ဒေါ်လာ ၅၈သန်းပါ။ ဒီနှစ်ထဲမှာ တရုတ်ဇာတ်လမ်း “The Knight of Shadows: Between Yin and Yang” နဲ့ အခု တရုတ်ပြည်မှာ ရုံတင်နေတဲ့ “Journey to China: Mystery of the Iron Mask” ဆိုတဲ့ ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။


4) Akshay Kumar

4. Akshay Kumar — $65 million

ဘောလီးဝုဒ်မင်းသားကြီး အက်ရှေးကူးမားရဲ့ ဒီအနုပညာကြေးကတော့ ဒေါ်လာ ၆၅ သန်း ဖြစ်ပါတယ်။ ဒီနှစ်မှာ အက်ရှေးပါဝင်ခဲ့တဲ့ “Mission Mangal” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ အိန္ဒိယ Box Office မှာ သန်း ၁၀၀ ရူပီး (ဒေါ်လာ ၁၄သန်း) နဲ့ စံချိန်ချိုးသွားခဲ့ပါတယ်။


3) Robert Downey Jr

3. Robert Downey Jr — $66 million

Iron Man မင်းသားကြီးရဲ့ဒီနှစ်အနုပညာကြေးကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၆၆ သန်းပါ။ RDJ ဟာ Avengers Endgame အတွက် အနုပညာကြေး ဒေါ်လာ သန်း၂၀ ရခဲ့ပြီး Box Office ရဲ့ ၈% အမြတ်ငွေကိုလည်းရပါတယ်။ Forbes ရဲ့ထုတ်ပြန်ချက်အရ RDJ ဟာ Box Office ကနေ ဒေါ်လာ ၅၅ သန်း ရရှိခဲ့ပါတယ်။ ဒါကြောင့် Endgame အတွက် RDJ ရဲ့စုစုပေါင်း အနုပညာကြေးက ဒေါ်လာ ၇၅ သန်းပါ။


2) Chris Hemsworth 

2. Chris Hemsworth — $76.4 million

Thor မင်းသားလေး Chris ရဲ့ ယခုနှစ်အနုပညာကြေးကတော့ ဒေါ်လာ ၇၆.၄ သန်းပါ။ အရင်နှစ်တွေကတော့ Chris ရဲ့အနုပညာကြေးအများစုက Avengers: Infinity War နဲ့ Endgame ကနေ ရခဲ့တာပါ။ ဒီနှစ်မှာတော့ Chris ဟာ “Men in Black: International” ကနေလည်း အနုပညာကြေး ရရှိခဲ့ပါတယ်။


1) Dwayne Johnson

1. Dwayne Johnson — $89.4 million

မစ်စတာ ဒွိန်းရဲ့ ဒီနှစ် အနုပညာကြေးကတော့ ဒေါ်လာ ၈၉.၄ သန်းပါ။ ဒါက Fast and Furious: Hobbs and Shaw တစ်ကားတည်းအတွက်ပဲရှိပါသေးတယ်။ Johnson ဟာ သူပါဝင်တဲ့ဇာတ်ကားတွေတိုင်းရဲ့ Box Office အမြတ်ငွေ ၁၅%ကိုလည်း ရရှိပါတယ်။ နောက်ထွက်လာမယ့် Jumanji: The Next Level အတွက်လည်း အနုပညာကြေး ဒေါ်လာ ၂၃.၅ သန်း ရရှိထားပါတယ်။ ဒါ့အပြင် HBO ရဲ့Baller ဆိုတဲ့ ဇာတ်လမ်းတွဲအတွက်လည်း အနုပညာကြေး ဒေါ်လာ ၇ သိန်းရရှိထားပါသေးတယ်။


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။