ခေါင်းကိုက်တာကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်း (၅) ချက်…။

     ခေါင်းကိုက်တယ်ဆိုတဲ့ ဝေဒနာကိုလူတိုင်းခံစားဖူးကြမှာပါ…။ ခေါင်းကိုက်တယ်ဆိုတာ ဦးနှောက်အာရုံကြောတွေ ဖိအားများတာတွေကြောင့် ဖြစ်တာပဲဖြစ်ပါတယ်…။

ခေါင်းကိုက်တာကလည်း တော်တော်ကိုနေရထိုင်ရခက်တဲ့ရောဂါပါ…။ ဒါကြောင့် ခေါင်းကိုက်တဲ့အချိန်မှာ အလျှင်မြန်ဆုံးနည်းနဲ့ သက်သာစေဖို့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

 ၁. ရေ…။

     ရောဂါတွေကို ပျောက်ကင်းစေတဲ့အရာထဲမှာ ရေကလည်းအဓိကအနေနဲ့ပါဝင်လို့နေပါတယ်…။ သင့်ခန္ဓာကိုယ်မှာရေဓာတ်မပြည့်ဝနေရင်လည်း ခေါင်းကိုက်တာကနေစပြီး သတိထားမိနိုင်ပါတယ်…။ ရေဓာတ်ခမ်းခြောက်တာကြောင့် ခေါင်းကိုက်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းကတော့ ရေသောက်ပြီး ပြန်လည်ကုသခြင်းပါပဲ…။

ရေကို ခဏခဏသောက်ပေးခြင်းဖြင့်လည်း သင်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေမှာပါ…။ ရေသောက်ပြီး ခေါင်းကိုက်တဲ့ဝေဒနာကို သက်သာအောင်လုပ်မယ်ဆိုရင်လည်း ရေထက် Sport Drink တွေက ခေါင်းကိုက်ဝေဒနာကို အလျှင်မြန်ဆုံးသက်သာစေပါတယ်…။

၂. ရေခဲ…။

     စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်တဲ့အခါမှာ လူတော်တော်များများက ရေခဲကပ်ပေးရမယ့်လို့သိထားကြပါတယ်…။ ဒါက တကယ်ကိုမှန်ကန်တဲ့နည်းလမ်းပါပဲ…။ ခေါင်းကိုက်နေတဲ့အချိန်မှာ ရေခဲကပ်ပေးခြင်းက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး စိတ်ကိုလည်းတည်ငြိမ်စေပါတယ်…။

ခေါင်းကိုက်နေတဲ့အချိန်မှာ ရေခဲကပ်ပေးတာက ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေရဲ့သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေတာကြောင့် ခေါင်းကိုက်တာကို အလျှင်အမြန်သက်သာပျောက်ကင်းစေပါတယ်…။

၃. ရေနွေး…။

     သင့်မှာ စိတ်ဖိစီးမှုတွေများနေလို့ ခေါင်းကိုက်ရတာမျိုးဆိုရင်တော့ သင့်ရဲ့ကြွက်သားတွေကိုအရင် ဖြေလျော့သင့်ပါတယ်…။ ရေနွေးအိတ်ထဲကို ရေနွေးထည့်ပြီး ဂုတ်ပေါ်မှာတင်ပေးထားတာ၊ ဒါမှမဟုတ် ရေနွေးနဲ့ရေချိုးပေးတာတွေက သင့်ကြွက်သားတွေကိုလည်း ပြေလျော့စေပြီး ခေါင်းကိုက်တာတွေကိုလည်း လျော့ကျစေပါတယ်…။

ဒီနည်းလမ်းလေးက စိတ်ဖိစီးမှုများနေတဲ့သူတွေအတွက် သင့်လျော်တဲ့နည်းလမ်းလေးလည်းဖြစ်ပါတယ်…။

၄. ရှောက်သီး…။

     ရှောက်သီးမှာပါတဲ့ အချဉ်ဓာတ်က လန်းဆန်းစေပြီး ခေါင်းကိုက်တာတွေကိုလည်း သက်သာစေတဲ့ကောင်းဆုံး အိမ်တွင်းဆေးဝါးတစ်ခုပါပဲ…။ သင်ခေါင်းကိုက်နေတာကို ရှောက်သီးနဲ့ကုသချင်တယ်ဆိုရင်တော့ ရေနွေးနွေးလေးတစ်ခွက်ထဲကို ရှောက်သီးအရည်ညှစ်ထည့်ပြီး သောက်သုံးပေးပါက သက်သာစေပြီး ဦးနှောက်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်…။

၅. ဂျင်း…။

     ဂျင်းကလည်း ရောဂါတော်တော်များများကုသတဲ့နေရာမှာ အရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်…။ ခေါင်းကိုက်တာနဲ့ ပတ်သတ်ပြီးတော့လည်း ဂျင်းကဖြေရှင်းပေးနိုင်ပါသေးတယ်…။

ရေနွေးကြမ်းထဲကို ဂျင်းထည့်ပြီး တစ်နေ့ ၃ ကြိမ်သောက်သုံးပေးပါက ခေါင်းကိုက်ဝေဒနာကို အလျှင်မြန်ဆုံးသက်သာစေပါတယ်…။

Save

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။