ညမအိပ်ဘဲရှိုးပွဲကြည့်ဖို့ တန်းစီစောင့်နေတဲ့ပရိသတ်တွေကို ပီဇာဝယ်ကျွေးခဲ့တဲ့ တေလာဆွစ်ဖ်

တေတေရဲ့ “Good Morning America” ဖျော်ဖြေပွဲကို ကြာသပတေးနေ့ (Aungust 22) က New York မှာ ကျင်းပခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို ရှေ့ဆုံးကနေ ကြည့်ရဖို့ တေတေရဲ့ပရိတ်သတ်တွေက ဗုဒ္ဓဟူးညကတည်းက New York က လမ်းမပေါ်မှာ တန်းစီစောင့်နေခဲ့ကြတာပါ။ Swifties တွေ Fifth Avenue ပလပ်ဖောင်းမှာ တန်းစီစောင့်နေကြတဲ့ဓာတ်ပုံကို မြင်ပြီး တေတေဟာ ပီဇာ ဗူး ၃၀ နဲ့ ရေတွေမှာပြီး Swifties တွေကို ကျွေးခဲ့ပါတယ်။

PHOTO: Taylor Swifts dad, Scott, handed out pizzas and posed with fans the night before her concert in Central Park on Thursday, Aug. 22, 2019.

ပွဲအတွက် လာတန်းစီနေတဲ့ Fan က အယောက် ၂၀၀ နီးပါးလောက် ရှိပါတယ်။ ပီဇာနဲ့ ရေတွေကို Fan တွေဆီပို့ပေးဖို့ တေတေဟာ သူမရဲ့ဖခင် Scott Swift နဲ့ သူမရဲ့အဖွဲ့သားတွေကို စေလွှတ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ August ၂၃ မှာထွက်ရှိခဲ့တဲ့ သူမရဲ့Lover သီချင်းခွေကိုလည်း ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ ဂစ်တာလက်ခတ်လေးတွေကို လက်ဆောင်ပေးခဲ့ပါတယ်။


လာရောက်အားပေးနေသူတွေ ခိုက်ရန်ဖြစ်ပွားတာ၊ အနှောင့်အယှက်ဖြစ်တာတွေ မရှိရအောင် New York ရဲသားတွေက စောင့်ကြပ်ပေးကြပါတယ်။ NTPD ရဲ့Twitter မှာ “Swifties တွေ ဘေးကင်းဖို့ NYPD နဲ့ သက်ဆိုင်ရာရုံးတွေ တစ်ညလုံးမအိပ်ဘဲ တာဝန်ထမ်းဆောင်နေပါတယ်” လို့ ရေးပြီး ပုံတင်ခဲ့ပါတယ်။


ABC ရဲ့ Good Morning America ဖျော်ဖြေပွဲကိုတော့ New York’s Central Park မှာ သြဂုတ်လ ၂၂ ရက်နေ့ မနက် ၈နာရီခွဲမှာ စတင်ခဲ့တာဖြစ်ပါတယ်။ လာရောက်အားပေးတဲ့ ပရိသတ်တွေကတော့ ရှေ့ကလာတဲ့သူ ရှေ့ဆုံးမှာ နေရာရတဲ့စနစ်ဖြစ်တာကြောင့် မနက် ၅နာရီခွဲကတည်းက လာဖို့ အကြံပြုထားပါတယ်။ ဒါကြောင့်လည်း Swifties တွေက ညတောင်မအိပ်ဘဲလာတန်းစီခဲ့ကြတာပါ။ အခုလို ကြိုးစားပမ်းစားအားပေးတဲ့ ပရိသတ်တွေကို အသိအမှတ်ပြုပြီး ပီဇာကျွေးတဲ့ တေတေလောက် ချစ်ဖို့ကောင်းတဲ့ အနုပညာရှင် ရှိပါအုံးမလား။


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။