သားနှစ်ယောက် မဒိန်းကျင့်လို့သေသွားတဲ့ မိန်းကလေးကို ကူမြှုပ်ပေးခဲ့တဲ့မိခင်

အိန္ဒိယနိုင်ငံမှာ ၆ နှစ်အရွယ်ကောင်မလေးဟာ ၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် ကောင်လေးနှစ်ယောက်ရဲ့ အုပ်စုဖွဲ့မဒိန်းကျင့်ခြင်းကိုခံခဲ့ရပြီး လည်ပင်းညှစ်သတ်ခံခဲ့ရပါတယ်။ ကောင်လေး၂ယောက်ရဲ့မိခင်ဖြစ်သူဟာ ဒီကိစ္စကိုသိသွားပြီးနောက် သက်ဆိုင်ရာကို အကြောင်းကြားရမယ့်အစား အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။

Image result for child rape

ဖြစ်စဉ်ကတော့ ဒီလိုပါ။ ကောင်လေး၂ယောက်ဟာ ကလေးမလေးကို ချိုချဉ်တွေကျွေးပြီး သူတို့အိမ်မှာလာကစားဖို့ သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။ ကလေးမလေးကလည်း အတူကစားဖို့ ကောင်လေးတွေရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ အဲဒီနောက်တော့ ကောင်လေး၂ယောက်ဟာ မဒိန်းကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တာပါ။

Image result for child rape

ကလေးမလေးပျောက်လို့ မိဘတွေနဲ့ ရဲတွေက လိုက်ရှာတဲ့အခါမှာတော့ ကောင်လေး ၂ယောက်ရဲ့ အိမ်နဲ့ မီတာ ၁၈၀ ပဲဝေးတဲ့ နေရာမှာ အသက်မဲ့နေတဲ့အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ ကောင်လေး၂ယောက်ကတော့ ကလေးမလေးကို မဒိန်းကျင့်ပြီးသတ်ခဲ့တာကို ဝန်ခံခဲ့ပြီး မိခင်ဖြစ်သူကတော့ အလောင်းဖျောက်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။ 

Related image

မိခင်ဖြစ်သူက ရိုးရိုးသာမန် အလုပ်သမားတစ်ယောက်ဖြစ်ပြီး သား၂ယောက်ကလည်း အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကျောင်းပြုရတာပါ။ အခုဆိုရင်တော့ မိခင်ရော သား၂ယောက်ရော သက်ငယ်မဒိန်းမှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ ထောင်ဒဏ်ချခံလိုက်ရပါပြီ။ အခုလိုမျိုး ကိုယ့်အပြစ်ကိုယ် ဝန်ခံပြီး သေသွားတဲ့ ကလေးမလေးအတွက် တရားမျှတမှုရသွားတာကိုပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်အားလုံး ဘေးကင်းပြီး မတရားခံရတဲ့ကလေးငယ်တွေလည်း အမြန်ဆုံး တရားမျှတမှုရဖို့ ဆုတောင်းလျက်…


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။