ကမ္ဘာပေါ်မှာ စစ်ဘေးအကင်းဆုံး နိုင်ငံ (၁၀) နိုင်ငံ

ကမ္ဘာပေါ်မှာ အချို့နိုင်ငံတွေဟာ စစ်ဘေးကင်းလွန်းတာကြောင့် တတိယကမ္ဘာစစ်ဖြစ်ရင်တောင် သွားပြီး ခိုလှုံသင့်တဲ့နေရာတွေလို့ တင်စားပြောဆိုကြပါတယ်။ အဲဒီထဲက အချို့နိုင်ငံတွေက နိုင်ငံရေး ကြားနေဝါဒနဲ့ နေထိုင်တဲ့ ကျွန်းနိုင်ငံတွေဖြစ်ပါတယ်။ အချို့က နှစ်စဉ် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေဖြစ်ပြီး အချို့ကတော့ လူဦးရေနည်းလွန်းတာကြောင့် စစ်မဖြစ်နိုင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒါ ဘယ်နိုင်ငံတွေလဲဆိုရင်တော့-


Switzerland


ဆွစ်ဇလန်နိုင်ငံရဲ့ နိုင်ငံရေးက ကြားနေဝါဒကို ကျင့်သုံးပါတယ်။ အခြားနိုင်ငံတွေရဲ့ ပဋိပက္ခတွေကြားကို ဝင်မပါဘူးဆိုတဲ့ သဘောပါ။ ဒါကြောင့် ဒီနိုင်ငံဟာ ပြင်ပရန်တွေကနေ လုံခြုံပြီးတော့ သူ့နိုင်ငံတွင်းမှာဆိုရင်တော့ ငြိမ်းချမ်းနေမယ်ဆိုတာ လုံးဝသေချာပါတယ်။ ဆွစ်ဇလန်နိုင်ငံရဲ့ နယ်နိမိတ်အပြင်ဘက်က နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီမှာ တတိယကမ္ဘာစစ်ဖြစ်နေရင်တောင် ဆွစ်ဇလန်နိုင်ငံဟာ ပတ်ပတ်လည်မှာ တောင်တွေနဲ့ကာယံထားတာ ဖြစ်တဲ့အတွက် တော်ရုံတန်ရုံ အစွန်အဖျားတောင် စစ်ဘေးမသင့်နိုင်ပါဘူး။


Tuvalu

Image result for tuvalu

တူဗားလူးဆိုတာ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်မှာရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ။ ပစိဖိတ်သမုဒ္ဒရာကိုမှ တော်တော်လေး အစွန်အဖျားကျတဲ့ နေရာမှာ ရှိတဲ့အတွက်ကြောင့် သူ့ဘာသူ သီးသန့်လိုဖြစ်နေတာပါ။ အဲတော့ သူကလည်း သူ့ဘာသူရပ်တည်ပြီး ဘယ်နိုင်ငံဘက်မှ မပါဘူး။ နောက်ပြီး နိုင်ငံက လူဦးရေနည်းပြီး သယံဇာတလည်း ဘာမှမရှိတာကြောင့် ဘယ်သူကမှ လိုချင်တပ်မက်ပြီး စစ်လာတိုက်မှာ မဟုတ်ပါဘူး။


New Zealand

Image result for new zealand

နယူးဇီလန်ဟာ ချောင်ကျပေမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ နယူးဇီလန်ကလည်း ကြားနေဝါဒနိုင်ငံပါပဲ။ နိုင်ငံရဲ့ ရေမြေအနေအထားကလည်း တောင်တန်းတွေနဲ့ ပြည့်နေတာကြောင့် ပြင်ပ စစ်ဘေး တော်ရုံမသင့်နိုင်ပါဘူး။ ပြည်ပမှာ စစ်ဖြစ်နေလည်း နိုင်ငံတွင်းမှာက အစားအသောက် ပေါများခြင်း၊ ရေသန့်ခြင်း၊ မြေသြဇာကောင်းမွန်ခြင်းတွေကြောင့် ရေတိုအနေနဲ့တော့ ရိက္ခာဖူလုံပါတယ်။ နယူးဇီလန်ဟာ ၂၀၁၈ တုန်းက ကမ္ဘာလုံးဆိုင်ရာ အငြိမ်းချမ်းဆုံး စာရင်းမှာ ဒုတိယနေရာရခဲ့တာပါ။


Bhutan

Image result for bhutan

ဘူတန်နိုင်ငံဟာ UN နဲ့ပေါင်းစည်းလိုက်ပြီးကတည်းက ဘယ်နိုင်ငံရေးထဲမှ ဝင်မပါတော့ပါဘူး။ US နဲ့လည်း သံတမန်ရေးရာ ပတ်သက်မှု မရှိတဲ့အတွက် ဘူတန်နိုင်ငံကို ဘယ်နိုင်ငံရေးထဲမှ ဆွဲသွင်းလို့ မရပါဘူး။ ဘူတန်ကလည်း တောင်ပတ်လည် ဝန်းယံထားတဲ့ ချိုင့်ဝှမ်းထဲမှာတည်ရှိတာကြောင့် စစ်ဖြစ်ခဲ့ရင်တောင် စစ်ဘေးမသင့်နိုင်ပါဘူး။


Chile

Image result for chile

ချီလီနိုင်ငံဟာ တောင်အမေရိကရဲ့ အချမ်းသာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံဖြစ်ပြီး အခြားသော လက်တင်အမေရိကန်နိုင်ငံတွေထက် လူနေမှုအဆင့်အတန်း ပိုမြင့်တဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဘက် နယ်နိမိတ်မှာ အန်းဒီးစ်တောင်တန်းတွေက မားမားမတ်မတ် ကာကွယ်ပေးထားတာကြောင့် ချီလီဟာလည်း စစ်ဘေးကင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားကြပါတယ်။


Iceland

Image result for iceland

အိုက်စ်လန်းဟာ ၂၀၀၈ ခုနှစ်ကတည်းကနေ ယနေ့တိုင် Global Peace Index မှာ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာပါ။ ပြောရမယ်ဆိုရင် တော်တော်လေး ဝေးလံတဲ့နေရာမှ ရှိတာကြောင့် ဘယ်နိုင်ငံရေးမှလည်း ပတ်သက်မှုမရှိပါဘူး။ ပါဝင်ပတ်သက်ခဲ့တယ်ဆိုရင်တောင် အိုက်စ်လန်းမှာ ရှိတဲ့တောင်တန်းတွေကြား ပုန်းခိုနေလို့ရပါတယ်။


Greenland

Image result for greenland

အိုက်စ်လန်းလိုပဲ ဂရင်းလန်းကလည်း ဝေးလံခေါင်ခိုက်တဲ့ နေရာမှာ ရှိတာပါပဲ။ တောင်တန်းတွေပေါများပြီး နိုင်ငံရေးလည်း မလုပ်ပါဘူး။ ဒါကြောင့် ဂရင်းလန်းကလည်း စစ်ဘေးရှောင်တဲ့အခါ လုံခြုံတဲ့ နေရာတစ်နေရာပါပဲ။


Malta

Image result for malta

မော်လ်တာနိုင်ငံဟာ မြေထဲပင်လယ်ဒေသအနီးတဝိုက်မှာရှိတဲ့ ကျွန်းနိုင်ငံသေးသေးလေးတစ်ခုပါ။ သေးခံပေမယ့် ခံတပ်ကောင်းတဲ့ နိုင်ငံလို့ပြောရပါမယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ မော်လ်တာကျွန်းလေးကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြပေမယ့် သိမ်းပိုက်လို့မရခဲ့လို့ပါ။ တတိယကမ္ဘာစစ် ဖြစ်ခဲ့ရင်တောင် မော်လ်တာရဲ့မြေနေရာသေးသေးလေးအတွက်လည်း ဘယ်သူကမှ နျူကလီးယားလက်နက်တွေ အကုန်ခံပြီး တိုက်ခိုက်နေမှာ မဟုတ်ပါဘူး။


Ireland

Image result for ireland

အိုင်ရလန်ဟာ တတိယကမ္ဘာစစ်မှာ ဘယ်တော့မှ ပါဝင်လာမှာမဟုတ်ပါဘူး။ ၁၉၃၀ ခုနှစ်ကတည်းက အိုင်ရလန်ဟာ နိုင်ငံတကာနဲ့ စစ်ပြေငြိမ်းထားပြီး NATO နဲ့ မပေါင်းထားပါဘူး။ အိုင်းရစ်ရှ် ဥပေဒေအရ အခြားပြည်ပ စစ်ပွဲတွေထဲ အိုင်ရလန်ပါဝင်ချင်တယ်ဆိုရင်တောင် UN၊ အိုင်ရလန်အစိုးရ၊ အိုင်ရလန် ဥပေဒပြု လွှတ်တော်တွေဆီက ခွင့်ပြုချက်ရမှ ပါဝင်လို့ရမှာပါ။ ဒါကြောင့် တတိယကမ္ဘာစစ်ထဲကို ပါဝင်ဖို့ဆိုတာ တော်တော်ခက်ခဲမှာပါ။


Fiji

Related image

ဖိဂျိနိုင်ငံဟာ ကျယ်ပြောလှတဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ သီးခြားရပ်တည်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် ကျူးကျော်ဝင်ရောက်ချင်သူတွေ အလွယ်တကူ မရောက်နိုင်ပါဘူး။ ကျွန်းနိုင်ငံအသေးလေးဖြစ်တဲ့အလျောက် လူဦးရေကလည်း နည်းပါတယ်။ ပြည်ပနိုင်ငံရေးတွေထဲလည်း ဝင်မပါပါဘူး။ ပြည်ပကနေ ဝင်စွက်ဖက်လောက်စရာ ပြည်တွင်းနိုင်ငံရေးလည်း ဖိဂျိမှာ မရှိပါဘူး။


By Paulina