အသက်(၁)နှစ်အောက် ကလေးများ အအေးများ၊အသီးဖျော်ရည်များ မတိုက်သင့်ဟု ကလေးအထူးကုဆရာဝန်များဆို

ကလေးတွေက အစာစားတဲ့နေရာမှာ အရမ်းကြေးများကြလို့ မိဘတွေမှာ အဲ့ဒီပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
အစားအစာတွင်သာမက သူတို့သောက်တဲ့ အရာတွေကိုပါ ကြေးများတတ်ကြပါတယ်။
အခုကာလမှာ စတိုးဆိုင်တွေမှာလည်း အမျိုးစုံ၊ အရာသာစုံတဲ့ အအေးဘူးတွေ၊ အအေးပုလင်းတွေကို ပုံစံမျိုးစုံနဲ့လည်း အလွယ်တကူဝယ်ယူလို့ ရနေပါတယ်။

ဒါကြောင့်မို့လို့ အမေရိကန် ကလေးအထူးကုဆရာဝန်များအဖွဲ့အစည်းက ကလေးငယ်များ၏ အအေးသာက်သုံးနိုင်မှုကို ပြန်လည်စိစစ်လေ့လာခဲ့ပြီး၊ အသက်(၁)နှစ်အောက် ကလေးတွေဟာ အအေးသောက်သုံးမှုမပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ (၁)နှစ်အထက် ကလေးငယ်များကတော့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တိုက်ပေးသလို့ ရနိုင်ကြောင်းဆိုပါတယ်။

 အသီးဖျော်ရည်တွေ၊ (အအေးဘူးတွေ) ကို ကလေးတွေကို တိုက်ကျွေးရင် ကလေးက ငြင်းဆန်လေ့သိပ်မရှိဘဲ အလွယ်တကူ သောက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ချိုတဲ့အရသာပါနေလို့ဖြစ်ပါတယ်။ထို့ပြင် အရသာကောင်းအောင်ပါ ထည့်ထားတတ်ကြပါတယ်။ ဈေးကွက်ထဲမှာရောင်းချနေတဲ့ အအေးဖျော်ရည်တွေ တော်တော်များများက သကြားတွေထပ်ထည့်ထားတာတွေ များပါတယ်။

ဒါကြောင့်မို့လို့ ကလေးကျန်းမာရေးကို စောင့်ကြည့်နေတဲ့ ဆရာဝန်တွေက ဒီအချိုဓာတ်တွေကို လွန်ကဲစွာ သောက်သုံးမှုတွေကြောင့် ရှေရည်မှာ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုလာပါတယ်။  သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေမယ်၊ အဝလွန်မယ်၊ ဆီးချိုရောဂါတွေပါ ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။ 

၂၀၀၁ က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေရယ် ကလေးကျန်းမာရေး စစ်တမ်းတွေအရကတော့ -
အအေးတွေ မတိုက်သင့်ဘူးဆိုပေမယ့်  သဘာဝကရတဲ့ ဖျော်ရည်တွေတော့ သောက်လို့ရပါတယ်
လို့ ဆိုပါတယ်။  ဆိုလိုတာက ပန်းသီးဝယ်တယ် ကိုယ့်အိမ်မှာ ကိုယ်ဖျော်ပေးတာတို့၊ သင်္ဘောသီးဖျော်ရည် အိမ်မှာလုပ်ပြီး ဖျော်တိုက်တာမျိုးဆိုရင်ရပါတယ်။ ဒါပေမယ့် သကြားတော့လျော့ထည့်သင့်ပါတယ်။ ကလေးတွေကို အချို အလွန်အကျူးကြိုက်သွားတာမျိုး မဖြစ်အောင် ငယ်စဉ်ထဲက အစားအသောက်ကို ဂရုတစိုက်နဲ့လေ့ကျင့်ပေးပြီး ကျွေးမွေးသင့်ပါတယ်။


ဒါပေမယ့် ယခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေအရတော့ -
အသက် (၁) နှစ်အောက်ကလေးတွေကို အအေးများတင်မက အသီးဖျော်ရည်များပါ မတိုက်သင့်ဘူးလို့ဆိုလာပါတယ်။
အသက်(၆) လနဲ့ (၆)လအောက်အရွယ်တွေက မိခင်နို့ (သို့) နို့မှုန့်ကိုသာ တိုက်သင့်ကြောင်းဆိုပါတယ်။
(၁) နှစ်ကနေ (၃) နှစ်အရွယ်အထိ ကလေးတွေကိုတော့ တစ်နေ့ကို ၄ အောင်စအများဆုံးသာ တိုက်သင့်ကြောင်းနဲ့၊ (၄) နှစ်ကနေ (၆) နှစ်အရွယ်ကလေးကိုတော့ တစ်နေ့ကို ၆ အောင်စအထိသာ အများဆုံးတိုက်သင့်ကြောင်းဆိုပါတယ်။
အသက် (၆) နှစ်ကနေ ( ၁၂) နှစ်အရွယ်ထိကိုတော့ ၈အောင်စထက် ပိုပြီးမတိုက်သင့်ကြောင်းဆိုပါတယ်။

သုတေသီများရဲ့အဆိုအရ -
ကလေးကို အအေးဘူးတွေ ၊ အဆင်သင့်တိုက်လို့ရတဲ့အအေးပုလင်းတွေကို တိုက်မယ့်အစား သဘာဝအသီးတွေကိုသာ ကျွေးသင့်ကြောင်းနဲ့၊ သဘာဝအသီးများမှာသာ အာဟာရဓာတ်ပိုမို ပါဝင်ကြောင်းဆိုပါတယ်။ အအေးဘူးတွေမှာ အာဟာရဓာတ်များ ဘာမှ မပါဝင်လှဘဲ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကသာ များတဲ့အတွက် လုံးဝမတိုက်သင့်ကြောင်းဆိုပါတယ်။

ဒါကြောင့်မို့ သ့င်ရင်သွေး သားသား မီးမီးလေးတွေကို အအေးတိုက်နေမှုကို သတိထားဆင်ခြင်ပြီး တိုက်သင့်ပါကြောင်း.....။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။