
၂၀၁၉ VMA မှာ ဆုရရှိခဲ့တဲ့ အဆိုပညာရှင်နှင့် ရိုက်ကူးရေးပညာရှင်များ
VMA (Video Music Award) ဆိုတာ တစ်နှစ်တာမှာ အကောင်းဆုံး သီချင်း ဗွီဒီယိုဆုပေးပွဲကြီးဆိုတာတော့ အားလုံး သိကြမယ်ထင်ပါတယ်။ VMA ကလည်း အနောက်တိုင်းဂီတဆုပေးပွဲထဲမှာ အရေးပါအရာရောက်တဲ့ ဆုပေးပွဲကြီးတစ်ခုပါပဲ။ ဒီနှစ်နဲ့ဆို VMA ပွဲ ကျင်းပတာ ၃၆ ကြိမ်မြောက် ရှိပါပြီ။ ယခုနှစ် ၂၀၁၉ ရဲ့VMA ပွဲကိုတော့ သြဂုတ်လ ၂၆ ရက်နေ့က New Jersey၊ Newark မြို့၊ Prudential Center မှာ ကျင်းပခဲ့တာပါ။ ဒီနှစ်မှာ ဘယ်သူတွေ ဆုရရှိခဲ့လဲဆိုရင်တော့ -
Artist of the year: Ariana Grande
တစ်နှစ်တာအကောင်းဆုံး အဆိုရှင်ဆုကိုတော့ Ariana က ရရှိခဲ့ပါတယ်။ ပွဲကိုတော့ သူမ မတက်ရောက်ခဲ့ပါဘူး။ အခုပြထားတဲ့ပုံကတော့ ပုံအဟောင်းပါ။
Song of the year: Lil Nas X ft. Billy Ray Cyrus
တစ်နှစ်တာအကောင်းဆုံး သီချင်းဆုကိုတော့ Old Town Road (Remix) သီချင်းနဲ့ ရရှိခဲ့ပါတယ်။
Best new artist: Billie Eilish
တစ်နှစ်တာ အကောင်းဆုံး အဆိုရှင်သစ်ဆုကိုတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ Billie Eilish က ရရှိခဲ့ပါတယ်။
Video of the year: Taylor Swift
တစ်နှစ်တာအကောင်းဆုံး ဗီဒီယိုဆုကိုတော့ You Need to Calm Down သီချင်းနဲ့ တေတေမှ ရရှိခဲ့ပါတယ်။
Best Collaboration: Shawn Mendes & Camila Cabello
အကောင်းဆုံး စုံတွဲသီချင်းဆုကိုတော့ Senorita သီချင်းနဲ့ ရှောန်ရှောန်နဲ့ ကမီလာတို့အတွဲမှ ရရှိသွားပါတယ်။
Best power anthem: Megan Thee Stallion ft. Nicki Minaj & Ty Dolla $ign
Beat power anthem ဆုကိုတော့ Hot Girl Summer သီချင်းနဲ့ ရရှိခဲ့ပါတယ်။
Song of summer: Boyfriend
နွေရာသီရဲ့ အကောင်းဆုံး သီချင်းဆုကိုတော့ Ariana Grande နဲ့ Social House သီဆိုထားတဲ့ Boyfriend သီချင်းက ရရှိခဲ့ပါတယ်။
Best Group: BTS
အကောင်းဆုံး အဆိုတော်အဖွဲ့ဆုကိုတော့ BTS မှ ရရှိခဲ့ပါတယ်။
Push artist of the year: Billie Eilish
Best Hip Hop: Cardi B
မတ်မတ် ကာဒီကတော့ Money သီချင်းနဲ့ အကောင်းဆုံး ဟစ်ဟော့အဆိုရှင်ဆုကို ရရှိသွားပါတယ်။
Best Pop: Jonas Brothers
ဂျိုးနက် ညီအစ်ကို သုံးယောက်ကတော့ Sucker သီချင်းနဲ့ အကောင်းဆုံး ပေါ့သီချင်းဆုကို ရရှိသွားပါတယ်။
Best Dance: The Chainsmokers ft. Bebe Rexha
အကောင်းဆုံး အကသီချင်းဆုကတော့ Call You Mine သီချင်းနဲ့ ရရှိသွားပါတယ်။
Best K-pop: BTS ft. Halsey
အကောင်းဆုံး K-pop သီချင်းဆုကိုတော့ BTS နဲ့ ဟယ်လ်ဆေးသီဆိုထားတဲ့ Boy With Luv သီချင်းက ရရှိခဲ့ပါတယ်။
Best Latin: ROSALIA & J Balvin ft. El Guincho
အကောင်းဆုံး လက်တင်သီချင်းဆုကိုတော့ Con Altura သီချင်းနဲ့ ရရှိသွားပါတယ်။
Best R&B: Normani ft. 6lack
အကောင်းဆုံး R&B သီချင်းဆုကတော့ Waves သီချင်းနဲ့ရရှိသွားပါတယ်။
Best Rock: Panic! At The Disco
အကောင်းဆုံး ရော့ခ်သီချင်းဆုကိုတော့ High Hopes သီချင်းနဲ့ Panic! At The Disco အဖွဲ့မှ ရရှိသွားပါတယ်။
Video for good: Taylor Swift
တေတေနဲ့ You Need to Calm Down သီချင်းကတော့ Video for good ဆုကိုလည်း ရရှိသွားပါတယ်။
Best Direction: Calmatic
အကောင်းဆုံး MTV ဒါရိုက်တာဆုကိုတော့ Old Town Road (Rimix) သီချင်း ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Calmatic မှ ရရှိသွားပါတယ်။
Best visual effects: Loris Paillier & Lucas Salton
အကောင်းဆုံး Visual effects (BUF VFX) ဆုကိုတော့ တေတေရဲ့ ME သီချင်းဗီဒီယိုနဲ့ Loris Paillier & Lucas Salton မှ ရရှိသွားပါတယ်။
Best editing: Billie Eilish
အကောင်းဆုံး editing ဆုကိုတော့ Billie Eilish က ရရှိသွားပါတယ်။ သူမရဲ့ Bad Guy သီချင်းကို သူမကိုယ်တိုင် editing လုပ်ခဲ့တာပါ။
Best Art Direction: John Richoux
Ariana Grande ရဲ့ 7 Rings သီချင်းကို Art Direction လုပ်ခဲ့တဲ့ John Richoux ကတော့ အကောင်းဆုံး Art Direction ဆုကို ရရှိသွားပါတယ်။
Best choreography: Charm La’Donna
အကောင်းဆုံး ကကွက်ဖန်တီးရှင်ဆုကိုတော့ ROSALIA & J Balvin ရဲ့ Con Altura သီချင်းနဲ့ Charm La’Donna မှ ရရှိသွားပါတယ်။
Best cinematography: Scott Cunningham
အကောင်းဆုံး Cinematography ဆုကိုတော့ Senorita သီချင်းကို ရိုက်ကူးသူ Scott Cunningham က ရရှိခဲ့ပါတယ်။
Ref; https://en.wikipedia.org/wiki/2019_MTV_Video_Music_Awards
By Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။