အလကားပို့ပေးရင်တောင် ဘယ်သူမှ မသွားချင်တဲ့ ကြောက်စရာ ကျွန်း (၆) ကျွန်း

ကမ်းခြေတွေ၊ ကျွန်းတွေဆိုတာ လူတိုင်း အပမ်းဖြေဖို့ သွားလေ့ရှိကြတဲ့ နေရာတွေပါ။ ကျွန်းလေးတွေ၊ ကမ်းခြေတွေလို့ ပြောလိုက်တာနဲ့ မသွားချင်တဲ့သူ မရှိသလောက်ပါပဲ။ အရမ်းသာယာလှပပြီး စိတ်အပမ်းပြေစေတာကြောင့်ပါ။ ဒါပေမဲ့လည်း လူတွေမနေချင်လောက်အောင်၊ အလည်အပတ်မသွားချင်လောက်အောင် ကြောက်ဖို့ကောင်းတဲ့ ကျွန်းတွေလည်း ရှိပါသေးတယ်။ သင်ဆိုရင်ရော ဒီလိုကျွန်းတွေကို အလည်အပတ်သွားချင်ပါ့မလားဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်နော်။


1) Isla De Las Munecas (Island of the Dolls), Mexico

Image result for isla de las munecas

Image result for isla de las munecas

“အရုပ်များရဲ့ကျွန်း”ဆိုတဲ့အတိုင်း ကျွန်းမှာ အရုပ်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ တစ်ခါတုန်းက ဒီကျွန်းမှာ Julian Santana Barrera ဆိုတဲ့ အမျိုးသားတစ်ယောက် နေထိုင်ခဲ့တာပါ။ သူ့မှာ မိန်းမနဲ့ကလေး ရှိပေမယ့် ထားခဲ့ပြီး ဒီကျွန်းမှာလာနေခဲ့ပါတယ်။ နောက်တော့ ဒီကျွန်းမှာ ရေနစ်သေသွားတဲ့ ကလေးမလေးတစ်ယောက်အတွက် ကျွန်းကို အရုပ်တွေနဲ့ Julian ဟာ အလှဆင်ခဲ့ပါတယ်။ တချို့ကတော့ ဒီကျွန်းမှာရေနစ်သွားတဲ့ ကလေးမလေး တကယ်ရှိတယ်လို့ပြောကြပြီး၊ တချို့ကတော့ Julian က သက်သက်စိတ်ကူးပြီး လျှောက်ပြောတယ်လို့ ထင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Julian  ကတော့ ကလေးမလေးရဲ့ ဝိညာဉ်အတွက်ရည်ရွယ်ပြီး အရုပ်တွေ၊ အရုပ်ရဲ့အပိုင်းအစတွေနဲ့ တစ်ကျွန်းလုံးကို အလှဆင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူလည်း ဒီကျွန်းမှာပဲ ရေနစ်ပြီး သေသွားခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ရှိတာကြောင့် လူတော်တော်များများက ဒီကျွန်းကို သွားမလည်ကြတာပါ။


2) Snake Island, Brazil


မြွေကျွန်းမှာ မြွေမျိုးစိပ်ပေါင်း ထောင်သောင်းမက နေထိုင်ပါတယ်။ မြွေတွေ ဒီကျွန်းမှာ သောင်တင်နေရတဲ့ အကြောင်းအရင်းကတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ဒီကျွန်းနဲ့မြေပြင်ဆက်ထားတဲ့ လမ်းမြုပ်သွားလို့ပါ။ မြွေတွေကို အရမ်းချစ်လို့ သွားနေချင်ပါတယ်ဆိုရင်တောင် သွားနေခွင့် မရှိပါဘူး။ မြွေတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေကိုသာ သွားခွင့်ပြုတဲ့ ကျွန်းဖြစ်ပါတယ်။


3) Getters Island, Pennsylvania

Image result for Getters Island, Pennsylvania

ကျွန်းတစ်ကျွန်းလောက် ပိုင်ဆိုင်ချင်တယ် ဆိုပြီး စိတ်ကူးယဉ်နေတဲ့သူများရှိလား။ ဒါဆိုရင်တော့ Getters ကျွန်းကို ဝယ်ချင်ဝယ်လို့ရပါတယ်။ ဒေါ်လာ တစ်သိန်းခွဲနဲ့ ရောင်းချနေတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်းတွေထဲမှာဆို ဒါက ဈေးသက်သာတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီလောက်ဈေးသက်သာတောင် ကျွန်းက ရောင်းမထွက်ပါဘူး။ ဘာလို့လဲ? Getter’s Island ဆိုတဲ့နာမည်ဟာ Charles Getter ဆိုတဲ့ အမျိုးသားကို အစွဲပြုပြီး ပေးထားတာပါ။ Charles Getter ဟာ သူ့ရဲ့မိန်းမနဲ့အတူ အခြားလူထောင်ပေါင်းများစွာကို ဒီကျွန်းမှာ ခေါ်လာပြီး သတ်ခဲ့တာပါ။ အစိမ်းသေများစွာရှိနေတဲ့ ဒီကျွန်းကို ဘယ်သူကရော ဝယ်ချင်ပါ့မလဲ။


4) Isola La Gaiola, Italy

Image result for Isola La Gaiola, Italy

Gaiola island လို့အမည်ရတဲ့ ဒီကျွန်းဟာ ကျိန်စာသင့်ထားတယ်လို့ နာမည်ကြီးပါတယ်။ ၂၀ ရာစုနှစ် မတိုင်ခင်တည်းက ဒီကျွန်းဟာ ကျိန်စာသင့်နေပြီး ဒီကျွန်းမှာ နေထိုင်တဲ့သူကို ဒုက္ခရောက်စေတယ်လို့ လူသိများပါတယ်။ ၁၉၂၀ ခုနှစ်တုန်းက ဒီကျွန်းရဲ့ပိုင်ရှင်ဟာ ခြေသုတ်ခုံနဲ့ ပတ်မိပြီး ထူးဆန်းစွာ သေဆုံးနေခဲ့ပါတယ်။ အဲဒီကနေစပြီး နောက်ထပ်ပိုင်ရှင်တွေလည်း ကံဆိုးမှုအမျိုးမျိုးနဲ့ ကြုံခဲ့ရပါတယ်။ 


5) Palmyra Atoll

Image result for Palmyra Atoll


Palmyra Atoll ဆိုတာ ဟာဝိုင်ယီကျွန်းတွေနားမှာ ရှိတဲ့ ကျွန်းတစ်ကျွန်းပါ။ ဒီကျွန်းဟာ အရမ်းကိုလှပတဲ့ အပူပိုင်းကျွန်းပါ။ ဒါပေမဲ့ ဒီကျွန်းမှာသွားနေပါဆိုရင်တောင် ဘယ်သူမှ မနေချင်ကြပါဘူး။ လူတွေ ပြောကြတာတော့ ဒီကျွန်းမှာ သင်္ဘောနစ်မြုပ်ပြီးနောက် သင်္ဘောသားတွေဟာ သရဲဖြစ်ပြီး ခြောက်လှန့်တယ်လို့ ဆိုပါတယ်။ 


6) Poveglia, Italy

Related image

အီတလီမှာရှိတဲ့ Poveglia ကျွန်းမှာ နေထိုင်နေတဲ့သူမရှိသလို သွားရောက်လည်ပတ်ခြင်းတွေကိုလည်း ပိတ်ပင်ထားပါတယ်။ ကျွန်းက ရောင်းပြီးသားဖြစ်သလို၊ အဆောက်အအုံတွေလည်း ဆောက်ပြီးသားပါ။ ဒါပေမဲ့ ကျွန်းကို လုံးဝပိတ်ချပစ်ဖို့ အဆိုပြုထားတာကြောင့် နေထိုင်တဲ့သူမရှိတဲ့ စွန့်ပစ်ကျွန်းလို ဖြစ်နေပါပြီ။ Poveglia ကျွန်းဟာ တစ်ချိန်က ပလိပ်ရောဂါသည်တွေကို ထားတဲ့နေရာဖြစ်ခဲ့သလို၊ စိတ်ရောဂါကုဆေးရုံလည်း ဖြစ်ခဲ့ပါတယ်။ ဒီလို မကောင်းတဲ့ နောက်ကြောင်းတွေရှိခဲ့တာကြောင့် ဒီကျွန်းမှာ ဘယ်သူမှ မနေချင်ကြတာတော့ မဆန်းပါဘူး။ 


Ref; en.wikipedia.org

By Paulina