ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံ့ဖွယ်အစွမ်းနဲ့ ၃မျိုးစပ် ဖျော်ရည်

သုံးရမဲ့အသီး ၃မျိုးက ခက်ခက်ခဲခဲ ရှားရှားပါးပါးတော့မဟုတ်ပါဘူး။ အာလူး၊မုန်လာဥနီ နဲ့ ပန်းသီးပဲ ဖြစ်ပါတယ်။

အာလူး မုန်လာဥနီနဲ့ ပန်းသီးတို့ကို ရောစပ်ရာမှာ % အတိအကျရယ်လို့မသတ်မှတ်ထားပဲ မိမိတို့အဆင်ပြေတဲံ အချိုးအဆအတိုင်း ဖျော်စပ်လို့ ရပါတယ်။ ပြုလုပ်ပုံကတော့ သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိူင်ပါပြီ။ (သံပုရာသီး၊ရှောက်သီး၊သံပရိုသီး)တို့ကိုလည်းလိုအပ်ရင်ထည့်သောက်နိူင်ပါသေးတယ်။


ဒီဖျော်ရည်ရဲ့အစွမ်းထက်ပုံတွေကတော့

- ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။

- အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊

ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။

- ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိူင်ပါတယ်။

- အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း

ကာကွယ်ပေးပါတယ်။

- ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

- မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊

မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။

- အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။


- အစာကိုကြေညက်စေနိူင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။

- အမျိုးသမီးများ မီးယပ်သွေးပေါ်ချိန်

တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။

- ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

- ဉာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။

- ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိူင်ပါတယ်။

ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို ကယ်လိုရီပါဝင်မှုကလည်း အနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။


အထက်မှာပြောခဲ့သလို ရောဂါတော်တော်များကိုသက်သာအောင် အထူးအစွမ်းထက်သော ဖျော်ရည်ဖြစ်ပါတယ်။

သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်

နှင့် ညနေ၅နာရီခန့်တွင် ၁ ကြိမ် သောက်သုံးနိူင်ပါတယ်။

၂ပါတ်အတွင်းခုခံအားစနစ် ထူးထူးခြားခြားတိုးတက်လာစေပါလိမ့်မယ်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။