ကမ္ဘာ့ဖက်ရှင်လောကကို တဖြည်းဖြည်းထိုးဖောက်လာတဲ့ မြန်မာနိုင်ငံသူလေး Model Beauty

Model နဲ့ Fashion လောကမှာ မသိသူမရှိသလောက်ရှားတဲ့ အသက် ၂၃ နှစ်အရွယ် မော်ဒယ်မလေး Beauty Thet Thet Thin ကတော့ နိုင်ငံတကာကို ခြေလှမ်းတွေ တစ်လှမ်းပြီးတစ်လှမ်း ထိုးဖောက်လို့နေပါပြီ။ မသိသေးတဲ့သူတွေ သိသွားအောင်လို့ နည်းနည်းလောက် ထပ်မိတ်ဆက်ပေးမယ်နော်။ သူမကတော့ Asian Next Top Model မှာ ပြိုင်ပွဲဝင်ပြီး မြန်မာဂုဏ်ဆောင်နိုင်ခဲ့တဲ့ မော်ဒယ်မလေး ဖြစ်ပါတယ်။ Asian Next Top Model ကို မြန်မာနိုင်ငံမှာ မော်ဒယ်မေမြတ်နိုးပြီးရင် Beauty တစ်ယောက်တည်းသာ မြန်မာကိုယ်စားပြုအဖြစ် ဝင်ပြိုင်ခွင့်ရခဲ့တာပါ။

Image result for beauty thet thet thin


Beauty ဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး မြန်မာနိုင်ငံသားစစ်စစ်ပါ။ ရန်ကုန်တက္ကသိုလ်မှာ E-Major နဲ့ဘွဲ့ရပြီးနောက် ထိုင်းနိုင်ငံကိုသွားပြီး မော်ဒယ်ဘဝကို လျှောက်လှမ်းဖို့ သွားရောက်ခဲ့တာပါ။ Beauty ဟာ မော်ဒယ်အလုပ်နဲ့ သူမရဲ့မိသားစုကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။ အရင်ကတော့ သူမရဲ့ အရပ်နဲ့ နှုတ်ခမ်းပုံစံကြောင့် ကိုယ့်ကိုယ် အားငယ်ခဲ့ပါတယ်။ အခုတော့ သူမရဲ့ အားနည်းချက်တွေကြောင့်ပဲ အာရှတစ်လွှားက မော်ဒယ်တွေကြားမှာ ရေပန်းစားလာခဲ့တာပါ။ သူမရဲ့နှုတ်ခမ်းကြောင့် Sephora နှုတ်ခမ်းနီရဲ့ မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ကြောင်း သူမပြောခဲ့ဖူးပါတယ်။

Image result for beauty thet thet thin


နောက်ပိုင်းမှာတော့ Thailand Vogue မှာဖော်ပြခံခဲ့ရပါတယ်။ ကမ္ဘာကျော် Estee Lauder Cosmetic Brand ရဲ့ မော်ဒယ်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် London Fashion Week မှာလည်း ပါဝင်ခွင့်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာကျော် Hunger Magazine ရဲ့Issue 16 Cover Model အဖြစ် ပါဝင်လာခဲ့ပါတယ်။ အခုလည်း စပိန် Brand တစ်ခုဖြစ်တဲ့ Camper Sport Shoe ရဲ့ Campaign မှာ ပါဝင်လာခဲ့ပြန်ပါပြီ။ Camper ဆိုတာလည်း Sport Shoe တွေထဲမှာတော့ ကမ္ဘာကျော် Brand တစ်ခုလို့ ပြောလို့ရပါတယ်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ရှုးဖိနပ်များ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ရှုးဖိနပ်များ

Capmer ရဲ့ Campaign ပုံတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့တာပါ။ Beauty ကတော့ အာရှကနေ အနောက်တိုင်း မော်ဒယ်လောကထိ တဖြည်းဖြည်း ထိုးဖောက်လာပါပြီ။ Beautyကို ချစ်တဲ့ ပရိသတ်တွေကတော့ သူမကို Victoria Secret ရဲ့မော်ဒယ်တစ်ယောက် ဖြစ်လာဖို့အထိ မှန်းထားကြတာပါ။ Beauty ဟာ မြန်မာနိုင်ငံသားဖြစ်ရတာကို အမြဲဂုဏ်ယူပြီး သူ့ကိုယ်သူ Made in Myanmar ဆိုပြီး ပြောတတ်သူပါ။ မြန်မာနိုင်ငံကို ဂုဏ်ဆောင်တဲ့ Beauty ဒီထက်မက အောင်မြင်ပါစေလို့ We Media  မှ ဆုတောင်းပေးလိုက်ပါတယ်။


Photo Credit; https://www.facebook.com/Camper/ , Beauty Thet Thin IG

By Paulina