ကျွန်းမှာလာပြီး အခြေချနေထိုင်တဲ့သူတွေကို ဒေါ်လာ၅၀၀ကျော် ထောက်ပံ့ကြေးပေးနေတဲ့ ဂရိကျွန်း

မြို့ပြရဲ့မွန်းကြပ်မှုတွေကနေ ရုန်းထွက်ချင်နေလား၊ ပျားပန်းခတ်သွားလာနေတဲ့ လူနေမှုတွေကြောင့် စိတ်ဖိစီးမှု များနေပြီလား။ အေးချမ်းပြီး လတ်ဆတ်တဲ့လေတွေကို အပြည့်အဝရှူရှိုက်နိုင်မယ့် နေရာလေးတစ်ခုမှာ အခြေချချင်နေပြီလား။ သင့်ရဲ့ဆန္ဒတွေဖြစ်လာဖို့ ဂရိကျွန်းက အခွင့်အရေးပေးနေပါပြီနော်။ ကျွန်းမှာလာနေထိုင်တဲ့သူတွေကို နေစရာထိုင်စရာ၊ စားသောက်စရာအပြင် ထောက်ပံ့ကြေးတွေပါ ပေးနေပါတယ်။ နောက်နေတာမဟုတ်ပါဘူး။ တကယ်ပါ။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်နော်။

An Island in Greece Is Eager to Pay You to Move There

ကျွန်းလေးရဲ့နာမည်ကတော့ Antikythera ဖြစ်ပြီး ဂရိနိုင်ငံမှာ ရှိပါတယ်။ ကျွန်းက ၇.၈၉ စတုရန်းမိုင် ကျယ်ဝန်းပြီး ကျွန်းတစ်ခုလုံးမှာ Potamos လို့ခေါ်တဲ့ မြို့လေးတစ်ခုပဲ ရှိပါတယ်။ လောလောဆည် ကျွန်းပေါ်မှာ အတည်တကျနေထိုင်သူ ၂၄ ယောက်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီကျွန်းလေးကို ပြန်လည် အသက်သွင်းဖို့အတွက် Kythera and Monemvasia ရဲ့ဘုန်းတော်ကြီးနဲ့ Antikythera ကျွန်းရဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခဲ့တာပါ။ ဒီသတင်းကိုတော့ ၂၁ရက် ဒီဇင်ဘာ ၂၀၁၈ တုန်းက www.AntiKythiraDirect.com မှာ တရားဝင်ကြေငြာခဲ့တာပါ။ 

Image result for antikythera island

ဒီကျွန်းလေးမှာ လူဦးရေနည်းနေရတဲ့အကြောင်းအရင်းကတော့ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှု၊ အရွယ်ရောက်ပြီးသူများ ပိုမို ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်းပေါ်ကို မိသားစုလိုက် ပြောင်းနေချင်တဲ့သူတွေကို ပိုပြီးလိုလားနေကြတာပါ။ အနည်းဆုံး ကလေး ၃ ယောက်ရှိတဲ့ မိသားစုမျိုးပေါ့။ ပြောင်းရွှေ့မယ့်သူဟာ ဂရိနိုင်ငံသားမဟုတ်လည်း ဘယ်နိုင်ငံက ဖြစ်ဖြစ်ရပါတယ်။ ဒါပေမဲ့ ဂရိဘာသာစကားတော့ တတ်ရပါမယ်။ 

Related image

အရွယ်ရောက်ပြီးသူဟာ ကျွန်းကို အကျိုးပြုနိုင်တဲ့၊ ကျွန်းမှာလိုအပ်တဲ့အလုပ်တွေကို လုပ်ပေးနိုင်တဲ့ အရည်အချင်းမျိုးရှိရပါမယ်။ ဥပမာ-ငါးဖမ်းသမား၊ လယ်ယာစိုက်ပျိုးတတ်သူ၊ အဆောက်အဦးဆောက်လုပ်တတ်သူ၊ မုန့်ဖုတ်တတ်သူ၊ စသဖြင့်ပေါ့။ “ကျွန်းမှာ အဲဒီလုပ်ငန်းတွေနဲ့ ဝင်ငွေရအောင် လုပ်လို့ရတယ်ဆိုတာတော့ အာမခံနိုင်တယ်” လို့ ကျွန်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ ဒီ Project ကို ရေရှည်ကောင်းဖို့အတွက် ရည်ရွယ်ထားတာကြောင့် အလျင်စလိုမဆုံးဖြတ်ဘဲ သေချာစီစစ်ရွေးချယ်မှာ ဖြစ်ပါတယ်။ Interview ကာလက ၅ နှစ်လောက် ကြာမယ်လို့ အုပ်ချုပ်သူအဖွဲ့က ခန့်မှန်းထားပါတယ်။

An Island in Greece Is Eager to Pay You to Move There

နေထိုင်ဖို့ ရွေးချယ်ခံရသူကတော့ နေစရာအိမ်၊ စားစရာနဲ့ စီးပွားရေးလုပ်ဖို့မြေနေရာလည်းရမှာပါ။ နေထိုင်ပြီး ပထမ ၃နှစ်အတွင်းမှာ လစဉ်ထောက်ပံ့ကြေးအဖြစ် အနည်းဆုံး ဒေါ်လာ ၅၆၀ လည်းရမှာပါ။ လောလောဆည်တော့ ပြောင်းရွှေ့နေထိုင်တဲ့ မိသားစုတစ်စုရှိနေပါပြီ။ အဲဒီမိသားစုမှာ ပါတဲ့ ကလေးငယ်တွေအတွက် ၂၄ နှစ်လောက် ပိတ်ထားခဲ့တဲ့ ကျွန်းပေါ်ကကျောင်းကိုတောင် ပြန်ဖွင့်ပေးထားပါပြီ။ သင်လည်း တစ်နေရာရာကို အပြီးအပိုင်ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေတယ်ဆိုရင်တော့ ဒီကျွန်းလေးကို ထည့်စဉ်းစားသင့်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ ဂရိစကားလေးတော့ သင်ရမှာပေါ့နော်။ ဂရိစကားလည်း တတ်တယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း လုပ်တတ်တယ်ဆိုရင်တော့ မိသားစု မရှိလည်း နေထိုင်ခွင့်ရရင် ရနိုင်မှာပေါ့။


(Zawgyi)

 

ျမိဳ ့ျပရဲ ့မြန္းၾကပ္မွုေတြကေန ရုန္းထြက္ခ်င္ေနလား၊ ပ်ားပန္းခတ္သြားလာေနတဲ့ လူေနမွုေတြေၾကာင့္ စိတ္ဖိစီးမွု မ်ားေနျပီလား။ ေအးခ်မ္းျပီး လတ္ဆတ္တဲ့ေလေတြကို အျပည့္အဝရွဴရွုိက္နိုင္မယ့္ ေနရာေလးတစ္ခုမွာ အေျခခ်ခ်င္ေနျပီလား။ သင့္ရဲ ့ဆႏၵေတြျဖစ္လာဖို ့ ဂရိကြ်န္းက အခြင့္အေရးေပးေနပါျပီေနာ္။ ကြ်န္းမွာလာေနထိုင္တဲ့သူေတြကို ေနစရာထိုင္စရာ၊ စားေသာက္စရာအျပင္ ေထာက္ပံ့ေၾကးေတြပါ ေပးေနပါတယ္။ ေနာက္ေနတာမဟုတ္ပါဘူး။ တကယ္ပါ။ စိတ္ဝင္စားရင္ ဆက္ဖတ္ၾကည့္ေနာ္။

ကြ်န္းေလးရဲ ့နာမည္ကေတာ့ Antikythera ျဖစ္ျပီး ဂရိနိုင္ငံမွာ ရိွပါတယ္။ ကြ်န္းက ၇.၈၉ စတုရန္းမိုင္ က်ယ္ဝန္းျပီး ကြ်န္းတစ္ခုလံုးမွာ Potamos လို ့ေခၚတဲ့ ျမိဳ ့ေလးတစ္ခုပဲ ရိွပါတယ္။ ေလာေလာဆည္ ကြ်န္းေပၚမွာ အတည္တက်ေနထိုင္သူ ၂၄ ေယာက္ပဲ ရိွပါတယ္။ ဒါေၾကာင့္ ဒီကြ်န္းေလးကို ျပန္လည္ အသက္သြင္းဖို ့အတြက္ Kythera and Monemvasia ရဲ ့ဘုန္းေတာ္ၾကီးနဲ ့ Antikythera ကြ်န္းရဲ ့ အုပ္ခ်ဳပ္ေရးအဖြဲ ့မွ ဆံုးျဖတ္ခဲ့တာပါ။ ဒီသတင္းကိုေတာ့ ၂၁ရက္ ဒီဇင္ဘာ ၂၀၁၈ တုန္းက www.AntiKythiraDirect.com မွာ တရားဝင္ေၾကျငာခဲ့တာပါ။

ဒီကြ်န္းေလးမွာ လူဦးေရနည္းေနရတဲ့အေၾကာင္းအရင္းကေတာ့ ကေလးေမြးဖြားနွုန္း က်ဆင္းလာမွု၊ အရြယ္ေရာက္ျပီးသူမ်ား ပိုမို ေကာင္းမြန္တဲ့ အလုပ္အကိုင္အခြင့္အလမ္းအတြက္ အျခားေဒသသို ့ ေျပာင္းေရႊ ့ေနထိုင္မွုေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြ်န္းေပၚကို မိသားစုလိုက္ ေျပာင္းေနခ်င္တဲ့သူေတြကို ပိုျပီးလိုလားေနၾကတာပါ။ အနည္းဆံုး ကေလး ၃ ေယာက္ရွိတဲ့ မိသားစုမ်ိဳးေပါ့။ ေျပာင္းေရႊ ့မယ့္သူဟာ ဂရိနိုင္ငံသားမဟုတ္လည္း ဘယ္နိုင္ငံက ျဖစ္ျဖစ္ရပါတယ္။ ဒါေပမဲ့ ဂရိဘာသာစကားေတာ့ တတ္ရပါမယ္။

အရြယ္ေရာက္ျပီးသူဟာ ကြ်န္းကို အက်ိဳးျပဳနိုင္တဲ့၊ ကြ်န္းမွာလိုအပ္တဲ့အလုပ္ေတြကို လုပ္ေပးနိုင္တဲ့ အရည္အခ်င္းမ်ိဳးရိွရပါမယ္။ ဥပမာ-ငါးဖမ္းသမား၊ လယ္ယာစိုက္ပ်ိဳးတတ္သူ၊ အေဆာက္အဦးေဆာက္လုပ္တတ္သူ၊ မုန္ ့ဖုတ္တတ္သူ၊ စသျဖင့္ေပါ့။ “ကြ်န္းမွာ အဲဒီလုပ္ငန္းေတြနဲ ့ ဝင္ေငြရေအာင္ လုပ္လို ့ရတယ္ဆိုတာေတာ့ အာမခံနိုင္တယ္” လို ့ ကြ်န္းရဲ ့ေျပာေရးဆိုခြင့္ရိွသူက ေျပာထားပါတယ္။ ဒီ Project ကို ေရရွည္ေကာင္းဖို ့အတြက္ ရည္ရြယ္ထားတာေၾကာင့္ အလ်င္စလိုမဆံုးျဖတ္ဘဲ ေသခ်ာစီစစ္ေရြးခ်ယ္မွာ ျဖစ္ပါတယ္။ Interview ကာလက ၅ နွစ္ေလာက္ ၾကာမယ္လို ့ အုပ္ခ်ဳပ္သူအဖြဲ ့က ခန္ ့မွန္းထားပါတယ္။

ေနထိုင္ဖို ့ ေရြးခ်ယ္ခံရသူကေတာ့ ေနစရာအိမ္၊ စားစရာနဲ ့ စီးပြားေရးလုပ္ဖို ့ေျမေနရာလည္းရမွာပါ။ ေနထိုင္ျပီး ပထမ ၃နွစ္အတြင္းမွာ လစဥ္ေထာက္ပံ့ေၾကးအျဖစ္ အနည္းဆံုး ေဒၚလာ ၅၆၀ လည္းရမွာပါ။ ေလာေလာဆည္ေတာ့ ေျပာင္းေရႊ ့ေနထိုင္တဲ့ မိသားစုတစ္စုရိွေနပါျပီ။ အဲဒီမိသားစုမွာ ပါတဲ့ ကေလးငယ္ေတြအတြက္ ၂၄ နွစ္ေလာက္ ပိတ္ထားခဲ့တဲ့ ကြ်န္းေပၚကေက်ာင္းကိုေတာင္ ျပန္ဖြင့္ေပးထားပါျပီ။ သင္လည္း တစ္ေနရာရာကို အျပီးအပိုင္ေျပာင္းေရႊ ့ဖို ့ စိတ္ကူးရိွေနတယ္ဆိုရင္ေတာ့ ဒီကြ်န္းေလးကို ထည့္စဥ္းစားသင့္ပါတယ္။ တစ္ခုေတာ့ ရိွတာေပါ့။ ဂရိစကားေလးေတာ့ သင္ရမွာေပါ့ေနာ္။ ဂရိစကားလည္း တတ္တယ္၊ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြလည္း လုပ္တတ္တယ္ဆိုရင္ေတာ့ မိသားစု မရိွလည္း ေနထိုင္ခြင့္ရရင္ ရနိုင္မွာေပါ့။

 

Source; https://www.antikythiradirect.com/repopulation-project, https://brightside.me/an-island-in-greece-is-eager-to-pay-you-to-move-there/

 

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။