မြန်မာပြည်ကို လာရောက် ရိုက်ကူးရေးပြုလုပ်သွားမယ့် Dara နှင့် နာမည်ကြီးကိုရီးယားအဆိုတော်များ

2019 ခုနှစ်မှာ မြန်မာပြည်ကို နိင်ငံရပ်ခြားက နာမည်ကျော် အနုပညာရှင်အတော်များ လာရောက်ရိုက်ကူးရေးပြုလုပ်တာတွေ အများပြား ရှိကြပြီဖြစ်သလို တောင်ကိုရီးယား မြန်မာ နှစ်နိုင်ငံဟာလည်း ပူးပေါင်းလျက်ရှိပြီး  2019 ခုနှစ် 9 လ ပိုင်း 9 ရက်နေ့မှာတော့ Kpop ရဲ့ နာမည်ကျော် အဆိုတော် အနုပညာရှင်တွေက ရိုက်ကူးရေးပြုလုပ်ဖို့အတွက် ရောက်ရှိလာကြတော့မှာဖြစ်ပါတယ်။


From JBJ Entertainment’s facebook page 

  "MY MUSIC TEACHER, MINGALARBAR" Variety Program ကို JBJ Entertainment နှင့် SBS Medianet  မြန်မာပြည်မှ Fortune TV Channel တို့က ပူးပေါင်းကာ မြန်မာပြည် မှာ လာရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။ 


ပါဝင်ကြမယ့် အနုပညာရှင်တွေကတော့ 

Yoon Do Hyun, Sandara Park ( 2NE1 ), Sandeul (B1A4), Kim Jaehwan နဲ့ Joo-E (Momoland) တို့ ဖြစ်ပါတယ်။

Yoon Do Hyun


Sandara Park ( 2NE1 )

Joo-E (Momoland) 


Sandeul (B1A4)



Kim Jaehwan ( Wanna One )


ပရိသတ်တွေချစ်ကြတဲ့ သူတွေကို ကြိုဆိုကြဖို့လည်း မမေ့ပါနဲ့နော်။ 


Sources – JBJ Entertainment 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။