ခီမောင်နှံနဲ့ ပိုင်ဖြိုးသုတို့ တွဲဖက်ရိုက်ကူးထားတဲ့ Now & Ever ဇာတ်ကားကြီး ရုံတင်ခွင့်ရရှိ

များစွာသော ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ခီမောင်နှံမှ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိမှာတော့ ရုံတင်ပြသခွင့်ရရှိသွားပြီဖြစ်တဲ့အတွက် ပရိသတ်များစွာ ပျော်ရွှင်နေကြပါတယ်။ အဆိုပါ ဇာတ်ကားကြီးကို အရည်သွေးပြည့်ဝပြီး ကောင်းမွန်စေရန်အတွက် ဒါရိုက်တာ ခရစ္စတီးနားခီတစ်ယောက် အသည်းသန်ကြိုးစားခဲ့ရသလို စနစ်တကျရှိစေဖို့လည်း ကြိုးစားပမ်းစား အပင်ပန်းခံပြီး ရိုက်ကူးခဲ့ပါတယ်။ 


Now & Ever ဇာတ်ကားကြီးကို ပရိသတ်ချစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီမှ ရိုက်ကူးပြီး မင်းသား ဇာဏ်ခီနဲ့ မင်းသမီးချော ပိုင်ဖြိုးသုတို့က အဓိက တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်ရှေ့ကို အမိုက်စားတွေ ချပြလေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားနဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသား ဇာဏ်ခီအပြင် “ မီ ” ဇာတ်ကားကို ခိုင်မာသေသပ်စွာ ဖော်နိုင်ခဲ့လို့ ပရိသတ်က မီမီလေးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော ပိုင်ဖြိုးသုတို့ အားသွန်ခွန်စိုက်ကြိုးစားထားပုံကိုလည်း Now & Ever ဇာတ်ကားကြီးမှာ တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။


ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ဇာတ်ကားလေးဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခွင့်ရရှိပြီးနောက် ပရိသတ်များစွာ ပျော်ရွှင်နေကြပြီး အမြန်ဆုံးရုံတင်ဖို့လည်း ဆန္ဒရှိနေပါတယ်။ အဆိုပါ ဇာတ်ကားကြီးဟာ မီနဲ့ ခီတို့ရဲ့ ပထမဦးဆုံး တွဲဖက် ဇာတ်ကားလေးဖြစ်ပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်မှာလည်း အခက်အခဲများစွာနဲ့ အချိန်အများကြီးယူပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ 


မကြာခင် ရုံတင်ပြသတော့မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို အခုချိန်တည်းက ပရိသတ်တွေ မျှော်လင့်နေကြပြီး ပရိသတ်ရင်ထဲ ဘယ်လောက်ထိ ရသတွေ ပေးစွမ်းနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဘဲ ဖြစ်ပါတယ်။

Source; Now & Ever - ထာဝရနှောင်ကြိုး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။