ယနေ့ခေတ်ရဲ့ အသံတိတ်လူသတ်သမား (သို့မဟုတ်) ဆီကြော်စာများ

ခေတ်ကာလအခြေအနေအရ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တွေ့ရတဲ့အစားအသောက် အများစုကို လေ့လာကြည့်မယ်ဆိုရင် ဆီကြော်မုန့်တွေကို အများအပြား တွေ့ရမှာပါ..ဆီကြော်မုန့်တွေစားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သလဲ..ဘာကြောင့်သတိထားပြီး စားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားပါမယ်။


 ဆီကြော်မုန့်တွေကြော်ရာမှာ အသုံးပြုတဲ့ အသီးအနှံဆီ(ပဲဆီနှမ်းဆီ)တွေမှာ ပိုးသတ်ဆေးတွေပါလာတတ်ပါတယ်.. လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကို ကျစေပီး ရောဂါတွေဝင်လာစေတာမို့ ဆီကြော်တွေကိုသတိထားသင့်ပါတယ် ..

ဒါ့အပြင် ကယ်လိုရီများတဲ့ ဆီကြော်မုန့်တွေကိုစားတဲ့သူတွေဟာ အဝလွန်ခြင်းကို ပိုပြီးတော့ ဖြစ်စေပါတယ်တဲ့..


အစားအသောက်တွေကို 300 ဒီဂရီဖာရင်ဟိုက်အထက် ကြော်ခြင်းမှာ အစားအသောက်ထဲက အဆိပ်ဓာတ်တွေကို ထွက်စေပါတယ်..

 ဆီကြော်မုန့်တွေဟာ သွေးကြောထဲက သွေးကိုခဲစေတတ်တာမို့ လေဖြတ်ဖို့ရာခိုင်နှုန်းပိုများစေပါတယ်..

 ဆီကြော်မုန့်တွေဟာ ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်း တွေကို အားပေးစေပြီး အဆစ်အမြစ်ရောင်ရမ်းပြီး ကိုက်ခဲတာမျိုးကို ပိုပြီးဖြစ်စေပါတယ်...

 ခန္ဓာကိုယ်ဟာဆိုရင် ဆီကြော်မုန့်တွေကို ကောင်းကောင်း မဖြိုခွဲနိုင်ဘဲ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်း..အူ.. ကျောက်ကပ် တွေမှာ အကြာကြီး အနယ်ထိုင်ပြီး အဆိပ်တောက်ဖြစ်စေပါတယ်..


 ဆီကြော်မုန့်တွေမှာဆိုရင် အဆီပါဝင်မှု အင်မတန်များတာမို့ Cholesterol များတဲ့အပြင် အသည်းအဆီဖုံးတာမျိုး.. နှလုံးသွေးကြောကျဉ်းတာမျိုးတွေကို ပိုပြီး ဖြစ်စေပါတယ်..

 ဆီကြော်မုန့်တွေရဲ့ အာဟာရပါဝင်မှုပမာဏဟာ သိသိသာသာ နည်းလေ့ရှိပြီး ပုံမှန်ပရိုတင်းဓာတ်တွေဟာ အပူနဲ့ ကြော်လိုက်ပြီဆိုရင် Acrolein လို့ခေါ်တဲ့ အဆိပ်တောက်တမျိုး အဖြစ် ပြောင်းလဲသွားတတ်ပါတယ်..


 ဥပမာ အနေနဲ့ ပေးရမယ်ဆိုရင်တော့..

ကြက်ရင်အုံတစ်ခုဟာ ကယ်လိုရီပါဝင်မှု ၁၀၀ လောက်သာ ရှိပီး ကြက်ရင်အုံကို ဆီနဲ့ကြော်လိုက်မယ်ဆိုရင်တော့ ကယ်လိုရီပါဝင်မှုပမာဏဟာ ၃ဆကြော် ၃၀၀ ကြော်ထိ တက်သွားမှာကို တွေ့ရမှာပဲ ဖြစ်ပါတယ်...

အထက်ပါအချက်တွေကို ကြည့်မယ်ဆိုရင်တော့ ဆီကြော်မုန့်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို အနည်းနဲ့ အများထိခိုက်စေနိုင်တာမို့ ကျွန်တော်တို့အားလုံးအနေနဲ့ သတိထားပြီးမှ စားသောက်သင့်ပါကြောင်း အသိပေးဝေမျှလိုက်ရပါတယ်. . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။