Apple Event 2019 မှာ iPhone 11 စီးရီးဖုန်းမိုဒယ်သစ်တွေ ပွဲထုတ်မိတ်ဆက်

မကြာခင်ရက်ပိုင်းတုန်းက Apple ချစ်သူတွေအတွက် ဖုန်းအသစ်တွေ ထပ်မံပွဲထုတ်လိုက်ပါပြီ။ အဲဒါကတော့ iPhone 11series ပါပဲ။ iPhone 11 တင်မက iPhone 11 Pro နဲ့ iPhone 11 Pro Max တို့လည်း ထွက်ရှိလာပါ တယ်။ ထူးခြားချက်အနေနဲ့ကတော့ iPhone 11 မှာ ကင်မရာနှစ်လုံးပါဝင်လာပြီး Pro ဖုန်းတွေမှာတော့ ကင်မရာ ၃ သုံးအထိ ပါပါတယ်။


Dual-camera နဲ့ ထွက်ရှိလာတဲ့ iPhone 11 ကို အရောင် ၆ ရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် Dolby Atmos audio, Wi-Fi နဲ့ အရင်ထက် ပိုကျယ်ပြန့်တဲ့  ultra wide camera lens တို့ပါဝင်ပြီး ကင်မရာရဲ့ features တွေကို အသစ်ထပ်တိုးမွမ်းမံထားပါတယ်။ အဲဒီကင်မရာတွေကနေတဆင့် landscape selfie နဲ့ ဗီဒီယိုုတွေတင်မက Apple က slofies လို့ခေါ်တဲ့ slo-mo video တွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ iPhone 11 ရဲ့ ဈေးကိုတော့ အမေရိကန်ဒေါ်လာ ၆၉၉ ဒေါ်လာနဲ့ အထက် သတ်မှတ်ထားပါတယ်။


ကင်မရာ ၃ ခု ပါဝင်တဲ့ iPhone 11 Pro နဲ့ Pro Max တို့မှာတော့ Pro XDR Display ကို အခြေခံထားတဲ့ “Super Retina XDR” OLED display ကို အသုံးပြုထားပါတယ်။ အဲဒီ Pro ဖုန်းတွေမှာ tri-camera setup တင်မက အရောင်ငြိမ်ငြိမ်နဲ့လှပတဲ့ matte finish ဒီဇိုင်းသစ်ကို တွေ့မြင်ရမှာပါ။ အဲဒီလို ပိုမိုခေတ်မီအဆင့်မြင့် လာတဲ့ feature တွေ ပါဝင်သလို ဖုန်းဘက်ထရီသက်တမ်းကိုလည်း ပိုမိုတာရှည်ခံအောင် ဖန်တီးထားပါတယ်။
အသစ်ထွက်ရှိလာတဲ့ iPhone 11 စီးရီးရဲ့ ကင်မရာတွေအားလုံးဟာ ဒီဇိုင်းသစ်တွေဖြစ်ပြီး ultra wide lens တွေ ပါဝင်ပါတယ်။ ဒါ့ပြင် Apple ဟာ Smart HDR multishot mode နဲ့ Deep Fusion နည်းပညာသစ်ကို လည်း အသုံးပြုပေးထားပါတယ်။ iPhone 11 Pro ရဲ့ဈေးက အမေရိကန်ဒေါ်လာ ၉၉၉ နဲ့အထက် ဖြစ်ပြီး အရွယ်အစားပိုကြီးတဲ့ 11 Pro Max ရဲ့ ဈေးကိုတော့ ဒေါ်လာ ၁,၀၉၉ နဲ့အထက် သတ်မှတ်ထားပါတယ်။
iPhone 11 ဖုန်းမိုဒယ်သစ်တွေကို လာမယ့် သောကြာနေ့ကစလို့ တရားဝင် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၂၀ မှာ တင်ပို့ပေးသွားမှာပါ။


by Cherry Mon
Credit: Apple Event 2019


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။