မဲညစ်နေတဲ့ ဂျိုင်းကို ခဲဖျက်နဲ့ဖျက်လိုက်သလို ဖြူဖွေးသွားစေမယ့် နည်းလမ်း

ဂျိုင်းမဲရခြင်းဟာ Acanthosis Nigricans (AN) ဆိုတဲ့ အရေပြား ပြဿနာတစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ လူတော်တော်များများ၊ အထူးသဖြင့် မိန်းကလေးတော်တော်များများဟာ ဂျိုင်းမဲတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဂျိုင်းပြတ်အင်္ကျီတွေဝတ်ရတာ ကြိုက်တဲ့မိန်းကလေးတွေအတွက်တော့ ဂျိုင်းမဲတယ်ဆိုတာလည်း ရှက်စရာတစ်ခုပါပဲ။ ဂျိုင်းဖြူအောင်လိမ်းတဲ့ဆေးတွေ၊ ဂျိုင်းလိမ်းဆီတွေကလည်း ထင်သလောက် အာနိသင်မရှိပါဘူး။ မတဲ့ တဲ့သူတွေဆိုရင် ဂျိုင်းနံ့တောင် ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် ဂျိုင်းမဲတဲ့ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။


၁) ပန်းသီးရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါ

Image result for baking soda and vinegar

- ပန်းသီးရှာလကာရည် လဖ္ဘက်ရည်ဇွန်း ၂ စွန်း

- မုန့်ဖုတ်ဆိုဒါ လဖ္ဘက်ရည်ဇွန်း ၂ စွန်း

ပါဝင်ပစ္စည်း နှစ်မျိုးကို ရောလိုက်ပါ။ အမြှုပ်တွေထလာပါလိမ့်မယ်။ အမြှုပ်တွေပျောက်သွားပြီး ကျန်ခဲ့တဲ့ အရည်ကို ဂျိုင်းမှာလိမ်းပါ။ ခြောက်သွားသည်အထိ မိနစ်အနည်းငယ်ထားလိုက်ပါ။ ပြီးလျှင် ရေအေးနဲ့ဆေးချပြီး အခြောက်သုတ်ပါ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပါ။


၂) နွားနို့၊ နနွင်း၊ ပျားရည်

Image result for milk turmeric honey

- နွားနို့ စားပွဲတင်ဇွန်း ၁ စွန်း

- နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၁ စွန်း

- ပျားရည် လဖ္ဘက်ရည်ဇွန်း ၁ စွန်း

ပါဝင်ပစ္စည်းအားလုံး သေချာရောစပ်ပြီး ဂျိုင်းမှာလိမ်းပါ။ ခြောက်သွားရင် ရေနဲ့ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်ပြုလုပ်ပါ။


၃) Rose Water နဲ့ မုန့်ဖုတ်ဆိုဒါ

Image result for rose water and baking soda

အရည်ပျစ်ပျစ်လေးရအောင် ရောစပ်ပါ။ ဂျိုင်းမှာသုတ်လိမ်းပြီး ၁၀မိနစ်ခန့်ထားပါ။ ပြီးလျှင် ရေအေးနဲ့ဆေးချပြီး အခြောက်သုတ်ပါ။ တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပါ။


၄) သကြားညိုနဲ့ သံလွင်ဆီ

Image result for brown sugar and olive oil

- သကြားညို စားပွဲတင်ဇွန်း ၃ စွန်း

- သံလွင်ဆီ အသန့် စားပွဲတင်ဇွန်း ၂ စွန်း

ပါဝင်ပစ္စည်းများကို ရောစပ်ပါ။ ဂျိုင်းမှာ ၂ မိနစ်လောက် Scrub လုပ်ပေးပါ။ ပြီးနောက် ၅ မိနစ်လောက် ထားထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးပြီး နူးညံ့တဲ့ ပုဝါသုံးပြီး အခြောက်သုတ်ပါ။ တစ်ပတ် ၂ ကြိမ် ပြုလုပ်ပေးပါ။


၅) ဗာဒံဆီ (Almond Oil)

Image result for almond oil

ဗာဒံဆီ တစ်စက် နှစ်စက်လောက်ကို ဂျိုင်းမှာ သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ဗာဒံဆီနဲ့ နေ့စဉ် ၁၀ မိနစ်လောက် နှိပ်နယ်ပေးပါ။


၆) အာလူး

Related image

အာလူးအလုံးသေးတစ်လုံးကို အခွံခွာပြီး ပါးပါးလှီးပါ။ အာလူးအရည်ထွက်လာအောင် ညှစ်ပါ။ အရည်ကို ဂျိုင်းမှာ လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးပါ။ မနက်နိုးတဲ့အချိန်နဲ့ ညအိပ်ယာမဝင်ခင်မှာ ပြုလုပ်ပါ။ တစ်ရက် ၂ ကြိမ် နေ့စဉ်လုပ်ပေးပါ။


၇) Tea Tree Oil နဲ့ ရေ

Image result for tea tree oil and water

- Tea Tree Oil ၄၊ ၅ စက်

- ရေတစ်ခွက်

စပရေးဗူးလွတ်ထဲကို ရေတစ်ခွက်ထည့်ပါ။ Tea Tree Oil ၄ စက်၊ ၅ စက်ကို ထည့်ပြီး ဗူးကို သေချာလှုပ်ပါ။ ဂျိုင်းမှာဖြန်းပြီး အခြောက်ခံပါ။ နေ့စဉ်ပြုလုပ်ပေးပါ။


ဒီနည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။ ဂျိုင်းသာမက အခြားသော မဲညစ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ဒီနည်းလမ်းတွေ သုံးလို့ရပါတယ်။ တကယ်လို့ အခြားထိရောက်တဲ့ နည်းလမ်းတွေရှိသေးရင်လည်း ဝေမျှနိုင်ပါတယ်နော်။