မာလကာသီးနဲ့ မာလကာရွက်တို့၏ အလှအပရေးရာ အသုံးဝင်ပုံများ

တကယ်တော့ မာလကာသီးဆိုတာ စားစရာသက်သက်မဟုတ်ပါဘူး။ သူ့မှာ အလှအပရေးရာအတွက် အသုံးချလို့ရတာတွေ အများကြီးရှိပါသေးတယ်။ မာလကာသီး၊ မာလကာရွက်တို့ကို အသုံးပြုပြီး ပေါင်းတင်နိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်. . .။


(၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း (၂)ဇွန်းနှင့်ရော၍ ပျစ်သွားအောင် လုပ်ပါ။ ချွေး ပေါက်များကျယ်ခြင်းမှ ကာကွယ် နိုင်သည့် မျက်နှာဖုံးမျိုး ရရှိစေရန် မာလကာ ရွက် ၂/၃ ရွက်ကို ရော၍ကြိတ်ပါ။ အုတ်ဂျုံ မလွယ်ကူ ပါက အလားတူ နို့မှုန့်ကို ထည့်ပြီး မျက်နှာဖုံး (mask) ပြုလုပ်ပေးပါ။ ဝက်ခြံနှင့် အမည်းစက် များကို ပျောက်ကင်းစေနိုင်ပါတယ်။


(၂) မာလကာသီး ကြိတ်ထားသော အနှစ်ကို လိမ္မော်သီး လတ်လတ်ဆတ် ဆတ်နှင့်ရောပြီး (၁၀) မိနစ်ခန့်ထား ပြီးမှ မျက်နှာသစ်ပါ။ လိမ်းရာတွင် မျက်နှာ တပြင် လုံးပျံ့နှံ့ပါစေ။ဒီလို မျက်နှာပေါင်းခြင်းကတော့ နုပျိုစေပြီး အရေးအကြောင်းများကို သက်သာစေပါလိမ့်မယ်။


(၃) မာလကာရွက် ၂ ရွက်ကို ကြိတ်ပြီး နို့လက်ဖက်ရည်ဇွန်း (၂)ဇွန်း စာဖြင့် ပျစ်သွားအောင် ပြုလုပ်ပါ။ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပြီး (၁၅) မိနစ် ခန့်ထားပြီးမှ ရေဆေးပါ။ခြောက်သွေ့သောအသားအရေပိုင်ရှင်များနဲ့ သင့်လျော်ပါတယ်။

(၄) အသားတင်းပြီးချောစေဖို့ဆိုရင်တော့ မာလကာသီးကြိတ်ရည်ကို ငှက်ပျောသီး၊ ရေအနည်းငယ်နှင့် လိမ်းကာ ပေါင်းတင်နိုင်ပါတယ်။


(၅) မုန်လာဥနီ၊ မာလကာရွက်(၁) ရွက်ကိုရော၍ ရေအနည်းငယ်ထည့် လိမ်းပေးရင်တော့ နူးညံ့ချောမွတ်သော အသားအရေကို ရရှိပြီး မျက်နှာပြင်ရှိ အသား မညီဘဲ ဖြစ်ပေါ်နေသည့် အမည်းကွက်များကို တဖြည်းဖြည်း လျော့ပါးသွားစေပါလိမ့်မယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။