အလှဓာတ်ပုံ ကောင်းကောင်းလေး တစ်ပုံထွက်လာဖို့ ဘာတွေ လိုအပ်လဲ

အလှဓာတ်ပုံ ရိုက်ရတာ နှစ်သက်တယ်။ အမှတ်တရ သိမ်းထားချင်လို့ပဲဖြစ်ဖြစ်၊ အင်စတာဂရမ်မှာ တင်ချင်လို့ပဲ ဖြစ်ဖြစ် ကွာလတီကောင်းပြီး လှပသေသပ်တဲ့ပုံမျိုး လိုချင်တယ်။ ဒါပေမယ့် ရိုက်လိုက်တိုင်း စိတ်တိုင်းမကျတဲ့ပုံတွေပဲ ထွက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စနစ်ကျတဲ့ ဓာတ်ပုံရှူတင် မပြင်ဆင်ထားလို့ပါပဲ။ ဓာတ်ပုံရှူတင်ဆိုလို့ ဈေးကြီးပေးရတဲ့ ဓာတ်ပုံဆရာတွေ ခေါ်ရိုက်ရမယ်လို့ မဆိုလိုပါဘူး။ တကယ်တော့ ပုံကောင်းတစ်ပုံရဖို့ လိုအပ်တဲ့ ဓာတ်ပုံရှူတင် ပြင်ဆင်မှုဆိုတာတွေက -


ဓာတ်ပုံရိုက်ပေးမယ့်သူ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ကင်မရာ

ဓာတ်ပုံရိုက်ပေးမယ့်သူက ကျွမ်းကျင်အဆင့် ဖြစ်နေစရာ မလိုပါဘူး။ အဓိက က သင်ဓာတ်ပုံအရိုက်ခံမယ့်အခါ ရှက်နေရမယ့်သူကို မရိုက်ခိုင်းပါနဲ့။ သင်စိတ်လွတ်ကိုယ်လွတ် ပို့စ်ပေးနိုင်တဲ့သူကိုသာ ဓာတ်ပုံ ရိုက်ခိုင်းပါ။ ရှက်နေရင် ပုံကောင်းမထွက်လာနိုင်ပါဘူးနော်။ သင်ကလည်း ရှက်နေစရာမလို၊ သင့်အပေါ်လည်း စိတ်ရှည်မယ့်သူမျိုးကိုသာ ရိုက်ခိုင်းပါ။


ကင်မရာ

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။

ခုခေတ်မှာ ဖုန်းတော်တော်များများက ကင်မရာအသားပေးပြီး ထုတ်လာကြပါပြီ။ သင်ကဓာတ်ပုံရိုက်ရတာ နှစ်သက်တဲ့သူဆိုရင်တော့ ကင်မရာအသားပေးဖုန်းမျိုးကို ဝယ်ထားပါ။ ဒါမှ အားမရသေးဘူး ဆိုရင်တော့ လက်ဆွဲကင်မရာလေးတစ်လုံးလောက် ဝယ်ထားလိုက်ပါ။ ပုံကောင်းလိုချင်ရင် နည်းနည်းတော့ ရင်းနှီးမြှုပ်နှံရမှာပေါ့။


နေရာ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ကောင်းကင်၊ အပြင်ဘက် နှင့် သဘာဝ

တကယ်လို့ သင်က ဓာတ်ပုံရိုက်ရတာ ရှက်တတ်တဲ့သူဆိုရင် အရင်ဆုံး လူအများကြီးမရှိတဲ့နေရာတွေမှာ ရိုက်ကြည့်ပါ။ အိမ်ထဲမှာ၊ ခြံထဲမှာ၊ မြို့ပြင်မှာ၊ အဝေးပြေးလမ်းပေါ်မှာ၊ ရထားလမ်းမှာ၊ စသဖြင့်ပေါ့။ နောက်ပိုင်း ကျင့်သားရလာပြီဆိုတော့မှ မြို့လယ်ခေါင်လည်း မရှက်တမ်းရိုက်နိုင်ပါပြီ။ အရေးကြီးတာက ဘယ်သွားသွား ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေကို မြင်တတ်ပါစေ၊ မှတ်သားတတ်ပါစေ။


အဝတ်အစား

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ၃ ယောက်၊ ပြုံးနေသော လူများ၊ ထိုင်နေသော လူများ နှင့် ရှုးဖိနပ်များ

ကြည့်လို့လည်းလှပြီး သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်ဝတ်စုံလေး ဝတ်မယ်ဆိုပြီး သင်ကြိုတင်စဉ်းစားထားရင်လည်း ကောင်းတာပေါ့။ အဖွဲ့လိုက် ဓာတ်ပုံရိုက်မယ် ဆိုရင်လည်း သူတစ်မျိုးကိုယ်တစ်မျိုး ဝတ်တာထက် အရောင်လေးတွေ အတွဲညီတာမျိုးကို ဝတ်ပါ။ ဥပမာ- အောက်ပိုင်းကို ဂျင်းတွေချည်း ဝတ်တာမျိုး၊ ဖိနပ်အဖြူလေးတွေချည်းပဲ စီးတာမျိုး။ အဲလို အတွဲညီအောင် ဝတ်တဲ့အခါ ဓာတ်ပုံက ပိုပြီးလှပါတယ်။


မိတ်ကပ်

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ကိုယ်တိုင်ရိုက် အလှဓာတ်ပုံ

အဝတ်အစားလိုပဲ မိတ်ကပ်ကလည်း အရေးပါပါတယ်။ ဘာမှမလိမ်းပဲတော့ မရိုက်ပါနဲ့။ အထူးသဖြင့် အနီးကပ်ပုံ ရိုက်မယ်ဆိုရင်ပေါ့။ မိတ်ကပ်လိမ်းရတာ မကြိုက်ဘူးဆိုရင်တောင်မှ ခပ်ပါးပါးလေးတော့ လိမ်းလိုက်ပါ။ ဓာတ်ပုံရိုက်ရင်းနဲ့ မိတ်ကပ်မပြင်တတ်တဲ့သူတောင်မှ ပြင်တတ်သွားတာများပါတယ်။ မိတ်ကပ်မလိမ်းလည်း နောက်မှ Photoshop နဲ့ပြန်ပြင်လို့ ရတာပဲလို့တော့ မပြောပါနဲ့။ ဘယ်လောက်ပဲ Edit လုပ်လုပ် တကယ်အပြင်မှာ ပြင်ထားတာလောက်တော့ လက်တွေ့ဆန်နေမှာ မဟုတ်ဘူးလေ။


အမူအရာ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ မတ်တပ်ရပ်နေသည်

ခုခေတ်မှာ Instagram, Pinterest, Facebook, Youtube စတဲ့ လူမှုကွန်ယက်တွေကနေ ပို့စ်ပေးနည်းမျိုးစုံကို တိုက်ရိုက် ကူးချလို့ရနေပါပြီ။ ပို့စ်မပေးတတ်ဘူးဆိုပြီး အော်မနေပါနဲ့။ ပုံလှလှလေးလိုချင်ရင် သူများပုံတွေကြည့်ပြီး အတုခိုးပါ၊ မှန်ရှေ့မှာ လေ့ကျင့်ပါ။ အရေးကြီးတာ မရှက်ဖို့ပါပဲ။


Photo; We Heart It

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။