နာနတ်သီးစားမယ်ဆိုရင် သိထားရမဲ့ အချက်တွေ

နာနတ်သီးမှာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နှင့် သတ္တုဓာတ် အများအပြား ပါဝင်ပါတယ်..။လူတော်တော်များများကတော့ နာနတ်သီးစားတဲ့အခါ အလယ်အူတိုင်ကို ဖယ်ပစ်တတ်ကြပါတယ်။ဒါပေမဲ့ နာနတ်သီးရဲ့ အလယ်အူတိုင်မှာ ပါဝင်တဲ့ Bromelain ဓာတ်က အကိုက်အခဲပျောက်ဆေးများလို အစွမ်းသတ္တိရှိတာကြောင့် ခွဲစိတ်မှုတွေ ထိခိုက်ဒဏ်ရာမှုတွေကြောင့် ကြွက်သား နာကျင်ခြင်းတွေ ရောင်ရမ်းခြင်းတွေ နာကျင် ကိုက်ခံခြင်းတွေကို ထိထိရောက်ရောက် သက်သာစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နာနတ်သီးစားရင် အူတိုင်ကိုပါ စားသုံးသင့်ပါတယ်တဲ့။


နာနတ်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်(Potassium) က သွေးလည်ပတ်မှုကိုလည်း တိုးတက်ကောင်းမွန်စေသလို သွေးကြောလေးတွေကို သက်သောင့်သက်သာ ဖြစ်စေတာကြောင့် သွေးဖိအားများသူ သွေးတိုးသူတွေ စားသုံးသင့်ပါတယ်။

နာနတ်သီးဟာ သဘာဝအတိုင်း အစာအိမ်မှထွက်တဲ့ အရည်နှင့်ဆင်တူသလို အမျှင်ဓာတ်(Fiber) ပါဝင်တာကြောင့် အစာချေ စနစ်ကို တိုးတက်ကောင်းမွန်စေသလို ရင်ပြည့်ရင်ကယ် မအီမသာ ဖြစ်ခြင်းတွေကိုလည်း သက်သာစေမှာပါ။ နာနတ်သီးကိုစားပေးမယ် ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်..။


နာနတ်သီးဟာ Vitamin A ကြွယ်ဝစွာ ပါဝင်လို့ အမြင်အာရုံကြည်လင်သန်စွမ်းစေဖို့အတွက်ပါ အထောက်အကူပြုပါတယ်။ ကာဗွန်ဟိုက်ဒရိတ် (Carbohydrate) ပါဝင်နှုန်း နည်းပါးတာကြောင့် ချိုပေမယ့် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပေးနိုင်တာဖြစ်လို့ ဝိတ်ချလိုသူတွေ ဆီးချိုရောဂါရှင်တွေ အတွက်လည်း ရွေးချယ်ဖို့ သင့်တော်တဲ့ စားစရာ တစ်ခုပါ။

နာနတ်သီးမှာ Vitamin C ဆိုရင်လည်း ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ် ဒါ့ကြောင့် စားသုံးသူရဲ့ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပြီး ကျန်းမာသန်စွမ်း စေပါတယ်...။


နာနတ်သီးစားမယ်ဆိုရင် သင့်အနေနဲ့ သိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။


- နာနတ်သီးမှာပါတဲ့အဆူးလေးတွေက သင့်ကို လျှာယားစေတတ်ပါတယ်။ 

လျှာ ယားတတ်တဲ့ အဆူးလေးတွေကို သေချာ ဓားလေးနဲ့ လှီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီး ရေဆေးလိုက်မယ်ဆိုရင် လျှာယားတာကို သက်သာစေမှာပါ...။

အရမ်း sensitive ဖြစ်တတ်တဲ့သူတွေကတော့ နာနတ်သီးကို အလွန်အကျွံမစားသုံးသင့်ပါဘူး။

- နောက်တစ်ခုက ကိုယ်ဝန်ဆောင် မေမေလောင်းလျာတွေအနေနဲ့ နာနတ်သီးကို အတက်နိုင်ဆုံး ရှောင်သင့်ပါတယ်နော်။ နာနတ်သီးက Bromelain ပါဝင်မှု မြင့်မားလို့ အခန့်မသင့်ရင် ကိုယ်ဝန်ကိုပါ ထိခိုက်စေနိုင်လို့ပါ...။


ဒီလောက်ဆိုရင်တော့ နာနတ်သီးနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ သိလောက်ပြီနဲ့တူပါတယ်. . .။ သင်သိသလို တခြားသူတွေသိအောင်လည်း ဝေမျှပေးပါဦးနော်...။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။