သင်မကြာမခဏကြားဖူးနေတဲ့ ဗနီလာဆိုတာ. . .

ဒီနေ့ခေတ်မှာ လူကြိုက်များ အစားအစာတွေဖြစ်တဲ့ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံးနဲ့ မုန့်ဖုတ်လုပ်ငန်းတွေမှာ အဓိကအသုံးပြုနေတဲ့ ဗနီလာ (Vanilla) ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အနံ့အရသာတွေထဲက တစ်ခုဖြစ်ပါတယ်။


ဗနီလာပင်ဟာ တကယ်တော့ သစ်ခွမျိုးနွယ်ဝင် နွယ်ပင်တစ်မျိုးဖြစ်ပြီး ကုံကမံ ပြီးရင် ဒုတိယဈေးအကြီးဆုံး အပင်ပါ။ စိုက်ပျိုးတဲ့နေရာမှာ လုပ်အားလိုအပ်ချက်များခြင်းဟာလည်း ဈေးကြီးရခြင်းရဲ့ အကြောင်းတစ်ခုပေါ့။ အရည်အသွေးကောင်းတဲ့ ဗနီလာ ဝယ်လိုအားကတော့ နှစ်စဉ်တိုးတက်လျှက် ရှိပါတယ်။ အင်ဒိုနီးရှား၊ မဒဂတ်စကား နဲ့ ပါပူအာနယူးဂီနီ နိုင်ငံတို့ဟာ ဗနီလာ ထုတ်လုပ်တဲ့ ထိပ်တန်း နိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံပေါင်းရဲ့ ဗနီလာထုတ်လုပ်မှုက ကမ္ဘာ့ထုတ်လုပ်မှုအားလုံးရဲ့ သုံးပုံနှစ်ပုံလောက်ရှိနေလို့ပါ။


ဗနီလာမှာ အင်တီအောက်စီးဒင့်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းသတ္တိရှိပြီး ရောင်ရမ်းမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့် ဖျားနာနေချိန်မှာဆိုရင် vanilla ပါဝင်တဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် သင့်လျော်ပါတယ်။ ဒါကြောင့် သင်ကြားဖူးနေကျ အနံ့အရသာတစ်မျိုးဖြစ်တဲ့ ဗနီလာဆိုတာ နှစ်လိုဖွယ် ရနံ့နဲ့ ဆိမ့်တဲ့အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုနိုင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။


June Nine Aung (We Food)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။