သင့်Crush က သင့်ကိုပြန် Crush နေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

Crush ပြန်ကြိုက်အောင် ဘယ်လိုနေရမလဲ

Related image

- Crush ပါ။ မစွဲလမ်းပါစေနဲ့။ Crush တာက ပေါ့ပါးပြီး စွဲလမ်းတာက လေးပင်ပါတယ်။ သင့်ဘက်က Crush ပြီဆိုတာနဲ့ Crush ခံရတဲ့သူကလည်း သင်နဲ့ပတ်သက်ပြီး တစ်ခုခုတော့ စတင်ခံစားရပါတယ်။ စိတ်ချင်းဆက်သွယ်တယ်လို့ပဲ ပြောရမလား။ (အထူးသဖြင့် သင်နဲ့နေ့စဉ် တွေ့နေရတဲ့သူမျိုးဆိုရင်ပေါ့။) ဒါကြောင့် သင့်ဘက်က လေးလန်တဲ့စိတ်တွေနဲ့ အသည်းအသန်Crush နေတယ်ဆိုရင် တစ်ဖက်လူကလည်း အလိုလိုလေးလံလာပါတယ်။ ပေါ့ပေါ့ပါးပါးပဲ Crush ပါ။ စွဲလန်းစိတ်တွေက သင့်ကို မဖိစီးပါစေနဲ့။

- အရှိအတိုင်းနေပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ ဟန်ဆောင်ခြင်းက ဘယ်လောက်များ ကြာရှည်ခံမှာလဲ။ မူရင်းပုံစံလေးကသာ ဆွဲဆောင်မှု အရှိဆုံးပါ။ ကြိုက်တဲ့သူကတော့ သင်ဘာဖြစ်ဖြစ် ကြိုက်မှာဖြစ်ပြီး မကြိုက်တဲ့သူကတော့ သင်ဘာလုပ်လုပ် ကြိုက်မှာကို မဟုတ်ပါဘူး။ လှပသပ်ရပ်အောင်နေ၊  စိတ်ကောင်းလေးမွေး၊ အလုပ်ကြိုးစား၊ စာကြိုးစား။ ဒီလောက်ဆိုရပါပြီ။


Crush က ပြန်ကြိုက်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

Related image

အမူအရာ

- ဆံပင်ကို မကြာခဏ သပ်တင်မယ်/ ဆော့ကစားမယ်

- လူများနေတဲ့အခန်းမှာတောင် သင့်ကိုလိုက်ရှာနေမယ် (ရှာတွေ့လို့အကြည့်ချင်းဆုံရင် မျက်နှာ ချက်ချင်းလွှဲပစ်မယ်)

- နှုတ်ခမ်းကိုက်မယ် (ရှက်လို့၊ ဒါမှမဟုတ် မလုံမလဲဖြစ်လို့)

Image result for wang yibo gif

စကားအပြောအဆို

- စနောက်မယ် (သင်ပျော်စေချင်လို့စနောက်တဲ့စကားမျိုး)

- သင်စကားပြောလာအောင် လုပ်မယ်။ မေးခွန်းမေးမယ်။

- စကားပြောခွင့်ရဖို့ ကြိုးစားမယ် (ကျောင်းစာ၊ အိမ်စာ၊ အလုပ်ကိစ္စ၊ အားလပ်ရက်အကြောင်း၊ စသဖြင့်)

Image result for wang yibo gif

အသွင်အပြင်

- သတိထားမိလောက်အောင် အရင်ထပ် ပိုမိုသပ်ရပ်လှပစွာ ဝတ်စားမယ်

- ရေမွှေးနံ့သင်းနေမယ် (အထူးသဖြင့် သင်ကြိုက်တယ်လို့ပြောတဲ့ အနံ့မျိုး)

- သင်နဲ့ပုံစံတူ ဝတ်ဆင်မယ် (အရောင်တူ/ Brand တူ)

Related image

တုံ့ပြန်မှု

- သင်စကားပြောနေတဲ့အချိန်မှာ ပုံမှန်အချိန်ထက် ပိုပြုံးနေတတ်တယ်

- သင်ပြောသမျှဟာသတွေအကုန် လိုက်ရယ်မယ် (မရယ်ရရင်တောင်မှပေါ့)

- စကားကို နှိမ့်ချစွာပြောမယ် (အချို့ကလည်း ပိုပြီး ယုံကြည်မှုရှိရှိပြောတတ်ပါတယ်)

Image result for gazing gif

အခြားထူးခြားချက်

- ပုခုံးတွေဖွင့်၊ ခါးတွေဆန့်ထားမယ်၊ ပိုအရပ်ရှည်တဲ့ ပုံစံမျိုးဖြစ်အောင်ပေါ့

- သင့်အလုပ်တွေ ကူလုပ်ပေးမယ်၊ သင့်ကို မုန့်ဝယ်ကျွေးမယ်

- သင်နဲ့နှစ်ယောက်တည်းအတူ ရှိနိုင်မယ့်အချိန်ကို ဖန်တီးတယ်

-       အခြားသူတွေနဲ့ တရင်းတနှီးနေရင် သဝန်တိုမယ်

Image result for shy girl gif

ဒီအချက်တွေအတိုင်း ဖြစ်နေပြီဆိုရင်တော့ သင့်ကို ပြန် Crush နေပြီဆိုတာ သေချာပါပြီ။ တစ်ခုတော့ သတိထားပေါ့။ တကယ်ပဲ သူ့ဘက်က ဒီလိုဖြစ်နေတာလား။ သင့်စိတ်က ထင်ယောင်ထင်မှား ဖြစ်နေတာလားဆိုတာ ခွဲခြားတတ်ပါစေ။ Crush Level အရမ်းမြင့်လာတဲ့အချိန်မှာ ထင်ယောင်ထင်မှားတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် သတိထားပါ။ သင်ကိုယ်တိုင်ဆုံးဖြတ်လို့မရရင် သင်ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်ကို ဝေဖန်ခိုင်းပါ။

Image result for hey i like you gif

နောက်တစ်ခုက ဘယ်အရာမှ အပိုင်တွက်ထားလို့မရပါဘူး။ သင့်ကို ပြန်ကြိုက်သလိုလို ဖြစ်နေပေမယ့် နောက်တစ်ယောက်ဆီ ဦးလှည့်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ သင့်ကံပဲပေါ့နော်။ သင်တို့နှစ်ယောက် ရေစက်ပါမလာလို့ဘဲ မှတ်ပါ။ နောက်ဆုံးမှာ ပြောချင်တာကတော့ Crush က ပြန်ကြိုက်နေလားဆိုတာ အရှင်းလင်းဆုံး သိနိုင်တဲ့အချက်ကတော့ သင့်ဆီကို တိုက်ရိုက်လာပြီး “ငါနင့်ကို သဘောကျတယ်” လို့ပြောတဲ့အချိန်ပါပဲ။ အဲ့အချိန်မတိုင်ခင်တော့ ကိုယ့်ထမင်းကိုယ်စားပြီး သူများသားသမီးအတွက်နဲ့ သောကရောက်မနေပါနဲ့လို့ပဲ ပြောချင်ပါတယ်။ 


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။