ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းအရင်းများ

မိန်ကလေးအတော်များများဟာ အေးဆေးချိုလွင်တဲ့ သီချင်းသံစဉ်တွေကို နှစ်သက်တတ်ကြပါတယ်။ ဒါပေမဲ့ လည်း ရော့ခ်ဂီတလို ဆူညံပေါက်ကွဲတဲ့ သီချင်းတွေကို ခုံမင်နှစ်သက်တဲ့ ကောင်မလေးတွေလည်း မနည်းလှ ပါဘူး။ ရော့ခ်သီချင်းတွေဟာ အပေါ်ယံဆူညံပေါက်ကွဲတတ်တာ မှန်ပေမဲ့ ရော့ခ်သီချင်းတွေ နှစ်သက်ခြင်းရဲ့ ကောင်ကျိုးတွေလည်း အများကြီးပါပဲ။



ရော့ခ်သီချင်းနှစ်သက်သူတွေရဲ့ စိတ်နေစိတ်ထားဟာ ထူးခြားပြီး လွတ်လပ်မှုရှိကြပါတယ်။ ရော့ခ်သီချင်းတွေကို နှစ်သက်တဲ့ ကောင်မလေးတွေဟာလည်း ထူးခြားတဲ့ စိတ်နေစိတ်ထားလေးတွေ ရှိနေပါတယ်။ ဒါ့ပြင် သူတို့ စိတ်ထားက သူတို့ရဲ့ချစ်သူအတွက် ကောင်းတဲ့အချက်တွေ ဖြစ်သွားတတ်ပါတယ်။


အဲဒါဆိုရင် ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမှာလဲ?


၁။ ပွင့်လင်းကြပါတယ်


ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတွဟာ ပွင့်လင်းမှုရှိကြပါတယ်။ မိန်းကလေးသိပ်မဆန်တဲ့သူ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ လုံး၀ အုံ့ပုန်းမနေတတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြပါတယ်။ ချစ်သူတွေကြားမှာ ပွင့်ပွင့် လင်းလင်းရှိတာဟာ ရေရှည်အတွက် ကောင်းတဲ့အရာတစ်ခုပါ။


၂။ မချုပ်ခြယ်တတ်ကြပါဘူး


ရော့ခ်သီချင်းချစ်သူကောင်မလေးတွေဟာ လွတ်လပ်မှုကို ခုံမင်ကြပါတယ်။ သူတို့ကို ချုပ်ခြယ်တာ မကြိုက် သလို သူတို့ကိုယ်တိုင်ကလည်း သိပ်မချုပ်ခြယ်တတ်ကြပါဘူး။ ယောကျာ်လေးအတော်များများကလည်း ချုပ်ခြယ်တာကို မကြိုက်တာကြောင့် အဲဒီအချက်က ချစ်သူနှစ်ဦးကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာပါ။


၃။ သိပ်စိတ်ရှုပ်မခံကြပါဘူး


ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးအတော်များများဟာ မိန်းမ မဆန်လွန်းသလို သိပ်လည်းစိတ်ရှုပ်မခံကြပါ ဘူး။ အဲဒါကြောင့် သူတို့ဟာ သိပ်မရစ်တတ်ကြသလို အကြောင်းမရှိဘဲလည်း သိပ်မကောက်ကြပါဘူး။ သူတို့ ကို ပွင့်ပွင့်လင်းလင်းရှင်းပြရုံနဲ့တင် ပြဿနာပြေလည်နိုင်ပါတယ်။


၄။ လွတ်လပ်ပျော်ရွှင်ကြပါတယ်


သူူတို့ဟာ လွတ်လပ်ပျော်ရွှင်ကြသူတွေလည်း ဖြစ်ပါတယ်။ ပေါက်ကွဲသံစဉ်တွေ နားထောင်လိုက်ရုံနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ လွင့်ပါးသွားတတ်ပါတယ်။ အဲဒါကြောင့် စိတ်ရှုပ်ပြီး အရစ်ခံရတဲ့အဖြစ်ကနေ ကင်းဝေနိုင်ပါတယ်။ စိတ်စိတ်ကြာကြာ မညစ်တတ်တာကြောင့် သင်တို့ရဲ့ပျော်စရာအချိန်တွေ အလဟဿမဖြစ်တော့ပါဘူး။


၅။ ကိုယ့်အားကိုယ်ကိုးတတ်ကြပါတယ်


သူတို့တွေဟာ အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြသူတွေ များပါတယ်။ အဲဒါကြောင့် သူရဲ့ ကိစ္စတိုင်း အတွက် သင်လိုက်ပြီး ခေါင်းရှုပ်ပေးနေစရာမလိုပါဘူး။ သူနိုင်သလောက် သူ့ဘာသာသူ ဖြေရှင်းပါလိမ့်မယ်။


၆။ ပြတ်သားကြပါတယ်


အများအားဖြင့် ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတွေဟာ ပြတ်သားကြပါတယ်။ သူတို့ဟာ ကိုယ့်အားကိုယ် ကိုးတတ်သလို ပြတ်သားမှုရှိကြတာလည်း များပါတယ်။ သင့်မပြတ်မသားဖြစ်နေတဲ့ ကိစ္စမျိုးအတွက်တောင် သူက သင့်အတွက် အကြံကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။


၇။ ဖန်တီးနိုင်စွမ်းမြင့်မားသူတွေ ဖြစ်ပါတယ်


ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးအတော်များများဟာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုင်ဆိုင်ကြပြီး ဖန်တီးနိုင်မှုစွမ်းအား ကောင်းသူတွေ ဖြစ်ကြပါတယ်။ အဲဒါကြောင့် သင်တို့ရဲ့အနာဂတ်ဟာ ငြီးငွေ့စရာမကောင်း့ဘဲ အမြဲတမ်းထူးခြားမှုတွေ ပြည့်နှက်နေမှာ အမှန်ပါပဲ။


၈။ နားလည်မှုရှိကြပါတယ်


သူတို့တွေဟာ ဆူညံပေါက်ကွဲတဲ့ သီချင်းတွေနားထောင်ရင်း စိတ်ဖိစီးမှုတွေကို ခြေဖျက်နိုင်တာကြောင့် စိတ်လက်ပေါ့ပါးမှုရှိတာကြောင့် နားလည်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။ အခြေအနေအပေါ်မူတည်ပြီး သင့်ကို ကောင်းကောင်းနားလည်မှုပေးနိုင်ပါတယ်။


၉။ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေရှိပါတယ်


ရော့ခ်လို ဆူညံပေါက်ကွဲတဲ့ ဂီတမျိုးကို လူတိုင်းမကြိုက်နိုင်ကြပါဘူး။ ဒါပေမဲ့ အဲဒီလိုဂီတမျိုးကိုမှ ခုံမင်စွာ ကြိုက်နှစ်သက်တတ်တဲ့ ကောင်မလေးမျိုးဆိုရင်တော့ သူတို့ရဲ့စိတ်နေသဘောထားနဲ့ ဟန်ပန်အမူအယာတို့ကို က တစ်မျိုးတဖုံ ထူးခြားကွဲထွက်နေပါတယ်။ အဲဒီအချက်က သူတို့ရဲ့ဆွဲဆောင်မှုဖြစ်ပြီး သင့်ကိုလည်း မငြီးငွေ့ စေဘဲ ရေရှည်ဆွဲဆောင်မှု ရှိနေစေမှာပါ။


၁၀။ မဟုတ်မခံစိတ် ရှိကြပါတယ်


ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတွေဟာ အများအားဖြင့် မဟုတ်မခံစိတ်ရှိကြပါတယ်။ မှန်တယ်ထင်ရင် ခေါင်းငုံ့မခံတတ်ကြသူတွေပါ။ အဲဒါကလည်း သူတို့ရဲ့ဆွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။


၁၁။ အလေးအနက်ရှိကြပါတယ်


ရော့ခ်သီချင်းချစ်သူကောင်မလေး အတော်များများဟာ အပြင်းစားရော့ခ်သီချင်းတွေလိုပဲ စိတ်ထားကလည်း လေးလေးနက်နက် ရှိကြပါတယ်။ အဲဒါကြောင့် သင့်ကိုချစ်ရင်လည်း လေးလေးနက်နက်ချစ်မှာ ဖြစ်ပါတယ်။


ကဲ… အဲဒါကြောင့် ချုပ်လည်း မချုပ်ခြယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ တစ်မျိုးတဖုံဆွဲဆောင်အားကောင်းပြီး သင့်ကို နက်နက်နဲနဲချစ်မယ့် ကောင်မလေးမျိုးကို လိုချင်ရင်တော့ ရော့ခ်သီချင်းကြိုက်တဲ့ ကောင်မလေးတွေကိုသာ ချစ်သူအဖြစ် ရွေးချယ်လိုက်ပါ။


by Cherry Mon
Photo Credit: Pixabay, Freepik

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။