ရေချိုငါးပိလုပ်နည်း

ငါးပိတွေကို ဈေးကွက်မှာ အမြန်ဆုံးရောင်းချနိုင်ဖို့ ဓါတ်မြေသြဇာများ ထည့်သွင်းလာသော ယနေ့ခေတ်တွင် ငါးပိမပါလျင် ထမင်းမမြိန်တတ်သော မြန်မာလူမျိုးတို့အဖို့ အခက်တွေ့ကြမှာ မလွဲမသွေပါပဲ။ စားရမှာလည်း သဲ တရှပ်ရှပ် ပစ်ရမှာလည်း ဆီတဝင်းဝင်း ဆိုသလို  မြေသြဇာနှင့် ဓါတုဆေးများသုံးထားမှန်းသိသော်လည်း ငါးပိကို မပစ်ပယ်နိုင်သောကြောင့် မျက်စိမှိတ်စားနေကြရပါသည်။ ထို့ကြောင့်ပင် ငါးပိကို ကိုယ်တိုင်လုပ်စားချင်သော အိမ်ရှင်မများအတွက် ငါးပိလုပ်နည်းကို We Food မှ ဝေမျှပေးလိုက်ရပါသည်။

ငါးမျိုးစုံ(ရေချိုငါး) ၁၀ ပိသာ၊ ဆား ၃ ပိသာ၊ ဆန်ကွဲ(ငစိန်) ၁၀ ဘူးတို့လိုအပ်ပါတယ်။

ငါးကို အူထုတ်ပြီး ရေစင်အောင်ဆေးပြီး ဇကာဖြင့်ရေစစ်ထားပါ။

ရေစစ်လျှင် ဆားနှင့်နယ်ပြီး စဉ့်အိုးထဲသို့ သိပ်ထည့်ကာ အဖုံးလုံအောင်ဖုံးထားပေးပါ။ 

၃ ရက်ထားပြီးလျင် ဇကာပေါ် ဆယ်တင်လိုက်ပါ။

အောက်တွင် ဇလုံ ခံထားရပါမယ်။

ငံပြာရည်များ ကျလာပါလိမ့်မယ်။ ကျိုပြီး အသုံးပြုနိုင်ပါတယ်။

၃ ရက်ပြည့်လျင် ဆန်ကိုပြဲအောင်ကျိုကာ အအေးခံထားပြီး အေးသွားလျှင် ငါးတစ်ထပ် ထမင်းတစ်ထပ် သိပ်ထည့်၍ ၎င်းအိုးကို နေပူပူတွင်ထုတ်လှမ်းပါ။ နူးလျှင်ထုတ်ပြီးထောင်းကာ အိုးတွင်ပြန်သိပ်ပြီး နေပူတွင်လှမ်းထားလိုက်ပါ။(အနည်းဆုံး ၆လမှ တစ်နှစ်ခန့်ထားလျင် ပိုစားကောင်းပါသည်)


ငါးပိတွင် အဟာရဓါတ်များစွာပါဝင်သော်လည်း ေရာင်းတန်းငါးပိများတွင် (အမြန်ရရန်) ဓါတ်မြေသြဇာထည့်ခြင်း၊ ဆားအလွန်

ထည့်ခြင်းတို့ကြောင့် ကျန်းမာရေးအတွက် လုံးဝမသင့်လျော်တော့ပါ။ ရောင်းတန်းငါးပိများတွင်မူ ဘေးဥပါဒ်များသာ ပါဝင်နိုင်ပါသည်။ ထို့ကြောင့် အိမ်ရှင်မများအတွက် ကိုယ်တိုင်ငါးပိလုပ်လိုက လုပ်နိုင်ရန်အတွက် ရေးသားဖော်ပြလိုက်ရပါသည်။


June Nine Aung (We Food)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။