Paris Fashion Week မှာ Dior ရှိူးပွဲကို တက်ရောက်ခဲ့တဲ့ မော်ဒယ်Mဆိုင်းလု

ပြင်သစ်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ Paris fashion week ဆိုတာ ကမ္ဘာကျော်ဒီဇိုင်နာတွေရဲ့ ရှိူးပွဲများစွာကို ကျင်းပလေ့ရှိတဲ့ အခမ်းအနားတစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ နှစ်စဉ်နှစ်တိုင်းကျင်းပပြီးတော့ ကမ္ဘာအရပ်ရပ်က Celebrity တွေနဲ့ Hollywood မင်းသားမင်းသမီးများအပါအဝင် သန်းကြွယ်သူဌေးများစွာ တက်ရောက်ကြတဲ့ပွဲလို့ ပြောရင်လည်း မမှားပါဘူး။ အရမ်းကို ခမ်းနားလွန်းတဲ့ပွဲလို့ ဆိုရမှာပေါ့။


ဒီလိုမျိုး တက်ရောက်ဖို့ အရမ်းခက်ခဲတဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ကြီးရဲ့ Paris Fashion Week ကို မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ် M Seng Lu က ဖိတ်ကြားခံခဲ့ရပါတယ်။ M Seng Lu ဟာ မြန်မာကိုယ်စားပြု မော်ဒယ်တစ်ယောက်အနေနဲ့ ရှိူူးပွဲကြီးကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတက်ရောက်ခဲ့ပါတယ်။ ဒါကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့ ပွဲတက်ရောက်ခဲ့တဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။



ယခုနှစ် Paris Fashion Week ရဲ့အဖွင့် ရှိူးပွဲကိုတော့ Dior Fashion နဲ့ ဖွင့်ခဲ့ပါတယ်။ Dior ဆိုတာလည်း မြန်မာပြည်အပါအဝင် နိုင်ငံတကာက သိန်းဆယ်နဲ့ချီ ပေးပြီး ဝယ်ယူရတဲ့ ဘရန်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အခုကျင်းပခဲ့တဲ့ Dior Show ဟာ ပွဲတက်ချင်လို့ ပိုက်ဆံပေးဝယ်ရင်တောင် လက်မှတ်ဝယ်လို့မရတဲ့ Show ပါ။ ချစ်ခင်ရင်းနှီးတဲ့သူတွေကိုသာ ဖိတ်ကြားတဲ့ပွဲပါ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ Dior Show ပွဲကြီးကို မြန်မာမော်ဒယ် M Seng Lu မှ တက်ရောက်ခွင့် ရတာဟာ ဂုဏ်ယူစရာပါပဲ။ 


ဒါ့အပြင် မော်ဒယ် M Seng Lu ဟာ Dior ရဲ့ Main ဒီဇိုင်နာ Miranda Priestly နှင့်အတူ ဓာတ်ပုံတွဲရိုက်ခွင့်လည်း ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ Paris Fashion Week စတင်ကျင်းပခဲ့တာနဲ့ တိုက်ဆိုင်စွာ အဲဒီနေ့ဟာ မော်ဒယ် M Seng Lu ရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ သူမအတွက်တော့ အတိုင်းထက်အလွန် ကောင်းမွန်တဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်ခဲ့ပါတယ်။

" target="_blank">


Photo; M Seng Lu IG

By Paulina