2019 Paris Fashion Week ရဲ့ Best Street Style တစ်ခုအဖြစ် ဖော်ပြခြင်းခံခဲ့ရတဲ့ Mဆိုင်းလု

မော်ဒယ် Mဆိုင်းလုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Paris Fashion Week ကို ဖိတ်ကြားခြင်းခံရလို့ တက်ရောက်ခဲ့ပါတယ်။ First Week ဖြစ်တဲ့ Spring Summer 2020 Fashion Week (S/S 20) ကို ကမ္ဘာကျော် ဘရန်း အကြီးစားတွေဖြစ်တဲ့ Dior နဲ့Saint Laurent က အဖွင့်ရှိုးလုပ်ခဲ့တာပါ။ 


Fashion Show ပွဲတွေရဲ့ ထုံစံအတိုင်း ပြသမယ့် Show ရဲ့ Theme နဲ့ညီအောင် ဝတ်ဆင်လာကြလေ့ ရှိပါတယ်။ တက်ရောက်လာတဲ့ ကမ္ဘာကျော် မင်းသားမင်းသမီးတွေ၊ မော်ဒယ်တွေ၊ Influencer၊ ဖက်ရှင်ဂုရု အသီးသီးဟာ Spring Summer Fashion နဲ့လိုက်ဖက်မယ့် ဖက်ရှင်မျိုးတွေ ဝတ်လာကြတာပေါ့။ ဒီထဲမှာမှ မြန်မာပြည်ရဲ့ စူပါမော်ဒယ် Mဆိုင်းလုရဲ့ ဝတ်စုံကို The Best Street Looks အဖြစ် ကနေဒါအခြေစိုက် မဂ္ဂဇင်းဖြစ်တဲ့ Fashion Magazine မှ ဖော်ပြခဲ့ပါတယ်။


ပွဲကိုတက်ရောက်ခဲ့တဲ့ ဆယ်လီတိုင်းက ကိုယ့်ဒီဇိုင်းနဲ့ကိုယ် လှပနေကြတယ်ဆိုပေမယ့် မော်ဒယ် Mဆိုင်းလုရဲ့ ဖက်ရှင်ကတော့ Spring Summer Theme နဲ့ကိုက်ညီနေတဲ့အပြင် ပြင်သစ်ကောင်မလေးတစ်ယောက်ရဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး သေသပ်လှပတဲ့ ဒီဇိုင်းဖက်ရှင်အဖြစ် ထင်းထွက်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဂျာမနီအခြေစိုက် မဂ္ဂဇင်း ELLA Fashion မှလည်း Finest Road Model အဖြစ် ထည့်သွင်း ဖော်ပြခဲ့ပါတယ်။


မော်ဒယ် ဆိုင်းလုရဲ့ ဝတ်စုံကိုတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဒီဇိုင်နာ Ahlatt Lumyang က ဖန်တီးခဲ့တာပါ။ နိုင်ငံတကာ ဖက်ရှင်မဂ္ဂဇင်းတွေကတောင် Ahlatt ရဲ့ဒီဇိုင်းကို လက်ယာမြောက်တဲ့ဒီဇိုင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရတာဟာ မြန်မာနိုင်ငံက ဒီဇိုင်နာတွေအတွက် Motivate ဖြစ်စေပါတယ်။ ဒါ့အပြင် မြန်မာမော်ဒယ်တစ်ယောက်အနေနဲ့ ကမ္ဘာကျော် Fashion Show ကို တက်ရောက်ခွင့်ရခဲ့တဲ့အပြင် နိုင်ငံတကာ မဂ္ဂဇင်းတွေမှာ ဖော်ပြခြင်းခံရတယ်ဆိုတာ M ဆိုင်းလုအတွက် အရမ်းကို ဂုဏ်ယူစရာကောင်းပါတယ်။


Source; Ahlatt Lumyang Facebook, fashionmagazine.com, ellafashion.de


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။