လူတိုင်းသိထားသင့်တဲ့ သံပုရာသီးရဲ့ အသုံးဝင်ပုံအချို့

ကျွန်တော်တို့ ပတ်ဝန်းကျင် မလှမ်းမကမ်းမှာ အလွယ်တကူ အမြဲတွေ့နေရပြီး မသိတဲ့သူဆိုတာ မရှိသလောက်ရှားတဲ့ သံပုရာသီးရဲ့ အသုံးဝင်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ခံတွင်းကျန်းမာရေးအတွက် သံပုရာသီး အခွံကိုဆား အနည်းငယ်နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူဝင်းတောက်ပ စေပါတယ် ဒါ့အပြင် ခံတွင်းအနံ့ဆိုးကိုပါ ပျောက်စေပြီး သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးလို့ရပါတယ်။

၂။ နှုတ်ခမ်းကွဲခြင်းနှုတ်ခမ်းကွဲခြင်းဖြစ်ပေါ်နေပါက သံပုရာသီးနဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး တစ်ပတ်လောက် ပုံမှန် လိမ်းပေးပါကလည်း ပျောက်ကင်းနိုင်ပါတယ်။


၃။ ဆံပင်ကျွတ်ခြင်းကို အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ကို ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်းစေပါတယ်။

၄။ အသားအရေ ခြောက်သွေ့ခြင်းအတွက်လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ငှက်ပျောသီးမှည့် တစ်လုံးကို ချေထား ပြီးရောစပ်ပေးပြီး မျက်နှာကိုလိမ်းပေးရုံဖြင့်မျက်နှာ အသားအရေကို ချောမွေ့ သန့်ရှင်းစေပါတယ်။


၅။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပြီး သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ်သွားရအောင်ကာ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူကာ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပြီး ရေနဲ့ပြန်ဆေးချပေးခြင်းဖြင့် အဆီပြန်ခြင်းကို ကင်းဝေးနိုင်ပါတယ်ခင်ဗျာ။

၆။ တံတောင်ဆစ် မည်းခြင်းအတွက်တံတောင်ဆစ်မည်းခြင်းအတွက်

လည်း သံပရာသီးအခွံနဲ့ ပွတ်ပြီး နည်းနည်းကြာကြာလေးထားပြီး ရေနဲ့ ဆေးပေးပါကလည်း တံတောင်ဆစ်တွေကို ဖြူဝင်းလာစေပါတယ်။


၇။ နွေအပူမှာ ချွေးထွက်သူများအတွက်ပူပြင်းတဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲဖြစ်ဖြစ် သံပုရာရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါက သွေး ၊ လေ လည်ပတ်မှုကို ကောင်းမွန်စေရုံတင်မဟုတ်ပဲ ချွေးထွက်ခြင်းကိုလည်း သက်သာစေပါတယ်။

အခုလို ကျန်းမာရေးအတွက်ရော အလှအပနဲ့ဆိုင်ရာ အသားအရေအတွက်ပါ အသုံးဝင်တဲ့ သံပုရာသီးရဲ့ အကျိုးကျေးဇူးတွေကို ကောင်းမွန်စွာအသုံးချပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။