ဆံသားကို ဖြောင့်စင်းလှပစေမယ့် သဘာဝနည်းလမ်း (၇) သွယ်

မိန်းကလေးအတော်များများဟာ ဆံပင်ဖြောင့်စင်းတောက်ပြောင်နေတာကို သဘောကျကြပါတယ်။ ဒါပေမဲ့ သဘာမဟုတ်တဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဆံသားကို ထိခိုက်ပျက်စီးစေနိုင်သလို အကုန်အကျလည်း များပါ တယ်။ အဲဒါကြောင့် ဆံသားကို ကျန်းမာလှပစေပြီး သဘာဝအတိုင်းဖြောင့်စင်း စေမယ့် လွယ်ကူတဲ့ နည်းလမ်း (၇) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အုန်းနို့နဲ့ လီမွန်ရည်


အုန်းနို့ ¼ cup နဲ့ လီမွန်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရောနှောပြီး ရေခဲသေတ္တာထဲမှာ ညသိပ်ထားပါ။ မနက်ရောက်တဲ့အခါ သင့်ရဲ့ဦးရေပြားနဲ့ ဆံသားမှာသုတ်လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန်ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၁ ခါ ပြုလုပ်ပေးပါ။ သင့်ဦးရေပြားကို အာဟာရပြည့်ဝစေပြီး ဆံသားကို ဖြောင့်စင်းစေရုံမက နူးညံ့တောက်ပြောင်စေပါလိမ့်မယ်။


၂။ Hot Oil Treatment


Castor oil လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းရောနှောပြီး ခပ်နွေးနွေးဖြစ်အောင် ၂ မိနစ်လောက် အပူပေးပါ။ ပြီးရင်တော့ သင့်ဦးရေပြားနဲ့ ဆံသားမှာ လိမ်းပြီး ဦးခေါင်းကို ၁၅ မိနစ်လောက် ခပ်ဖွဖွ နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန် ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၂ ခါ ပြုလုပ်ပေးပါ။ သင့်ဆံသားကို နူးညံ့ချောမွေ့တောက်ပြောင်စေမှာပါ။


၃။ Milk Spray


နွားနို့ ¼ cup ကို စပရေးဗူးထဲထည့်ပါ။ ဆံသားမှာ နွားနို့တွေ စိမ့်ဝင်ပျံ့နှံ့သွားတဲ့အထိ ဖျန်းပေးပါ။ မိနစ် ၃၀ လောက် ကြာရင် ရေပြန်ဆေးချပါ။ အဲဒီအတိုင်း တစ်ပတ် ၁ ခါ ဒါမှမဟုတ် ၂ ခါ ပြုလုပ်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်က သင့်ဆံသားကို ဖြောင့်စင်းလှပစေပါတယ်။


၄။ ကြက်ဥနဲ့ သံလွင်ဆီ


ကြက်ဥ ၂ လုံးနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရောသမမွှေပြီး သင့်ဆံသားမှာ လိမ်းပေးပါ။ တစ်နာရီ ကြာအောင် ထားပြီးတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန် ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၁ ခါ ပြုလုပ်ပေးပါ။ သင့်ဆံသားကို အိစင်းလှပစေပါတယ်။


၅။ နွားနို့နဲ့ ပျားရည်


နွားနို့ ¼ cup နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သမအောင်ရောနှောပြီး သင့်ဆံသားအနှံ့ လိမ်းပေးပါ။ ၂ နာရီကြာအောင် ထားပြီးတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန် ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၁ ခါ ပြုလုပ်ပေးပါ။ သင့်ဆံပင်ကို ချောမွတ်တောင်ပြောင်လှပစေပါတယ်။


၆။ ငှက်ပျောသီးနဲ့ သင်္ဘောသီး


ငှက်ပျောသီးမှည့် ၁ လုံးနဲ့ သင်္ဘောသီးအစိတ်ကြီးကြီး ၁ စိတ်ကို ထုချေပြီး သမအောင်ရောနှောပါ။ အဲဒီအရော ကို သင့်ဆံသားမှာ လိမ်းပေးပါ။ ၄၅ မိနစ်လောက် ကြာတဲ့အခါ ဒါမှမဟုတ် ခြောက်သွေ့သွားတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန် ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၁ ခါ ပြုလုပ်ပေးပါ။ သင့်ဆံသားကို အားဖြည့်ပေးပြီး ဖြောင့်စင်းတောင်ပြောင်စေပါတယ်။


၇။ လျှားစောင်းလက်ပတ်


ခပ်နွေးနွေးအပူပေးထားတဲ့ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ ¼ cup ကို လျှားစောင်းလက်ပတ်ဂျယ် ¼ cup နဲ့ သမအောင်ရောပါ။ အဲဒီအရောကို ဆံသားမှာလိမ်းပေးပါ။ မိနစ် ၄၀ လောက် ကြာတဲ့အခါ shampoo ခပ်ပျော့ပျော့၊ ရေအေးအေးတို့နဲ့ ပြန် ဆေးချပါ။ အဲဒီနည်းအတိုင်း တစ်ပတ် ၁ ခါ ပြုလုပ်ပေးပါ။ သင့်ဆံသားကို ရေဓာတ်ပြည့်ဝစေပြီး အိစင်းလှပစေပါတယ်။


သင့်ရဲ့ဦးရေပြားကျန်းမာပြီး ဆံသားဖြောင့်စင်းတောက်ပြောင်စေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ နည်းလမ်း တစ်ခုခုကို တစ်ပတ်မှာ ၁ ခါကနေ ၂ ခါအထိ အမြဲတမ်း ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။


by Cherry Mon   
Photo Credit: WeHeartIt, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။