အိုသွေးတို့ရဲ့ စိတ်နေစိတ်ထား

ရာသီဖွားတွေကွဲပြားသလိုပဲ ကွဲပြားတဲ့ သွေးအမျိုးအစားတွေကလည်း မတူညီတဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြနေပါတယ်။ အဲဒါကြောင့် သွေးအမျိုးအစားအမျိုးမျိုးထဲကမှ အိုသွေးတို့ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေး လိုက်ပါတယ်။


အစွဲအလမ်းကြီးတယ်


အိုသွေးပိုင်ရှင် တော်တော်များများဟာ အစွဲအလမ်းကြီးကြပါတယ်။ ချစ်မိပြီဆိုရင် အသည်းအသန်ပါပဲ။ အချစ်တင်မက အရာရာတိုင်းကို အစွဲအလမ်းကြီးသူတွေ ဖြစ်ပါတယ်။ ချစ်တဲ့သူအတွက်ဆိုရင် မာနတွေကို ခဝါချရင်လည်း မမှုပါဘူး။ ဒါပေမဲ့ အိုသွေးပိုင်ရှင်တွေကို စိတ်နာသွားအောင်တော့ မလုပ်ပါနဲ့။ သူတို့တွေ တကယ်စိတ်နာသွားပြီဆိုရင်တော့ ဘာတွေပဲဖြစ်နေနေ လုံးဝလှည့်မကြည့်တတ်ပါဘူး။


ပျော်ပျော်နေတတ်တယ်


အိုသွေးပိုင်ရှင်တွေက ပျော်ပျော်နေရတာကို သဘောကျကြပါတယ်။ အပျော်အပါးမက်သလို အပေါင်းအသင်း လည်း မင်ကြပါတယ်။ သူတို့ဟာ ပျော်ပျော်နေတတ်သလို ဖော်ရွှေသဘောကောင်းကြပါတယ်။


အပေါင်းအသင်းကောင်းတယ်


အိုသွေးပိုင်ရှင်တွေဟာ လူမှုဆက်ဆံရေးကို လေးစားတန်ဖိုးထားတာကြောင့် အပေါင်းအသင်းများပါတယ်။ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ် ပြီး လူမှုဆက်ဆံရေးကောင်းကြပါတယ်။ သူတို့ဟာ မေတ္တာတရား ကြီးမားပြီး သူတပါးကို ကူညီဖို့လည်း ဝန်မလေးကြပါဘူး။


စိတ်ကူးယဉ်ဆန်တယ်


အိုသွေးပိုင်ရှင်အတော်များများဟာ စိတ်ကူးယဉ်တတ်သူတွေ ဖြစ်ပါတယ်။ အရာရာတိုင်းဟာ စိတ်ကူးကနေ ပေါက်ဖွားလာလေ့ရှိတာကြောင့် အိုသွေးပိုင်ရှင်တွေဟာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးနိုင်စွမ်းရှိကြပါတယ်။


စိတ်ခံစားလွယ်တယ်


အိုသွေးပိုင်ရှင်တွေဟာ စိတ်ခံစားလွယ်သူတွေ ဖြစ်ပြီး တစ်ခါတရံမှာ လိုအပ်တာထက် ပိုခံစားတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ ကြင်နာတတ်ပြီး တခြားသူတွေအပေါ်လည်း စာနာစိတ်အပြည့်ရှိကြပါတယ်။ တိရိစ္ဆာန်လေး တွေကိုလည်း ချစ်မြတ်နိုးကြပါတယ်။ စိတ်ခံစားလွယ်တဲ့ အိုသွေးပိုင်ရှင်တွေဟာ အများအားဖြင့် အနုပညာသမားတွေ ဖြစ်ကြပါတယ်။


ရည်မှန်းချက်ကြီးတယ်


အိုသွေးပိုင်ရှင်အတော်များများဟာ ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအခြေအနေနဲ့ မကျေနပ်နေတတ်ဘဲ ရည်ရွယ်ချက်ကြီးကြီးထားတတ်ပါတယ်။ သူတို့ဟာ ဂိမ်းလေးတစ်ခုလောက် ရှုံးတာကိုပဲ မကျေမနပ်ဖြစ်ပြီး ဇွဲနဘဲနဲ့ မနိုင် နိုင်အောင် ဆော့တတ်သူတွေပါ။ ရှုံးတယ်ဆိုတဲ့ ရလဒ်ကို အလွယ်တကူ လက်မခံချင်ကြပါဘူး။


သွေးဆူလွယ်တယ်

Bear Couple Milk And Mocha GIF - BearCouple MilkAndMocha Angry - Discover & Share GIFs
အိုသွေးပိုင်ရှင်တွေဟာ သွေးဆူလွယ်တာကြောင် စိတ်တိုဒေါသထွက်ဖို့ လွယ်ပါတယ်။ တစ်ခုခုဆိုရင် ရုတ်တရက် ဒေါသထွက်လွယ်ကြပါတယ်။ ဒါပေမဲ့ စိတ်ပြေလွယ်ပြီး အညှိုးအတေးမထားတတ်ကြပါဘူး။


အကောင်းဆုံးလက်တွဲဖော်တွေ ဖြစ်ကြတယ်


အိုသွေးပိုင်ရှင်တွေဟာ အချစ်ရေးမှာ အကောင်းဆုံးလက်တွဲဖော်တွေ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ မေတ္တာတရား ကြီးမားပြီး အရမ်းကို ချစ်တတ်ကြပါတယ်။ လက်တွဲဖော်အပေါ်မှာလည်း အကောင်းဆုံးနားလည်မှုပေးနိုင်သလို စွန့်လွှတ်အနစ်နာခံတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်စိတ်နာသွားပြီဆိုရင်တော့ ပြန်လှည့်မကြည့်တတ်ပါဘူး။


by Cherry Mon
Photo Credit: WeHeartIt, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။