သင့်Crush ကို ဆက်မ Crush သင့်တော့တဲ့ အကြောင်းအရင်း (၄) ခု

Crush ကို မေ့ပစ်ဖို့ကြိုးစားရတာလည်း အသည်းကွဲခြင်းတစ်မျိုးပါပဲ။ အပေါ်ယံ အပျော်သဘောလောက်ပဲ Crush တာမျိုးဆိုရင်တော့ ကိစ္စမရှိပါဘူး။ တချို့ကျတော့ စွဲလန်းရူးသွပ်တဲ့အဆင့်ကိုရောက်သွားပြီး တလွဲမျှော်လင့်ချက်တွေပါ ထားလာတဲ့အခါ အသည်းကွဲတဲ့အထိ အခြေအနေဆိုးသွားကြပါတယ်။ ခေါင်းထဲမှာလည်း တွေးနေမှာပေါ့ “သူငါ့ကို ပြန်စိတ်ဝင်စားနေမလား” ဆိုပြီးတော့။ တကယ်က အဲဒီမျှော်လင့်ချက်တွေက သင့်စိတ်ကူးထဲမှာပဲ ဖြစ်ပျက်နေတာပါ။ သင့်Crush က သိတောင်သိမှာ မဟုတ်ပါဘူး။ မမျှော်လင့်နဲ့လို့တော့ မပြောပါဘူး။ ဒါပေမဲ့ လုံးဝမမျှော်လင့်သင့်တော့တဲ့ အချိန်ရောက်လာရင်တော့ ဆက်ပြီး မ Crush သင့်တော့ပါဘူး။


၁) သင်ရှိနေမှန်းတောင်မသိဘူး

Meet Mayse Son Mi-Young. The 19th member of NCT.  •☆〜♪。•☆〜♪。•☆〜♪。•☆〜♪… #fanfiction #Fanfiction #amreading #books #wattpad

သင့် Crush သတိထားမိအောင် သပ်ရပ်လှပစွာ ပြင်ဆင်တယ်၊ Facebook/IG တွေမှာ ပုံတွေတင်တယ်၊ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အထာပေးတယ်။ ဒါပေမဲ့ သင့်Crush က သင့်ကို နည်းနည်းလေးတောင် ပြန်အဖက်မလုပ်ဘူး၊ Social Media မှာ သင်တင်သမျှကိုလည်း ဝင်မကြည့်ဘူး၊ အဆိုးဆုံးကတော့ သင်ရှိနေမှန်းတောင် မသိဘူး။ ဒါဆိုရင်တော့ သူသင့်ကို စိတ်မဝင်စားတာ သေချာပါတယ်။ ဆက်မမျှော်လင့်ပါနဲ့တော့။


၂) သင်ကချည်းအထာပေးနေရတယ်

Photography People Beautiful Sweets 62+ Ideas #photography

သင့် Crush နဲ့စကားပြောဖြစ်တဲ့အချိန်တွေ ရှိကောင်းရှိပါလိမ့်မယ်။ အဲလိုအချိန်တွေမှာ သင့်ဘက်ကချည်း တတွတ်တွတ်ပြောနေရတယ်၊ သင့်Crush ကတော့ အလိုက်တသင့် ခေါင်းညိမ့်၊ ပြုံးပြလုပ်ရုံပဲလုပ်တယ်။ ဘယ်လောက်ပဲ အချိန်ကြာကြာစကားပြောပြော သင့်ဘက်ကချည်း ပြောနေရတယ်ဆိုရင် ဒါက အခြေအနေကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ သင့်ကိုစိတ်ဝင်စားတဲ့သူက သင့်ကိုပိုသိအောင် ကြိုးစားမှာပါ။ သင့်အကြောင်းကိုလည်း သိဖို့မကြိုးစားဘူး၊ သင်ပြောပြတာတွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်တော့ ဆက် မ Crush ပါနဲ့တော့။


၃) သင့်ဘက်ကအရမ်းစွဲလန်းလာတယ်

No exactamente así, tal ves sonriendo ligeramente o manteniendo una mirada fija

Crush လို့ရပါတယ်။ ဒါပေမဲ့ သင့်သူငယ်ချင်းတွေကို တစ်ချိန်လုံး Crush အကြောင်းပဲ ပြောနေမယ်၊ Crush နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပဲ ခေါင်းထဲမှာ ထပ်တလဲလဲတွေးနေတယ်၊ သင့်ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ Crush အကြောင်းတွေနဲ့ပဲ ပြည့်နေတယ်ဆိုရင် အဆင်မပြေတော့ပါဘူး။ ကိုယ့်ဘဝကိုယ် အာရုံစိုက်ရမယ့်အစား Crush ရဲ့လွှမ်းမိုးမှုအောက် ရောက်နေပြီဆိုတာ အခြေအနေမကောင်းတော့ပါဘူး။ တကယ်က ကိုယ့်ဘဝကိုယ် အရင်တည်ဆောက်၊ ကိုယ့်ကိုယ့်ကိုယ် အရင်တန်ဖိုးထားလိုက်ပါ။ သင့်အတွက် စစ်မှန်တဲ့သူက အလိုလို ရောက်လာပါလိမ့်မယ်။


၄) Crush က တစ်ယောက်ယောက်နဲ့တွဲနေတယ်

Meet Mayse Son Mi-Young. The 19th member of NCT.  •☆〜♪。•☆〜♪。•☆〜♪。•☆〜♪… #fanfiction #Fanfiction #amreading #books #wattpad

သူများရည်းစား ကြောင်တောင်နှိုက်တဲ့အကွက်တွေ မလုပ်ပါနဲ့။ ဒါမှမဟုတ် သူတို့အတွဲ ပြတ်မယ့်နေ့ကို တိတ်တခိုးမျှော်လင့်နေရတဲ့ အရန်လူဘဝလည်း အရောက်မခံပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဒုတိယလူ အဖြစ်မခံပါနဲ့။ သင်က ပထမနေရာနဲ့ ထိုက်တန်ပါတယ်။ သင့်တန်ဖိုးသင် မချပါနဲ့။ သင့်ကိုယ်သင်မှ တန်ဖိုးမထားရင် ဘယ်သူက သင့်ကို တန်ဖိုးထားအုံးမှာပါလဲ။

━ pinterest : astrolost ✧ ˖ °

ဘယ်အချိန်မှာ ဆက်ပြီး မcrushသင့်တော့ဘူးဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်း တူချင်မှတူပါလိမ့်မယ်။ ဒါပေမဲ့ Warning Sign ကိုတော့ နှလုံးသားက ခံစားမိကြမှာပါပဲ။ အပြောထက် အလုပ်က ခက်တယ်ဆိုပေမယ့် မေ့သင့်တဲ့အချိန်မှာတော့ ကြိုးစားပြီး မေ့ပစ်ရမှာပါပဲ။ သင်ဟာ သင်ချစ်သလို ပြန်ချစ်တဲ့သူနဲ့ ထိုက်တန်ပါတယ်။ တစ်နေ့ပြန်ချစ်လာမလားဆိုပြီး မျှော်လင့်နေရမယ့်သူမျိုး မဟုတ်ပါဘူး။ ပြေးတဲ့သူနောက် မလိုက်ပါနဲ့။ သင့်ဆီပြေးလာတဲ့သူကိုပဲ ကြိုဆိုတတ်အောင် ကြိုးစားပါ။


Photo; Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။