ဝက်နံရိုးစတူးနှင့်အာလူးထောင်း

ပါဝင်ပစ္စည်းများ

ဝက်နံရိုး (pork ribs) ၆၀၀ ဂရမ်

နံနတ်ပွင့် (Star anise) ၂ ဂရမ်

ကရဝေးရွက် (Bay leave) ၁၀ ရွက်

ပဲငံပြာရည် အကြည် (Light Soy Sauce) ၂ ဇွန်းကြီး

ပဲငံပြာရည် အနောက် (Dark Soy Sauce) ၄ ဇွန်းကြီး

ခရုဆီ (Oyster Sauce) ၃ ဇွန်းကြီး 

Black Vinegar ၁ ဇွန်းကြီး

Balsamic Vinegar ၁ ဇွန်းကြီး

အာလူး (Potatoes) ၂၀၀ ဂရမ်

ကြက်သွန်နီ (Onion) ၁၀၀ ဂရမ်

Cream ၈၀ ဂရမ်

ဂျင်း (Ginger) ၄၀ ဂရမ်

Red Wine ၈၀ မီလီ

ဆီ (Oil) ၂၀၀ မီလီ

ထောပတ် (Butter) ၈၀ ဂရမ်

သကြား (Sugar) ၃၀ ဂရမ်

ငရုတ်ကောင်းမှုန့် (Black Pepper) အနည်းငယ်


ပြုလုပ်ပုံအဆင့်ဆင့်

-ပထမဦးဆုံး ဝက်နံရိုးကို Black Rice Vinegar၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့် တို့ဖြင့်အရသာနယ်ပေးပါ။

-အိုးတစ်အိုးထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ကရဝေးရွက်တို့ဖြင့် ဆီသတ်ပေးပါ။ -အနံလေးမွှေးလာပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ဝက်နံရိုးတို့ကို ထည်ပြီး ဆီသတ်ပေးပါ။

-ရေကိုလိုအပ်သလိုထည့်ပြီး ဝက်နံရိုးနူးလာတဲ့အထိချက်ပေးပါ။

-ကြက်သွန်နီကို ၊ ကရဝေးရွက်၊ နာနတ်ပွင့် တို့ဖြင့် အညိုရောင်ပြောင်းလာတဲ့အထိဆီသတ်ပေးပါ။ ကြက်သွန်နီအရောင်ပြောင်းလာပါက red wine၊ Balsamic vinegar တို့ကိုထည့်ပေးပါ။ ပြီးနောက် ကြက်သွန်ကို နူးလာတဲ့အထိ ချက်ပေးပါ။

-အာလူးကိုနူးအောင်ပြုတ်ပြီး ချေထားပေးပါ။ ချေထားသော အာလူးများကို Pan ပေါ်တွင်ထည့်ပြီး နွားနို့၊ Cream၊ ထောပတ်တို့ကိုထည့်ပြီး ကျေသွားတဲ့အထိ မွှေပေးပါ။ နောက်ထပ်အရသာအနေဖြင့် ဆား၊ ငရုတ်ကောင်း တို့ကိုထည့်ပြီး အာလူးအနှစ်ရလာတဲ့အထိ ချက်ပေးပါ။

-အာလုံးစုံပြီဆိုရင် ပန်းကန်ထဲတွင်ပြင်ဆင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။