အောက်တိုဘာလအတွက် သင့်ကံကြမ္မာ

တူရာသီဖွား (Libra – Sep 23 to Oct 22)

Slide 1

စိတ်ဖိအားတွေနဲ့လကို အစပြုရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးပြီး အာရုံစူးစိုက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ဆုံးရှုံးမှာ၊ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ရဲ့ ထားခဲ့ခံရမှာကို ကြောက်နေတာမျိုး ကြုံရပါလိမ့်မယ်။ သင်အားထားရတဲ့ သက်ကြီးရွယ်အိုတစ်ယောက်နဲ့ သင့်ပြဿနာတွေကို တိုင်ပင်ပါ။ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပါ။ ခရီးထွက်ပါ။ သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို ရှာဖွေတာက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါလိမ့်မယ်။

အပြီးသတ်ထိ မလုပ်နိုင်တဲ့ကိစ္စတွေကို အစမပြုပါနဲ့။ လုပ်မယ်ဆိုရင်လည်း ပြီးအောင်လုပ်ပါ။ ဒါမှလည်း အကြွေးမကျန်မှာပါ။ ဒီလ ၂၃ ကျော်လာရင်တော့ သင့်အတွက် အခွင့်အလမ်းအသစ်တွေကို လက်ခံရရှိပါလိမ့်မယ်။ အိပ်မက်တွေက လက်တွေ့ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်မက်အကြီးကြီး မက်ဖို့ မကြောက်ပါနဲ့။ ငွေကြေးကို အရင်ထက်ပိုမို စီစစ်သုံးတတ်ဖို့ လေ့ကျင့်ယူရပါမယ်။ တူညီတဲ့ ဖြုန်းတီးမှုတွေ မလုပ်မိအောင် အသုံးစရိတ်ဒိုင်ယာရီသပ်သပ် ထားဖို့လိုပါတယ်။

ဒီလမှာ Single တွေအနေနဲ့ Dating လုပ်ဖို့၊ ချစ်သူရှာဖို့ ကောင်းတဲ့အချိန်ကာလထဲ ရောက်နေပါတယ်။ ချစ်သူရှိပြီးသားသူဟာလည်း သူငယ်ချင်းတွေနဲ့ အခြားသောချစ်ခင်ရင်းနှီးသူတွေကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း စိတ်ဖိစီးနေတာထက် အပေါင်းအသင်း၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့ သင့်ဝေဒနာကို ဝေမျှခြင်းအားဖြင့် စိတ်ဒဏ်ရာတွေကို ကုသတာ ပိုကောင်းပါတယ်။


ဗြိစ္ဆာရာသီဖွား (Scorpio – Oct 23 to Nov 21)

Slide 2

သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လုပ်ကိုင်နိုင်စွမ်းကြောင့် လုပ်ငန်းတိုးတက်တာ၊ လစားတိုးတာမျိုး ရှိလာပါလိမ့်မယ်။ သင့်မျှော်လင့်ချက်တွေ ပြည့်ဝလာပြီး သင့်ရဲ့ကြိုးစားမှုတွေကိုလည်း အသိအမှတ်ပြုခြင်း ခံရပါလိမ့်မယ်။ အချို့သောသူတွေရဲ့ မနာလိုခြင်းကိုလည်း ခံရပါလိမ့်မယ်။ စိတ်ကိုအေးအေးထားပါ။ မလိုသူတွေကြောင့် သင့်အောင်မြင်မှုကို အထိခိုက်မခံပါနဲ့။ 

ကျန်းမာရေးရော အချစ်ရေးရော ကောင်းပါတယ်။ အချစ်ကိစ္စမှာ လက်နက်ချလိုက်ပါ။ ဒါဆိုရင် ပိုမိုနက်နဲတဲ့ ခံစားချက်မျိုးတွေ ကြုံတွေ့ရမှာပါ။ Single တွေအနေနဲ့လည်း ရှက်ကြောက်စိုးထိတ်မှုတွေကို ဖယ်ထားပြီး ချစ်တဲ့သူကို ရဲရဲဝံ့ဝံ့ ချဉ်းကပ်သင့်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိရင်တော့ ငွေကြေးဆုံးရှုံးမှုတွေ ကြုံရနိုင်ပါတယ်။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ပါနဲ့။ သိနားလည်သူတွေနဲ့ တိုင်ပင်ပါ။


ဓနုရာသီဖွား (Sagittarius – Nov 22 to Dec 21)

Slide 3

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ဖြစ်နေတဲ့ ဖိစီးမှုတွေကို ထွက်ပေါက်ပေးဖို့လိုနေပါတယ်။ အနာဂတ်ကိုတွေးပြီး မစိုးရိမ်ပါနဲ့။ စိတ်အေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ။ သင်လျှောက်ချင်တဲ့လမ်းကို ယုံကြည်မှုရှိရှိနဲ့ ချဉ်းကပ်ပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပြီးတော့သာ ခြေတစ်လှမ်းစလိုက်ပါ။ ကျန်တဲ့ခြေလှမ်းတွေက နောက်ကလိုက်လာပါလိမ့်မယ်။ အဓိကက မစိုးရိမ်ဖို့ပါဘဲ။ စိုးရိမ်နေတယ်ဆိုရင် စိတ်ထွက်ပေါက်တစ်ခုခုသာ ပေးလိုက်ပါ။

စိတ်ဖိစီးမှုတွေ ဖြေလျှော့နိုင်တဲ့အခါ လုပ်ငန်းပိုင်းဆိုင်ရာမှာ တိုးတက်မှု ရှိပါလိမ့်မယ်။ သင့်ရဲ့အတွေးအမြင် အသစ်တွေကို တခြားသူတွေနဲ့ ဝေမျှပါ။ ပြောင်းလဲမှုတွေ လုပ်ကြည့်ပါ။ ကျန်းမာရေးတော့ ဂရုစိုက်ဖို့လိုပါတယ်။ မိသားစု၊ ချစ်ရသူတွေနဲ့အတူ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံရအောင် အတူလုပ်ဆောင်ဖို့ လိုပါတယ်။ ချစ်သူက သင်လုပ်ချင်တဲ့အရာတွေကို အထောက်အကူပေးပါလိမ့်မယ်။ လက်ထပ်ထားတဲ့ စုံတွဲတွေကြားမှာ နားလည်မှုတွေ ပိုမိုရရှိလာပါလိမ့်မယ်။ Single အမျိုးသမီးတွေ အချစ်နဲ့ကြုံရကိန်း ရှိပါတယ်။ အချစ်သစ်နဲ့ ဘဝသစ်ကို အစပြုဖို့ ဖြစ်ကောင်းဖြစ်လာပါမယ်။


မကာရရာသီဖွား (Capricorn – Dec 22 to Jan 19)

Slide 4

အနှောင့်အယှက်တွေ ရှိပေမယ့်လည်း သင့်လုပ်ငန်းတွေကတော့ ပြီးမြောက် အောင်မြင်ပါလိမ့်မယ်။ သင့်အရည်အချင်းတွေကို အဆုတ်ယုတ်မခံပါနဲ့။ စိတ်ဖိစီးလာတဲ့အခါ မကောင်းတဲ့အရာတွေ မလုပ်မိအောင် ကြိုးစားရပါမယ်။ အမှားတွေကနေ သင်ခန်းစာယူပါ။ အရင်ထက် ပိုကြိုးစားပါ။ သင်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုရင် ဒီလမှာ သင့်အတွက်ရွှေရောင် အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါပေမယ့် လုပ်ငန်းပိုင်းမှာပဲ နစ်မြှုပ်မနေဘဲနဲ့ သင်သဘောကျတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်ဆက်သွယ်သင့်ပါတယ်။ ကျန်းမာရေး အနည်းငယ် ချူချာပါမယ်။ အစားအသောက် ဆင်ခြင်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အသားအရေကိုလည်း ထိန်းသိမ်းပါ။ အချစ်ရေးကတော့ အသင့်အတင့်ပါပဲ။


ကုမ်ရာသီဖွား (Aquarius – Jan 20 to Feb 18)

Slide 5

သင့်ဘဝအတွက် ပူပန်နေတာတွေကို လျှော့ပါ။ အရမ်းအောင်မြင်ချင်နေတဲ့စိတ်တွေက တစ်ခါတလေ ပိုပြီး စိတ်ဖိစီးစေပါတယ်။ ဘဝဆိုတာ အမြဲတမ်းအနိမ့်အမြင့်တွေ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ သင်တစ်ယောက်တည်း အရမ်းပင်ပမ်းလာပြီလို့ခံစားရတဲ့အခါ လူတိုင်းဟာ ကိုယ့်ဘဝကိုယ် ရုန်းကန်နေရတယ်ဆိုတာ သတိရပါ။ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးမှုရယူပါ။ ဒါမှသင့်ရဲ့အရည်အချင်းတွေကို အနီးကပ်ချပြခွင့် ရမှာပါ။ အချိန်တန်တဲ့အခါ သင်နဲ့ထိုက်တန်တဲ့ ဆုလဒ်ကို ရရှိမှာပါ။ 

ချစ်သူနဲ့နားလည်မှုရယူဖို့ ခက်ခဲနေပါလိမ့်မယ်။ သင့်ချစ်သူနဲ့ အဆင်မပြေဖြစ်နေတယ်ဆိုရင် စိတ်အေးအေးထားပြီး စိတ်အပမ်းပြေမယ့်နေရာတစ်နေရာကို စီစဉ်ပြီး ဆွေးနွေးသင့်ပါတယ်။ သင့်ရဲ့အပြုအမူ၊ အပြောအဆိုတွေကို ပြန်လည်းသုံးသပ်ဖို့ လိုပါမယ်။ Single တွေအနေနဲ့ အချစ်တစ်ခုစတင်ဖို့ အချိန်အခါကောင်းပါပဲ။ ကျန်းမာခြင်းက လာလ်တစ်ပါးဖြစ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ပါ။ ဝမ်းဗိုက်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။


မိန်ရာသီဖွား (Pisces – Feb 19 to Mar 20)

Slide 6

ခန္ဓာကိုယ်ကြံ့ခိုင်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ပျော့ညံ့နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေပြီး ဆုံးဖြတ်ချက်တွေချဖို့ ချီတုံချတုံ ဖြစ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ ကြိုးစားရပါမယ်။ လုပ်ငန်းပိုင်ဆိုင်ရာတော့ တိုးတက်မှု ရှိပါလိမ့်မယ်။ တစ်ခါတလေကျတော့ လုပ်ငန်းခွင်မှာ အရမ်းအဆင်ပြေလာတဲ့အခါ ကိုယ်ပိုင်ဘဝမှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက ဘဝဆိုတာ အချိုးညီညီ တည်ဆောက်ဖို့ လိုပါတယ်။ ဘာကိုပဲ တည်ဆောက်ပါစေ၊ သင်တည်ဆောက်လိုက်တဲ့ အပိုင်းတစ်ပိုင်းချင်းစီကို balance ဖြစ်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးကိုလည်း ဦးစားပေးစောင့်ရှောက်ဖို့ လိုပါတယ်။ အချစ်ရေးကတော့ တော်တော်လေး ကောင်းနေပါတယ်။


မိဿရာသီဖွား (Aries – Mar 21 to April 19)

Slide 7

လုပ်ငန်းခွင်မှာ လစာတိုးတောင်းဖို့၊ ရာထူးတိုးပေးဖို့ တောင်းဆိုရင် အဆင်ပြေနိုင်တဲ့ ကာလဖြစ်ပါတယ်။ အလုပ်အခွင့်အလမ်းအသစ်တွေဝင်လာရင် လက်ခံလိုက်ပါ။ အခက်အခဲတွေရှိလာနိုင်ပေမယ့် ကြိုးစားကြည့်သင့်ပါတယ်။ အဲဒီကနေ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။

အချစ်ရေးမှာ နားလည်မှုလွဲတာတွေ ဖြစ်တတ်ပါတယ်။ သဝန်တိုမှုနဲ့ ဒေါသတွေကိုတော့ လျှော့ဖို့လိုပါတယ်။ သင့်ချစ်သူကို နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံပါ။ Single တွေကတော့ ဒီလမှာ ပိုးပန်းခံရကိန်းတွေ ရှိနေပါတယ်။ သင့်ရဲ့တက်ကြွလွန်းတဲ့ နေပုံထိုင်ပုံကြောင့် အသေးစား ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။


ပြိဿရာသီဖွား (Taurus – April 20 to May 20)

Slide 8

အချစ်ကိစ္စမှာ အချိန်ပေးဖို့လိုနေပါတယ်။ ချစ်သူနဲ့ ပိုလေးနက်တဲ့ အချစ်ရေးမျိုး လိုချင်တယ်ဆိုရင် အိမ်ခေါ်ပြီး မိဘတွေနဲ့ တွေ့ပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်။ Single ဆိုရင်တော့ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ဘဲ ပိုကြိုးစားပါ။ အိမ်ထောင်ကျပြီးသူများ သားသမီးရကိန်းရှိပါတယ်။ ပညာရေးကောင်းပြီး နာမည်ကျော်ကြားကိန်းလည်း ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ပါတယ်။ လက်ရှိလုပ်ငန်းလည်း တိုးတက်ကိန်းရှိပါတယ်။ အလုပ်ရှာနေသူများ သင်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်လုပ်ကိုင်တာက ပိုပြီးအကျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်းမာရေးညံ့ပါတယ်။ ခန္ဓာကိုယ်ကို အထူးဂရုစိုက်ပါ။ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ငွေးကြေး အသုံးမကြမ်းဖို့ အထူးဂရုပြုပါ။


မေထုန်ရာသီဖွား (Gemini – May 21 to June 20)

Slide 9

သင့်စိတ်ထဲမှာ စဉ်ဆက်မပြတ် နှိုးဆွနေတဲ့ အရာတစ်ခုကြောင့် အလုပ်အကိုင်ပြောင်းရွှေ့ကိန်း ရှိနေပါတယ်။ လိုအပ်တဲ့အခါ အပြောင်းအလဲကို လုပ်ပစ်လိုက်ဖို့ မတွန့်ဆုတ်ပါနဲ့။ စွမ်းရည်အသစ်၊ အရည်အချင်းအသစ်တွေကို ထုတ်ဖော်ရမယ့်အချိန် ရောက်ပါပြီ။ သင့်ရဲ့စံနှုန်းကို မြှင့်တင်ဖို့အတွက် ယခုသင့်လက်ထဲမှာရှိနေတဲ့ အခွင့်အရေးကို သေချာအသုံးချတတ်ဖို့၊ ကြိုးစားထားဖို့ လိုပါတယ်။ အရင်ကလုပ်ချင်ခဲ့တဲ့အရာတွေကို အခုပြန်လုပ်ဖို့ အခွင့်အရေးရမယ့် ကာလလည်းဖြစ်ပါတယ်။

ခရီးသွားခြင်းအားဖြင့် ငွေကြေးအကုန်အကျများပါလိမ့်မယ်။ ခရီးသွားတဲ့အခါ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ သင်ချစ်ရတဲ့သူတွေနဲ့ နားလည်မှုလွဲတာတွေ ဖြစ်တတ်ပါတယ်။ Single တွေအနေနဲ့ အချစ်သစ်ရှာဖို့(သို့မဟုတ်) အချစ်ဟောင်းနဲ့ ပြန်ဆက်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။


ကရကဋ်ရာသီဖွား (Cancer – June 21 to July 22)

Slide 10

သင့်ရဲ့လုပ်ငန်းတွေကို တိုးချဲ့ချင်ပေမယ့် ရှေ့မရောက်နိုင်ဖြစ်နေပါလိမ့်မယ်။ သင့်ခေါင်းထဲက မကောင်းတဲ့ အတွေးတွေကို ထုတ်လိုက်ပြီး သူငယ်ချင်းအသစ်တွေ ဖွဲ့ကြည့်ပါ။ တရားထိုင်ပါ၊ စိတ်ပညာစာအုပ်တွေ ဖတ်ကြည့်ပါ၊ သူငယ်ချင်းတွေနဲ့ စကားပြောပါ။ အရာရာကို သင်တစ်ယောက်တည်းလုပ်လို့မရပါဘူး။ အကူအညီလိုလာတဲ့အခါ အကူအညီတောင်းတတ်ပါစေ။

လူတိုင်းဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသင့်ပါတယ်။ အလုပ်တွေအရမ်းလုပ်နေတာကနေ ခဏနားပြီး အပမ်းဖြေဖို့ လိုနေပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲဖြစ်ဖြစ် ခရီးခဏတဖြုတ်ထွက်လိုက်ပါ။ သင့်စိတ်ကို အနားပေးလိုက်ပါ။ အနားပေးလိုက်တဲ့အခါ ဘဝကိုဘယ်လို အနှစ်သာရရှိရှိနေရမလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ အချစ်ရေးမှာလည်း အချစ်တွေကို ပြသတတ်ဖို့ ကြိုးစားပါ။ နီးစပ်တဲ့သူတွေ အပေါ် ဂရုစိုက်ပေးပါ။


သိဟ်ရာသီဖွား (Leo - July 23 to Aug 22)

Slide 11

ငွေအလုံးလိုက်အရင်းလိုက် ဝင်ကိန်းရှိပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့နေရာတွေကလည်း အကျိုးအမြတ်တွေ ရပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့အတူ ငွေကြေးသုံးဖြုန်းရကိန်း၊ ခရီးထွက်ရကိန်း ရှိပါတယ်။ လိုတာထက် ပိုမသုံးမိအောင်တော့ သတိထားဖို့ လိုပါတယ်။ ချစ်သူနဲ့အခြေချဖို့စဉ်းစားနေတယ်ဆိုရင် ဒီထက်ပိုတည်ငြိမ်တဲ့အချိန်၊ ငွေကြေးပိုတောင့်တင်းတဲ့အချိန်ထိ ခဏစောင့်ဖို့ အကြံပြုချင်ပါတယ်။ စစ်မှန်တဲ့ လှပခြင်းတွေရဖို့ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။


ကန်ရာသီဖွား (Virgo – Aug 23 to Sep 22)

Slide 12

သင့်အလုပ်၊ သင့်အိပ်မက်၊ သင့်ဆန္ဒနဲ့သင့်ကိုယ်သင် ပိုပြီး အာရုံစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ သင့်ကို ပိုသန်မာလာစေမယ့် အတွေ့အကြုံသစ်တွေကို လက်ကမ်းကြိုဆိုလိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေကို ထမင်းဖိတ်ကျွေးခြင်းဖြင့် လုပ်ငန်းခွင်တိုးတက်မှုကို ဖန်တီးလိုက်ပါ။ အဲဒီအတွက် သင်လုံးဝ နောင်တမရစေရပါဘူး။ သင့်လုပ်ငန်းအတွက် အကျိုးကျေးဇူးများစွာ ရလာမှာပါ။ လုပ်ငန်းသစ်အတွက် စာချုပ်ချုပ်ခြင်း၊ လက်မှတ်ထိုးခြင်းတွေ ပြုလုပ်တဲ့အခါ အထူးသတိထားပါ။ စကားအပြောအဆို ဆင်ခြင်ဖို့လိုပါမယ်။ ငွေကြေး အပိုသုံးဖြုန်းခြင်းတွေကို ရှောင်ပါ။ အချစ်ရေးကတော့ ဘာမှထူးထူးခြားခြား မရှိပါဘူး။


Photo ; Pinterest