ဖုန်း/ကွန်ပျူတာ သုံးတာများလို့ မျက်စိမှုန်လာတဲ့သူတွေ စားသင့်တဲ့ အစားအစာ(၅)မျိုး

ခုခေတ်မှာ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီတွေနဲ့ ဘယ်သူမှ မလွတ်ကင်းနိုင်ကြပါဘူး။ ကံကောင်းတဲ့သူတွေကတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေ ဘယ်လောက်ပဲသုံးသုံး ဘာမှမဖြစ်ပေမယ့် လူတော်တော်များများကတော့ အချိန်ကြာလာတာနဲ့အမျှ မျက်စိကို အနည်းနဲ့အများ ထိခိုက်လာကြပါတယ်။ မျက်မှန်တပ်တယ်ဆိုတာကလည်း အလှတပ်တော့သာ မသိသာတာ၊ တကယ်လိုအပ်လို့ တပ်ရတဲ့အခါ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်ဆိုတာ တပ်ဖူးသူတိုင်း သိပါတယ်။ ဒါကြောင့် မဖြစ်ခင်ကကြိုတင်ကာကွယ်လို့ရအောင်၊ မျက်လုံးမှုန်နေတဲ့သူတွေလည်း ပါဝါမတိုးအောင် မျက်လုံးအားတိုးစေမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။


ငါး

brown dried fish

ငါးမှာပါတဲ့ အိုမီဂါ-3 fatty အက်ဆစ်ဟာ မျက်လုံးခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ အဆီများတဲ့ငါး၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ပင်လယ်ငါးသလောက်၊ ငါးသေတ္တာငါးတွေကတော့ မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။


အစေ့အဆံ

variety of assorted-color beans

အစေ့အဆံထဲမှာပါတဲ့ ဗီတာမင်အီးဓာတ်က မျက်လုံးမှုန်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ငါးတွေလိုပဲ အစေ့အဆံမှာလည်း အိုမီဂါ-3 fatty အက်ဆစ်ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ ပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တခြားအစားအစာတွေ မစားဖြစ်ရင်တောင် အစေ့အဆံတော့ ပုံမှန်စားပေးသင့်ပါတယ်။ အစေ့အဆံတွေက ဈေးသက်သာသလို ချက်ပြုတ်နေစရာ မလိုတာကြောင့် စားရလည်း လွယ်ကူတယ်လေ။


အစိမ်းရောင်အရွက်

closed photography of vegetable salad with croutons in plate

အစိမ်းရောင်အရွက်တွေဟာ ဗီတာမင်စီဓာတ်နဲ့ ကာရိုတီးနွိုက်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နောက်ပြီး အရွက်ကလည်း ချက်ပြုတ်ရတာ အရမ်းကရိကထ မများပါဘူးဆိုတော့ နေ့စဉ်စားသင့်ပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ သကြားမုန်လာ၊ ဆလတ်ရွက်၊ မုန်ညင်းရွက် စတဲ့အရွက်တွေ များများစားပေးပါ။


မုန်လာဥနီ

carrots

မုန်လာဥနီမှာ ဗီတာမင်အေဓာတ် ကြွယ်ဝပါတယ်။ ဗီတာမင်အေဟာ မျက်လုံးကျန်းမာရေး၊ အထူးသဖြင့် အမြင်လွှာကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ ဓာတ်ဖြစ်ပါတယ်။ မျက်လုံးမှုန်ခြင်း၊ အမြင်အာရုံကွယ်ပျောက်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဗီတာမင်အေဓာတ် ချို့တဲ့လို့ပါပဲ။ 


အမဲသား

meat on top of ice

ဇင့်ဓာတ်ဟာ မျက်လုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်တယ်လို့ ၂၀၀၁ ခုနှစ်တုန်းက သိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။ အမဲသားမှာ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် အမြင်အာရုံကျန်းမာရေးအတွက် အထောက်အကူပြုပြီး မျက်လုံးတစ်ဝိုက်က တစ်ရှူးတွေကို ပိုမိုနူးညံ့စေပါတယ်။ ကြက်သားမှာလည်း ဇင့်ဓာတ်ပါပေမယ့် အမဲသားလောက်တော့ ပါဝင်မှုနှုန်း မများပါဘူး။


Photo; unsplash.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။