ရေနွေးကန်ထဲမှာ အချိန်ကြာစိမ်ခြင်းက မိနစ်၃၀လမ်းလျှောက်ခြင်းလိုမျိုး ကယ်လိုရီလောင်ကျွမ်းနိုင်

ကဲကဲ Chubby လေးတို့အတွက် သတင်းကောင်းလာပါပြီ။ ရေနွေးကန်ထဲစိမ်ရင်း ဝိတ်ချလို့ရတယ်ဆိုတဲ့ နည်းလမ်းအသစ်လေးကို လေ့လာတွေ့ရှိထားပါတယ်။ အရမ်းကို ဇိမ်ရှိတဲ့ ဝိတ်ချနည်းပဲနော်။ ရေနွေးနဲ့စိမ်တာက မိနစ်၃၀လမ်းလျှောက်ပြီး လောင်ကျွမ်းတဲ့ ကယ်လိုရီနဲ့ညီမျှပါတယ်။ ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းစေရုံသာမက သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

Lying in a Long Hot Bath Can Burn As Many Calories As a 30-Minute Walk

ဒီနည်းလမ်းကို UK, Loughborough တက္ကသိုလ်က ရူပဗေဒပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တာပါ။ ပညာရှင်တွေက အမျိုးသားတစ်ယောက်ကို 40 ံC (104 ံF) ရှိတဲ့ ရေချိုးကန်ထဲမှာ ၁နာရီကြာစိမ်ခိုင်းပြီး ၁၄၀ ကယ်လိုရီ လောင်ကျွမ်းသွားတာကို သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် ရေနွေးကန်ထဲစိမ်ခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းထက်တောင် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို လျှော့ချနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ 

ဒီနည်းလမ်းရဲ့ အဓိကသော့ချက်ကတော့ အချိန်နဲ့ အပူချိန်ပါပဲ။ အခြေခံအားဖြင့် ရေနွေးကန်ထဲမှာ ၁နာရီစိမ်ရမှာ ဖြစ်တဲ့အတွက် လုံလောက်တဲ့အချိန် ရှိဖို့တော့ လိုပါမယ်။ ရေရဲ့အပူချိန်ကလည်း တစ်နာရီလုံး တောက်လျှောက် 40 ံC ဖြစ်နေရပါမယ်။ ရေနွေးရုံလောက်နဲ့တော့ တူညီတဲ့ရလဒ်မျိုးရမှာ မဟုတ်ပါဘူး။ သေချာပေါက် 40 ံC ဖြစ်ကိုဖြစ်ရပါမယ်။

woman lifting his leg

ဒီလေ့လာတွေ့ရှိချက်က အမျိုးသားနဲ့စမ်းသပ်ခဲ့တာဖြစ်လို့ အမျိုးသမီးတွေအတွက်တော့ ရလဒ်က ကွာခြားကောင်း ကွာခြားနိုင်ပါတယ်။ နောက်တစ်ခုက လူရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ကိုယ်အလေးချိန်ပေါ်မှာလည်း ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ရလဒ်ကို အတိအကျတော့ တွက်ထားလို့ မရပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေကတော့ ဒီနည်းလမ်းက ထိရောက်မှုရှိတဲ့နည်းလမ်းလို့ ယုံကြည်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ လူရဲ့ခန္ဓာကိုယ်က အပူချိန်မြင့်တက်လာတဲ့အခါ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဓာတ်တစ်မျိုး ထွက်လာပါတယ်။ အဲဒီဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့်လည်း သွေးပူအောင် လေ့ကျင့်ခန်းတွေ လုပ်ကြတာပေါ့။ 

Lying in a Long Hot Bath Can Burn As Many Calories As a 30-Minute Walk

အမှန်အတိုင်းပြောရမယ်ဆိုရင် ရေနွေးကန်ထဲစိမ်ခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းလောက်တော့ ဝိတ်ကျဖို့ မထိရောက်ပါဘူး။ ဥပမာ-၁ နာရီကြာ စက်ဘီးစီးခြင်းက ကယ်လိုရီ ၆၃၀ လောင်ကျွမ်းနိုင်ပါတယ်။ ဒါဆို ရေနွေးကန် ၁နာရီစိမ်ခြင်းထက် ၄ဆကျော် ထိရောက်တာပေါ့။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက အခြားသော ပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးခဲရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီတော့ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေသူတွေ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ လိုအပ်နေသူတွေဆိုရင်တော့ ရေနွေးကန်ထဲ စိမ်တဲ့နည်းလမ်းက တော်တော်လေး အသုံးဝင်မှာပါ။ ပိုပြီး ထိရောက်ချင်တယ်ဆိုရင်တော့ အစားအသောက်ဆင်ခြင်ပြီး၊ ပုံမှန်လေ့ကျင့်ခန်းလေးတစ်ခုလောက် လုပ်ပေးလို့ ရပါတယ်။ နောက်ဆုံး ဝိတ်မကျရင်တောင် ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိမှာ အသေအချာပါပဲ။ ဒီနည်းလမ်းက ဂျပန်တွေ အမြဲကျင့်သုံးတဲ့နည်းလမ်းဆိုရင်လည်း မမှားပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းက လူမပင်ပန်းတဲ့အပြင် အပမ်းတောင်ပြေသေးတယ်လေ။  


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။