ပထမအပတ်မှာတင် PUBG ကိုကျော်ပြီး download ရယူမှု ၁၀၀ မီလျံ ရှိနေပြီဖြစ်တဲ့Call of Duty : Mobile

Call of Duty : Mobile ဂိမ်းရဲ့ ပွဲဦးထွက်က တော်တော်လှတယ်လို့ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ စတင်ထွက်လာပြီး တစ်ပတ်အကြာမှာတင် Call of Duty : Mobile Version ကို download ရယူသူပေါင်းက 100M ( သန်းတစ်ရာ ) ပြည့်မြောက်သွားလို့ပဲ။



Treyarch, Sledgehammer နဲ့ Raven စတဲ့ game engine တွေနဲ့ပူးပေါင်းပြီး Activision က Call of Duty Series တွေကို အများကြီးထုတ်ခဲ့တယ်။ ထုတ်သလောက်လည်းပေါက်ခဲ့တာချည်းပါပဲ။ အဲ့ဒီအထဲကမှ WW II, Black Ops 4, Advanced Warfare, Modern Warfare Multiplayer တွေက တော်တော်ကြီး epic ဖြစ်ခဲ့တဲ့ series တွေပါ။



ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်နေ့က Call of Duty : Mobile Version ကို Activision နဲ့ Sensor Tower တို့ပူးပေါင်းပြီးစတင်ဖြန့်ချိခဲ့တယ်။ လောလောဆယ်မှာ Call of Duty Mobile ဟာ free to play ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက player အစုံနဲ့ Game World ထဲမှာ ဆုံတွေ့နိုင်တယ်။ FPS ( First Person Shooting ) အမျိုးအစားဖြစ်ပြီး Battle Royale Mode ပုံစံဆော့ကစားရတာပါ။ ပြောရရင် Battlefield တို့ Apex Legends တို့ Paladins တို့လိုမျိုးပါပဲ။ ဟယ်လီကော်ပတာတွေ၊ တိုက်လေယာဉ်တွေ၊ သံချပ်ကာ APC တွေအပြင် drone ပေါ်ကနေ ဒုံးကျည်တဲ့ပစ်ခတ်တာမျိုး၊ FA 117 လိုလေယာဉ်ကြီးတွေကို ဗုံးကြဲခိုင်းတာမျိုး၊ Juggernaut ( သံချပ်ကာဝတ်စုံ ) ကြီးတွေ airdrop နဲ့ချခိုင်းတာမျိုးတွေလုပ်နိုင်တယ်။ ကျွန်တော်တို့ PS4 မှာတော့ မသေပဲ enemy killing blow 25 ယောက်အထိယူနိုင်ရင် Nuke'Em ဆိုတာ unlock ဖြစ်ပါတယ်။ နျူကလီးယားဗုံးနဲ့ တစ်မြေပုံလုံးကို ရှင်းပစ်တာမျိုးပေါ့။ ဒီ Mobile version မှာ ပါမပါတော့မသိပါဘူး။



လောလောဆယ်မှာတော့ Call of Duty Mobile ရဲ့ ပထမအပတ်ဒေါင်းလုတ်ဆွဲသူဦးရေဟာ Apex Legends, Fortnite နဲ့ PUBG တွေထက် အပြတ်အသတ်ကြီးသာလွန်သွားခဲ့ပြီဖြစ်တယ်။ ပထမအပတ်ဒေါင်းလုတ်ရယူမှုစာရင်းတွေအရ Apex Legends က ၂၆.၃ မီလျံ၊ Fortnite က ၂၅ မီလျံ နဲ့ PUBG ကတော့ ၂၂.၅ မီလျံအသီးသီးရှိနေချိန် Call of Duty က ၁၀၀ မီလျံနဲ့အဲ့သုံးကောင်ကို ကျော်တက်သွားတာပါ။



လာမယ့် အောက်တိုဘာ ( ၂၅ ) ကျရင်လည်း Call of Duty နာမည်နဲ့ စီးရီးစ်အသစ်တစ်ခုထွက်ရှိလာဦးမှာပါ။ အဲ့ဒါကတော့ Xbox, PC, PS4 နဲ့ steam ပေါ်မှာဆော့ကစားလို့ရမှာဖြစ်ပြီး Multiplayer mode ရဲ့ကစားနည်းက အပေါ်မှာ ပြောထားသလိုပါပဲ။
Call of Duty Mobile ကို mode နှစ်ခုနဲ့ဆော့လို့ရပါတယ်။ အဲ့ဒါတွေကတော့ Comfort နဲ့ Advanced mode တွေပါ။ Comfort mode ဟာ mobile fps တွေအခုမှစကစားတဲ့သူတွေအတွက်ရည်ရွယ်တာဖြစ်ပြီး ပစ်မှတ်ကို ချိန်ပေးတာနဲ့ automatic shooting လုပ်ပေးတဲ့ပုံစံပါ။ Advanced ကတော့ ဆော့သက်ကြာလာတဲ့သူတွေအတွက်ဖြစ်ပြီး PUBG, Fortnite ဆော့တဲ့သူတွေလိုပဲ reload button, shoot, crouching စတဲ့action တွေအကုန်ပါဝင်မှာပါ။


Gabriel

Picture Credit - Self screenshots, www.activision.net






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။