မြန်မာထမင်းဝိုင်း (Myanmar Set Menu)

ပါဝင်ပစ္စည်းများ

ငါးခြောက် (Sun Dried Fish) ၂၀၀ ဂရမ်

အမဲသား (Beef Tenderloin) ၄၀၀ ဂရမ်

ကြက်ပေါင် (Chicken Drumstick) ၄ ခု

ကကတ်တစ်ငါး (Sea Bass) ၁၈၀ ဂရမ်

လက်ဖက် (Tea Leave) ၅၀ ဂရမ်

အုန်းနို့ (Coconut Cream) ၁၀၀ မီလီ

ခရမ်းချဉ်သီး (Tomatoes) ၂၀၀ ဂရမ်

ဘူးသီး (Gourd) ၁၈၀ ဂရမ်

ဂျင်း (Ginger) ၃၀ ဂရမ်

ဂျူးမြစ် (Chive Root) ၅၀ ဂရမ်

ကြက်သွန်ဖြူ (Garlic) ၃၀ ဂရမ်

ကြက်သွန်နီ (Onion) ၅၀ ဂရမ်

စပါးလင် (Lemon Grass) ၂ ချောင်း

မန်ကျည်းသီး (Tamarind Juice) ၃၀ ဂရမ်

ငရုတ်ကောင်းမှုန့် (Black Pepper) ၁၀ ဂရမ်

နနွင်းမှုန့် (Turmeric Powder) ၁၀ ဂရမ်

ဆား (Salt) ၂၀ ဂရမ်

သီဟိုဠ်စေ့ (Cashew Nut) ၁၃၀ ဂရမ်

ကြက်သားမှုန့် (Chicken Powder) ၅၀ ဂရမ်

မဆလာ (Masala) အနည်းငယ်


ပြုလုပ်ပုံအဆင့်ဆင့်

-ဦးစွာ ငါးခြောက်အုန်းနို့ချက်လုပ်ရန်အတွက်အိုးထဲတွင် ငါးခြောက်ကိုအနည်းငယ်ပြုတ်ပေးပါ။

-ပြီးနောက် ကြက်သွန်နီ/ဖြူ၊ ခရမ်းချဉ်သီး၊ အစိမ်းမှုန့်တို့ကိုဆီသတ်ပေးပြီငါးခြောက်ကိုထည့်ပေးပါ။

-နောက်ဆုံးတွင် အုန်းနို့ထည့်ပြီး အနည်းငယ်ဆူလာတဲ့ အခါမီးဖိုပေါ်ကဖယ်ထုတ်လိုက်ပါ။

-နောက်ထက် ဂျူးမြစ်ချဉ်ဟင်းအတွက် ကြက်သွန်နီ/ဖြူ ၊ ခရမ်းချဉ်သီးတို့ကိုဆီသတ်ပြီးအနံမွှေးလာပါက ငါး၊ ဘူးသီး၊ ဂျူးမြစ်တို့ကိုထည့်ပြီး လုံးချက်ချက်ပေးပါ။

-အနံလေးမွှေးလာပါက ရေကိုထည့်ပြီး မန်ကျည်းရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။

-နောက်တစ်မျိုးဖြစ်တဲ့ အမဲသားလက်ဖက်ချက်လုပ်ရန်အတွက် အမဲသားကို မဆလာ၊ ဆား၊ ငရုတ်ကောင်း၊ နနွင်းမှုန့်တို့ဖြင့်နယ် ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။

-အိုးထဲတွင် ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ ဂျင်း၊ အစိမ်းမှုန့်တို့ကိုထည့်ဆီသတ်ပြီး အရသာနယ်ထားသော အမဲသားကိုထည့်ပါ။

-အမဲသားလည်းနူးပြီး အနံလေးလဲမွှေးလာပါက လက်ဖက်ကိုထည့်ပြီး ကျက်သည်အထိချက်ပေးပါ။

-နောက်ဆုံးတစ်ခုဖြစ်တဲ့ ကြက်သားကြော်ကိုချက်ပြုတ်ရန် ကြက်သားကို ဆား၊ငရုတ်ကောင်း၊ နနွင်းမှုန့်တို့ဖြင့်နယ်ပြီး ဆီပူပူထဲတွင်ကြော်ပေးပါ။ အလားတူ သီဟိုစေ့ကိုလည်း အနည်းငယ် အရောင်ရလာတဲ့အထိကြော်ပေးပါ။

-နောက်ဆုံးတွင် မြန်မာတို့ရဲ့အရသာအတိုင်း ထူးကဲပြီး စားလို့ကောင်းတဲ့ ဟင်းလျာများကို သုံးဆောင်နိုင်ပါပြီ။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။