ခွေးလေးတွေရဲ့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ လူတွေစားတဲ့အစားအစာများ

အိမ်က ပါပီလေးကို အပြင်စာတွေလည်း ကျွေးချင်တယ်၊ မတည့်မှာလည်းစိုးရိမ်တယ်ဆိုတဲ့ သူတွေအတွက် ခွေးလေးတွေနဲ့တည့်မယ့် လူစာတွေကို ပြောပြပေးချင်ပါတယ်။ ဒီအစားအစာတွေက ခွေးလေးတွေရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။


ဖရဲသီး

watermelon close-up photography

ကယ်လိုရီနည်းပြီး အာဟာရဓာတ်များစွာပါဝင်တဲ့ ဖရဲသီးဟာ ပူပြင်းတဲ့နေ့မျိုးမှာ ခွေးလေးတွေကို ကျွေးသင့်တဲ့ အဆာပြေအစားအစာတစ်ခုပါပဲ။ ရေဓာတ်အများကြီးပါဝင်တဲ့ ဖရဲသီးက သင့်ခွေးလေးရဲ့ ဝမ်းတွင်းကို အေးမြစေမှာပါ။


ဘလူးဘယ်ရီသီး

blueberries in red ceramic bowl

Antioxidant ကြွယ်ဝတဲ့ ဘလူးဘယ်ရီသီးဟာ လူတွေအတွက် အရမ်းအကျိုးပြုတဲ့ အသီးဖြစ်သလို ခွေးတွေရဲ့ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်ပါတယ်။ တစ်ခုသတိထားရမှာက ခွေးလေးတွေကို ကျွေးတဲ့အခါ ဘယ်ရီသီးကို ခြမ်းပြီးမှ ကျွေးပါ။ အလုံးလိုက်ဆိုရင် လည်ပြွန်မှာ တစ် နေမှာစိုးလို့ပါ။


ပန်းသီး

bunch of apples

အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ အိုမီဂါနဲ့ antioxidant ဓာတ်တွေကြွယ်ဝတဲ့ ပန်းသီးက ခွေးလေးတွေအတွက် ကောင်းမွန်ပါတယ်။ ကျွေးတဲ့အခါ အစိတွေပါမသွားအောင်တော့ ဂရုစိုက်ပေးပါ။ ပန်းသီးစိက ခွေးလေးတွေအတွက် အဆိပ်ဖြစ်စေနိုင်ပါတယ်။


မုန်လာဥနီ

carrots on table

မုန်လာဥနီကို အစိမ်းဖြစ်စေ၊ ချက်ပြီးသားဖြစ်စေ ခွေးလေးတွေကို ကျွေးလို့ရပါတယ်။ မုန်လာဥနီရဲ့ထိပ်မှာပါတဲ့ အရွက်အစိမ်းလေးတွေကိုတောင် ကျွေးလို့ရပါတယ်။ သင့်ပါပီလေးကို ဝိတ်ချပေးနေတာဆိုရင် မုန်လာဥနီကျွေးတာက ပိုထိရောက်တဲ့ရလဒ်ကို ရမှာပါ။


ဗိုလ်စားပဲ

focus photography of green string beans

ဗိုလ်စားပဲဟာ အာဟာရဓာတ်စုံတဲ့ပဲအဖြစ် ဆရာဝန်တွေက သတ်မှတ်ထားကြပါတယ်။ ဗိုလ်စားပဲမှာ အမျှင်ဓာတ်၊ အိုမီဂါ-3၊ ဗီတာမင် အေ၊စီ၊ကေ၊ ဖိုးလစ်အက်ဆစ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ အိုင်းရွန်းနဲ့ ပိုတက်စီယမ်ဓာတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဗိုလ်စားပဲကို ခွေးလေးတွေကို ကျွေးမယ်ဆိုရင် သူတို့စားနိုင်လောက်မယ့် အရွယ်အစားဖြစ်အောင် လှီးဖြတ်ပေးပါ။ ဆားတွေ၊ အရသာမှုန့်တွေသာ မထည့်ပါနဲ့။


ကညွှန့်

asparagus on chopping board

ကညွှန့်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ခွေးလေးတွေရဲ့ အစာချေဖျက်စနစ်အတွက် ကောင်းမွန်ပါတယ်။ အစိမ်းမဟုတ်ဘဲ ကြော်ကျွေးရင် ပိုကောင်းပါတယ်။ Fido ခွေးအမျိုးအစားကိုတော့ ကညွှန့်အစိမ်းမကျွေးပါနဲ့။ သူတို့အတွက် အစာချေဖျက်ရ ခက်လို့ပါ။


ဟင်းနုနွယ်ရွက်

green leaves

ဟင်းနုနွယ်ရွက်မှာ antioxidant၊ အိုင်းရွန်း၊ ဗီတာမင် ကေ ဓာတ်တွေ ကြွယ်ဝပါတယ်။ လူတွေအတွက် ကောင်းမွန်သလို ခွေးလေးတွေအတွက်လည်း အကျိုးကျေးဇူးများစွာရှိပါတယ်။ ဟင်းနုနွယ်ရွက်က ခွေးလေးတွေရဲ့ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး အားအင်ပြည့်ဝစေပါတယ်။


ဖရုံသီး

macro photography of assorted squash lot

ခွေးလေးတွေ ဝမ်းချုပ်နေရင်၊ အစာချေဖျက်စနစ်မှာ ပြဿနာဖြစ်နေရင် ဖရုံသီးကျွေးဖို့ ဆရာဝန်တွေက မှာကြားလေ့ ရှိပါတယ်။ ငရုတ်သီးထည့်ချက်ထားတဲ့ ဖရုံသီးဟင်းကိုတော့ မကျွေးမိပါစေနဲ့။ ကျွေးရမယ့် ပမာနကိုလည်း ဆရာဝန်တွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။


ကြက်စွတ်ပြုတ်

Chicken Soup, Ginseng, Korea, Asia, Cooking, Food

ခွေးလေးတွေအတွက် ကြက်ရိုးစွတ်ပြုတ်က ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။ ခွေးတွေရဲ့ အစာအိမ်အတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမဲ့ အရိုးတွေကို ဝါးမစားမိဖို့တော့ အချို့ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ ခွေးလေးတွေရဲ့သွားတွေ ပျက်စီးမှာ၊ အာဂေါင်နဲ့ သွားဖုံးတွေပွန်းပဲ့မှာ၊ အူထဲမှာထောက်နေမှာ စိုးလို့ပါ။


ငါး

Salmon, Fish, Grilled Fish, Grill, Dish, Gourmet, Plate

ငါးအကုန်လုံး ကျွေးလို့ရတယ်ဆိုပေမယ့် ဆယ်လ်မွန်ငါး၊ ပင်လယ်ငါးဖြူ၊ ပင်လယ်ငါးသလောက် လိုမျိုး သက်တမ်းတိုတဲ့ငါးတွေဟာ ခွေးတွေအတွက် ပိုအကျိုးပြုပါတယ်။ အသားတွေနဲ့ ဓာတ်မတည့်တဲ့ ခွေးမျိုးဆိုရင် ငါးကို ပရိုတိန်းဓာတ်အဖြစ် ကျွေးဖို့အကောင်းဆုံးပါပဲ။


Photo; unsplash.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။