ဗစ်တာလီဘစ်ဒက်ရှ် ကို အောင်လအန်ဆန် ငါးချီမြောက်တွင်အနိုင်ရရှိ

ဒီနေ့ အောက်တိုဘာ ၁၃၊ တိုကျို မှာပြုလုပ်တဲ့ One Championship ပွဲမှာတော့ အောင်လအန်ဆန် က ဗစ်တာလီ ဘစ်ဒက်ရှ် ကို ငါးချီမြောက်မှာ အနိုင်ယူသွားခဲ့ပါတယ်။ ဘစ်ဒက်ရှ် ကလူကောင်မသိမသာပိုကြီးသလို ပွဲအစပိုင်းမှာ ဘစ်ဒက်ရှ် ရဲ့ လက်သီးတွေနဲ့ ချုပ်ကွက်တွေကြားမှာ အောင်လ တစ်ယောက်တော်တော်လေး အခြေမလှဖြစ်ခဲ့ရသေးတယ်။ လေးချီမြောက်မှာတော့ ဘစ်ဒ်ရှ် ရဲ့ဖြောင့်လက်သီးကြောင့် အောင်လရဲ့ ခေါင်းနောက်ဘက်မှာ ပေါက်ပြဲဒဏ်ရာရခဲ့ပါသေးတယ်။



ဒါပေမယ့် ငါးချီမြောက်မှာတော့ ဒိုင်တွေက အောင်လကို အမှတ်နဲ့အနိုင်ပေးလိုက်ပြီး ချန်ပီယံခါးပတ် ကို အောင်လတစ်ယောက်ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ကိုရီးယန်း submission specialist နဲ့ထိုးသတ်တဲ့ ဖိုးသော်ကတော့ submission ချုပ်ကွက်တွေကြောင့် ပထမအချီမှာပဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Congratulations Ko Aungla Nseng and Bushido Thaw ( Pho Thaw )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။