ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး စာမေးပွဲဖြေဆိုခိုင်းတဲ့ ထိုင်းနိုင်ငံကကျောင်း။စာခိုးချမှာစိုးလို့လား?ဘာကြောင့်လဲ?

ခေတ်အခါက တိုးတက်လာတော့ ခိုးချတဲ့နည်းလမ်းတွေကလည်း တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ပါပဲ။ ခန္ဓာကိုယ်ပေါ်မှာ စာတွေရေးခဲ့တာ၊ spot စာရွက်တွေကို နေရာမျိုးစုံမှာ ဖွက်လာတာ၊ စာရွက်လဲဖြေတာ၊ ဘေးကသူငယ်ချင်းကို မေးတာ၊ စသည်ဖြင့်ပေါ့။ Spot စာရွက်တွေနဲ့ ခိုးမချရဲရင်တောင် အနည်းဆုံး အနီးနားက သူငယ်ချင်းကို စာပြခိုင်းတာ၊ လှမ်းကြည့်ပြီး ခိုးချတာမျိုးတော့ ရှိကြတာပဲလေ။ ဉာဏ်များလွန်းတဲ့ ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့ ဆရာတွေလည်း ဉာဏ်များဖို့လိုလာတာပေါ့။

Image result for cheating in exam gif

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ နှင့် ထိုင်နေသော လူများ

ဒီပုံလေးတွေကိုတော့ Malee Kawsanthia ဆိုတဲ့သူက သူ့ရဲ့လူမှုစာမျက်နှာမှာ တင်ထားခဲ့တာပါ။ ထိုင်းနိုင်ငံ Rajamangala နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတွေဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး စာမေးပွဲဖြေနေတဲ့ ပုံရိပ်တွေပါ။ အခုအဖြစ်အပျက်ဟာ အနီးနားက စာခိုးချတဲ့ နည်းလမ်းကို ကာကွယ်ဖို့ ပြုလုပ်ခဲ့တယ်လို့ပဲ အားလုံးကထင်ခဲ့ကြပြီး လူမှုကွန်ယက်မှာ တော်တော်လေး နာမည်ကြီးသွားခဲ့ပါတယ်။ အချို့ကလည်း ရယ်စရာတစ်ခုအဖြစ် ဝေဖန်ကြသလို၊ အချို့ကလည်း ပြစ်တင်ဝေဖန်ကြတာပေါ့။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ထိုင်နေသော လူများ နှင့် အခန်းတွင်း

တကယ်တမ်းကျတော့ စာမေးပွဲမှာ ခိုးချမှာစိုးလို့ ဦးထုပ်ဆောင်းခိုင်းတာမဟုတ်ပါဘူး။ လူတွေ အထင်မှားနေတာကြောင့် Rajamangala နည်းပညာတက္ကသိုလ်ရဲ့ စိုက်ပျိုးရေးဌာနမှ ရှင်းလင်းချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ တကယ်က “100% Helmet AIT RMUTI” ဆိုတဲ့ ကျောင်းတွင်းလှုပ်ရှားမှုတစ်ခုအတွက် လုပ်ခဲ့တာပါ။ ဒီလှုပ်ရှားမှုမှာ ကျောင်းသားတွေဟာ စက်ဘီးစီးတဲ့အခါ လုံခြုံရေးအရ ဦးထုပ်တွေ ဆောင်းကြရပါတယ်။ facebook မှာတက်လာတဲ့ပုံကလည်း ကျောင်းသားတွေစာမေးပွဲမစခင် တက်ရောက်သူ စာရင်းစစ်တဲ့အချိန် ၁၅ မိနစ်လောက်ပဲ ဆောင်းထားရတာပါ။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ပြုံးနေသည်၊ ထိုင်နေသည် နှင့် အခန်းတွင်း

ကျောင်းတွင်းလှုပ်ရှားမှုဖြစ်လို့ ကျောင်းသားတွေက ကျေကျေနပ်နပ်ကြီး ပါဝင်ဆောင်ရွက်ကြတာ ဖြစ်ကြောင်း၊ အထင်လွဲမှားစရာတွေ ဖြစ်သွားလို့ တောင်းပန်ကြောင်းလည်း တက္ကသိုလ်စိုက်ပျိုးရေးဌာနမှ ရှင်းပြထားပါတယ်။ ကျောင်းက အခုလို ရှင်းပြခဲ့ပေမယ့်လည်း လူမှုစာမျက်နှာက လူတွေကတော့ ဒီကိစ္စကို စနောက်စရာ တစ်ခုအဖြစ် ပြောနေကြတုန်းပါပဲ။ အထင်လွဲကြတာလည်း ဆန်းတော့မဆန်းပါဘူး။ သိပ်မကြာခင်တုန်းကလည်း ထိုင်းနိုင်ငံ၊ အထက်တန်းကျောင်းက ဆရာတစ်ယောက်က ကျောင်းသားချင်း စာခိုးချမှာစိုးလို့ ထီးဆောင်းပြီး ဖြေခိုင်းခဲ့တဲ့အကြောင်းတွေ ရှိခဲ့တာကိုး။


လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းကလည်း ထိုင်းတက္ကသိုလ်တစ်ခုကပဲ အလားတူပုံစံမျိုး လုပ်ခဲ့ပါသေးတယ်။ ကျောင်းသားတွေရဲ့ခေါင်းမှာ စာရွက်နှစ်ရွက်ကို တစ်ဖက်တစ်ရွက်စီကာပြီး နဖူးမှာစီးခိုင်းခဲ့ပါတယ်။ ရယ်ရတယ်ဆိုပေမယ့်လည်း ဒါက စာမခိုးချအောင်လုပ်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေလို့ပဲ ပြောရမှာပါ။ ကျောင်းသားတွေ ဉာဏ်များတာလောက်တော့ ဆရာတွေက သနားတယ်ဆိုပဲ။ 


(အထက်ပါ သတင်းနှင့်ပုံသည် Malee Kawsanthia ၏ Facebook စာမျက်နှာမှ Malee Kawsanthia ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။)


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။