နာမည်ကျော် ရှန်ဟိုင်း Fashion Week မှာ Runway Model ဖြစ်လာတော့မယ့် အောန်ဆိုင်း

မြန်မာနိုင်ငံရဲ့ နာမည်ကျော် Model မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Super Model အော်န်ဆိုင်း (Awn Seng) ကို fashion ကျကျ ဝတ်စားဆင်ယင်တတ်သူအဖြစ်လည်း လူသိများပါတယ်။ သူမဟာ Model Show နဲ့ Fashion Show ပွဲများစွာကို လျှောက်လှမ်းခဲ့ဖူးသလို ကြော်ငြာနဲ့ဓာတ်ပုံများစွာကို ရိုက်ကူးခဲ့ရပြီး ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်၊ ဒီနေ့မှာတော့ အော်န်ဆိုင်းဟာ သူမကိုချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ဖေ့ဘွတ်ခ်စာမျက်နှာကနေတဆင့် သတင်းကောင်းတစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒါကတော့ နာမည် ကျော် Shanghai Fashion Week ရဲ့ Hugo Boss Show မှာ Runway Model အဖြစ် လျှောက်လှမ်းရမယ့် သတင်းပါပဲ။ Shanghai Fashion Week ဆိုတာဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကြီးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နာမည်ကျော် Fashion ပွဲကြီးတစ်ခုပါ။


Shanghai Fashion Week မှာ ပါဝင်ကျင်းပမယ့် Hugo Boss အမှတ်တံဆိပ်ရဲ့ fashion show ပွဲ စင်မြင့် ထက်မှာ လျှောက်လှမ်းပေးဖို့အတွက် Hugo Boss ကနေ အော်ဆိုင်းကို ကမ်းလှမ်းဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ အော်န်ဆိုင်း...


“အားလုံးပဲ မင်္ဂလာပါရှင်
မင်္ဂလာသတင်းလေးတစ်ခု ပြောပြချင်လို့ပါ
မော်ဒယ်လောကစဝင်ကတည်းက အောန်ဆိုင်းမက်ခဲ့တဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်တော့မဲ့ သတင်း ပါပဲ။ အဲဒါကတော့ အော်န်ဆိုင်း ရှန်ဟိုင်းFashion Week Hugo Boss Show မှာ Runway Model အနေနဲ့ လျှောက်ရမှာပဲဖြစ်ပါတယ်
Hugo Boss က Shanghai Fashion Week မှာ Runway Model အဖြစ်လျှောက်ပေးဖို့ဖိတ်ကြားခဲ့တဲ့အတွက် အောန်ဆိုင်းလည်း အရမ်းဂုဏ်ယူမိပါတယ်။
အခုကတည်းကလည်း အရမ်းစိတ်လှုပ်ရှားနေပါပြီ။
အကောင်းဆုံးကြိုးစားပြင်ဆင်သွားမဲ့အတွက်လည်း အားပေးကြပါဦးနော်။”
လို့ သူမရဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ပရိသတ်တွေသိအောင် ပြောပြထားပါတယ်။


မကြာခင်တွေ့မြင်ရမယ့် Shanghai Fashion Week ရဲ့ Hugo Boss Show မှာ ပရိသတ်ချစ်တဲ့ Super Model အော်န်ဆိုင်းကို ဘယ်လိုအမိုက်စား fashion တွေနဲ့ တွေ့မြင်ကြရမလဲဆိုတာကို ပရိသတ်တွေလည်း မျှော်လင့် နေကြမှာ သေချာပါတယ်။     


အဲဒါကြောင့် Shanghai Fashion Week လို နာမည်ကျော် Fashion ပွဲတော်ကြီးတစ်ခုမှာ သူမရဲ့အိပ်မက် အတိုင်း Runway Model တစ်ယောက်အဖြစ် ပါဝင်လျှောက်လှမ်းခွင့်ရတော့မယ့် အော်န်ဆိုင်းရဲ့ ပျော်စရာ သတင်းကို သူမနဲ့ထပ်တူ ဝမ်းသာဂုဏ်ယူရင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။


(အထက်ပါသတင်းအကြောင်းအရာနှင့် ဓာတ်ပုံများကို Model အော်န်ဆိုင်း (Awn Seng) ထံမှ ခွင့်ပြုချက် တောင်းခံပြီး We Media က ပြန်လည်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။)


By Cherry Mon
Credit to “Awn Seng” official facebook & Page



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။