ဝိတ်မြန်မြန်ကျဖို့ ညဘက် သောက်အိပ်သင့်တဲ့ အသီးဖျော်ရည် (၅)မျိုး

စားတတ်ရင်ဆေး၊ မစားတတ်ရင်ဘေး တဲ့။ အစားအသောက်ဆိုတာ အရသာရှိတိုင်းလည်း ကျုံးစားလို့ မကောင်းပြန်ဘူး။ အရသာမရှိလို့ဆိုပြီး ရှောင်ချင်တိုင်းလည်း ရှောင်မရပြန်ဘူး။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ ဝိတ်ချချင်လို့ပဲဖြစ်ဖြစ် အစားအသောက်တိုင်းဟာ ဉာဏ်နဲ့ယှဉ်ပြီးစားသောက်ကာမှ တော်ကာကျတဲ့ ခေတ်ပါ။ ဒါကြောင့် ဝိတ်ချဖို့ မစားမသောက်ပဲ အငတ်မခံပါနဲ့။ ဝိတ်ကျစေတဲ့အစားအစာတွေကို ကျင့်စားပါ။ ညအိပ်ခါနီးမှ ဗိုက်ဆာတတ်တဲ့အကျင့်ရှိတယ်ဆိုရင်လည်း ခေါက်ဆွဲပြုတ်စားတာထက် ဒီသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။


၁) သခွားသီးဖျော်ရည်

Image result for cucumber juice

သခွားသီးပဲ ကျိတ်ပြီး သောက်လို့ရမှာ ပျစ်တယ်လို့ထင်ရင် ရေရောပြီး သောက်လို့ရပါတယ်။ ပိုအရသာရှိပြီး ပိုထိရောက်ချင်ရင်တော့ သံပရိုသီး၊ ဂျင်း၊ လိမ္မော်သီး၊ ပျားရည်၊ နံနံပင်၊ ရှားစောင်းလက်ပတ်၊ စတာထဲက ကြိုက်နှစ်သက်ရာတစ်ခု ထည့်သောက်ပါ။ တစ်လလောက် ညတိုင်းသောက်ပြီးတဲ့နောက် သင့်ရဲ့ဗိုက်အဆီတွေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။

သခွားသီးမှာ ကယ်လိုရီမပါသလောက်နည်းပြီး ဝိတ်ကျဖို့အထောက်အကူပြုတဲ့ antioxidant၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေသာ ပါဝင်ပါတယ်။ ဒါကြောင့် သခွားသီးကို ဘယ်လောက်အများကြီးစားစား ဝိတ်မတက်နိုင်ပါဘူး။ ဝိတ်မတက်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ညီညွတ်စေပြီး အသားအရေလှပစေပါတယ်။


၂) ဂျင်းလဖ္ဘက်ရည်

Image result for ginger tea

ဂျင်းဟာ ကျန်းမာရေးအတွက် အဖက်ဖက်က အသုံးဝင်ရုံသာမက ဝိတ်လည်းကျစေပါတယ်။ ညအိပ်ခါနီး ဂျင်းလဖ္ဘက်ရည်သောက်ခြင်းအားဖြင့် တစ်နေကုန်စားခဲ့သမျှအာဟာရတွေကို ပိုမိုစုတ်ယူနိုင်ပါတယ်။ အစာချေဖျက်အားကိုလည်း ကောင်းစေတဲ့အတွက်ကြောင့် ညဘက် မအီမသာဖြစ်စေတဲ့ အစားအစာမျိုးစားပြီးတဲ့အခါ ဂျင်းလဖ္ဘက်ရည်ကို သောက်ပေးသင့်ပါတယ်။ ဂျင်းလဖ္ဘက်ရည်ကို အရသာ ပိုရှိစေချင်ရင်တော့ သံပရိုသီး၊ ပျားရည်တို့ကို ထည့်သောက်နိုင်ပါတယ်။ နွေရာသီ ပူအိုက်တဲ့အခါမျိုးမှာတော့ ဂျင်းလဖ္ဘက်ရည်ထဲကို ရေခဲစိမ်သောက်နိုင်ပါတယ်။


၃) နာနတ်သီးဖျော်ရည်

Image result for pineapple juice

နာနတ်သီးဟာလည်း သခွားသီးလိုပါပဲ။ အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းပါတယ်။ နာနတ်သီးဖျော်ရည်ထဲကို သံပုရိုသီးညှစ်ထည့်သောက်ခြင်းက အလွန်အရသာရှိတဲ့ ညအိပ်ရာဝင်သောက်စရာတစ်ခု ဖြစ်မှာပါ။ နာနတ်သီးက သိပ်မချိုဘူးဆိုရင် ပျားရည်ထည့်သောက်ပါ။


၄) စတော်ဘယ်ရီ

Image result for strawberry juice

စတော်ဘယ်ရီအပါအဝင် ဘယ်ရီသီးအမျိုးအစားအားလုံးဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါကို ကာကွယ်နိုင်တဲ့အပြင် ဝိတ်လည်းကျစေပါတယ်။ စတော်ဘယ်ရီသီးမှာ သွေးတွင်းသကြားဓာတ်နဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ ဟော်မုန်းဓာတ်တွေပါဝင်ပါတယ်။ 

ပိုထိရောက်ချင်ရင်တော့ သံပရိုသီး(သို့) သံပုရာသီးအရည်၊ အခွံအနည်းငယ်၊ ပင်စိမ်းတို့နဲ့ စတော်ဘယ်ရီသီးကို ရောစပ်ပါ။ အရောထဲကို ရေနွေးပူ အနည်းငယ် လောင်းထည့်ပြီး ခဏထားပါ။ ပြီးရင်တော့ သံပရိုသီး(သို့) သံပုရာသီးအခွံတွေကို ဖယ်ပါ။ ပြီးရင် ရေအေးနဲ့ရေခဲအနည်းငယ်ထည့်ပါ။ ချိုတာကြိုက်ရင် ပျားရည်ထည့်ပါ။ ပြီရင်တော့ သောက်လို့ရပါပြီ။


၅) ဂရိတ်ဖရုသီးဖျော်ရည်

Image result for grapefruit

ဂရိတ်ဖရုသီးကို ဝိတ်ချနေသူအတော်များများ စားလေ့ရှိကြပါတယ်။ ဂရိတ်ဖရုသီးဟာ ရေဓာတ်ပြည့်စေရုံသာမက ဗိုက်လည်းပြည့်စေပါတယ်။ ပိုထိရောက်ချင်ရင်တော့ သစ်ကြမ်းပိုးခေါက် အနည်းငယ်ထည့်သောက်ပါ။ ပထမဆုံး ရေရယ်၊ သကြားအနည်းငယ်ရယ်၊ သစ်ကြမ်းပိုးခေါက်ရယ်ကို ခွက်တစ်ခွက်ထဲမှာ ရောလိုက်ပါ။ ၇ မိနစ်လောက်ထားပြီးရင် ဂရိတ်ဖရုသီးအရည်နဲ့ ရေအေးအနည်းငယ်လောင်းထည့်ပါ။ ပြီးနောက် ပင်စိမ်းရွက် အနည်းငယ်ထည့်ပြီး သောက်လို့ရပါပြီ။


အခုပြောပြခဲ့တဲ့ အသီးဖျော်ရည်တွေဟာ ဗိုက်အဆီရော၊ ခန္ဓာကိုယ်တွင်း ကိုလက်စရောတွေကိုရော အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး ကျစေပါတယ်။ ညစဉ်သောက်ခြင်းအားဖြင့် သိသာတဲ့ ရလဒ်ကို ရမှာပါ။ ဒါပေမဲ့ အားလုံး သိထားရမယ့် အမှန်တရားတစ်ခု ရှိပါတယ်။ အဆီပိုကင်းတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ အစားအသောက်ဆင်ခြင်ရမယ့်အပြင် လေ့ကျင့်ခန်းလည်း မဖြစ်မနေ လုပ်ပေးရမယ် ဆိုတာပါပဲ။ ဒါ့အပြင် သင့်ကိုယ်သင် ယုံကြည်မှုရှိရှိနဲ့ ဆက်လုပ်နေဖို့ပါပဲ။


Photo; unsplash.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။