သင့်ကို လေဖြတ်စေနိုင်တဲ့ ရှေ့ပြေးလက္ခဏာ (၉) ချက်

လေဖြတ်တယ် လေဖြန်းတယ်ဆိုတာတွေက သင့်အနေနဲ့တော့ နားသိပ်စိမ်းမယ်မထင်ပါဘူး။ တကယ်ကို ဆိုးဝါးတဲ့ ရောဂါဝေဒနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးရုတ်တရက်ဆိုသလို ကြုံရနိုင်ပါတယ်။ ဒီလိုဝေဒနာကို ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးရယ်လို့တော့မရှိပေမဲ့ ရောဂါလက္ခဏာတွေကိုသိထားရင်တော့ တတ်နိုင်သလောက် သတိပြုဆင်ခြင်လို့ရပါတယ်။ ဒါကြောင့်မို့ သင့်ကို လေဖြတ်စေနိုင်တဲ့ ရှေ့ပြေးလက္ခဏာ () ချက်က်ို ဖော်ပြပေးလိုက်ရပါတယ်။



၁။  ခြေ၊ လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။

၂။ဦးခေါင်း၏ နောက်စေ့ဘက်တွင် ကိုက်ခဲခြင်း၊ မကြာခဏ မူးဝေခြင်း။၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။

၄။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။

၆။ ဆီး အနီရောင်သွားခြင်း။

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ဘက်ခြေဆွဲခြင်း။

၉။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း 

စတဲ့ အချက်များဟာ လေမဖြတ်ခင်ဖြစ်ပေါ်လေ့ရှိတဲ့ အချက်များပဲဖြစ်ပါတယ်။


အကယ်၍ သင့်မှာ ဒီလို လက္ခဏာတွေ တွေ့နေရပြီဆိုရင်တော့  သင်စားတဲ့ အစားအသောက်ထဲ ငှက်ပျောသီးလိုမျိုး ပိုတက်စီယမ်ပါတဲ့ အစားအသောက်တွေကို ထည့်စားပေးပါ။ အရက်နဲ့ဆေးလိပ်ကိုတတ်နိုင်သလောက်ရှောင်ကြည်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ ဒါဆိုရင်တော့ သင့်အနေနဲ့ လေဖြတ်မဲ့ အန္တရာယ်ကနေ အထိုက်အလျောက် ကာကွယ်နိုင်သွားမှာပဲဖြစ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။