သင့်နေ့စဉ်ဘဝကို တိုးတက်နိုင်စေမယ့် Free Websites (၅) ခု

၂၁ ရာစု ရောက်လာတဲ့အခါမှာ ကျွန်တော်တို့တွေဟာ နေ့စဉ်နှင့်အမျှ Social Media ပေါ်မှာပဲ ရှိနေတတ်ကြပါတယ်။
Facebook, Instagram, Twitter, WeChat, LINES, စသဖြင့် Apps တွေပေါ်မှာပဲ များသောအားဖြင့် အချိန်ကုန်သွားလေ့ရှိပါတယ်။ အချိန်တွေကို ဒီထက်ပိုပြီးအကျိုးရှိအောင် အသုံးချနိုင်ဖို့ အောက်ပါ Websites တွေဟာ သင့်အတွက် အသုံးဝင်နိုင်မယ်လို့ထင်ပါတယ်။


CreativeLIVE

ပညာရေးဆိုင်ရာ Free လေ့လာလို့ရပါတယ်။ CreativeLIVE ဟာ အရည်အချင်းပြည့်မှီတဲ့ ဆရာ၊ဆရာမတွေဆီမှ သင်ကြားပေးနေတဲ့  Web တခုဖြစ်ပါတယ်။
များသောအားဖြင့် Topics တွေကတော့ ဓာတ်ပုံပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ဒီဇိုင်းများ၊ စသဖြင့် အတန်းများကို Free အနေဖြင့် ဝင်ရောက် Register လုပ်နိုင်ပါတယ်။
ပညာရေးဆိုတာ ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်အတွက်သာမက၊ ကျွန်တော်တို့ဘဝအနာဂတ်အတွက်လည်း အရေးပါတဲ့အရာတစ်ခုမို့ ဒီ Web ဟာ သင် ဝင်ရောက်လေ့လာသင့်ပါတယ်။


Investopedia

ငွေရေးကြေးရေးတွက်ချက်ပိုင်းဆိုင်ရာများကို ပိုမိုနားလည်လာမယ်။
Investopedia ဆိုတဲ့ Web ဟာ အဖွဲ့အစည်းပိုင်းမှာ ငွေကြေးဆိုင်ရာ တွက်ချက်မှုများ တိကျသေချာနိုင်အောင် ဘယ်လို တွက်ချက်ရမလဲဆိုတာတွေကို ရှင်းပြထားပါတယ်။
Articles တွေ Tutorials တွေ များစွာပါဝင်နေတဲ့အတွက်ကြောင့် ကျွမ်းကျင်တဲ့တွက်ချက်သူတစ်ယောက်ဖြစ်လာနိုင်အောင် ဝင်ရောက်လေ့လာသင့်ပါတယ်။


Pexels

ဓာတ်ပုံ ဒီဇိုင်းများကို မိမိစိတ်ကြိုက် Free ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
တစ်နေရာတည်းမှာ Quality ကောင်းကောင်းနဲ့ပုံတွေ Free ယူလို့ရပါတယ်။ Pexels မှာဆိုရင် ဒီ Website ထဲမှာ သင့်စိတ်ကြိုက်ပုံများကို တစ်နေရာတည်းမှာ ရယူနိုင်ပါတယ်။

Bodybuilding.com

သင့်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။ 

Bodybuilding.com ဟာဆိုရင် သင့်ကျန်းမာရေးအတွက်အရမ်းကိုအသုံးဝင်နိုင်မှာပါ။ Workout တွေ လုပ်ပုံလုပ်နည်း၊ ကျန်းမာအောင် ဘယ်လိုနေထိုင်နည်း၊ မိမိကိုယ်ကိုယ် ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ အတွက် ဘယ်လို လေ့ကျင့်ရမလဲဆိုတာတွေ၊ စားသောက်ရမယ့်ပုံစံတွေကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ Website ကောင်းတစ်ခုဖြစ်ပါတယ်။

ProductHunt

အကောင်းဆုံးနှင့် အသစ်လွင်ဆုံးသော ပစ္စည်းများကို တစ်နေရာတည်းမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ခေတ်မီတိုးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ သင်ဟာ ဘယ်ကဏ္ဍမှာမဆို နောက်ကျပြီးကျန်နေခဲ့လို့မရပါဘူးနော်။
အသစ်သစ်မှ ကြိုက်တတ်တဲ့သူတွေအတွက် ProductHunt ဟာ လုံးဝအသုံးဝင်နိုင်မယ့် Website တစ်ခုပါ။
နေ့စဉ်နှင့်အမျှ ထွက်သမျှ စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဂိမ်းတွေ စသဖြင့် ပစ္စည်းများစွာကို အမြဲတမ်း Update ဖြစ်နေတာမို့ ဝင်ရောက်လေ့လာကြည့်ရှုလို့ရပါတယ်။