ဂျိုင်းအသားအရေ ဖြူစေဖို့ အရိုးရှင်းဆုံး နည်းလမ်း (၃) ခု

ဂျိုင်းအသားအရေဆိုတာ ခန္ဓာကိုယ်ရဲ့အသားအရေနဲ့ တစ်ညီတည်းဖြစ်နေရမှာပါ။ ဒါပေမဲ့ ၇၅%သော လူတွေရဲ့ ဂျိုင်းဟာ ပုံမှန်အသားအရေထက် မဲနေတတ်ပါတယ်။ အဲလိုမဲတာဟာ acanthosis nigricans (AN) ဆိုတဲ့ အသားအရေပြဿနာတစ်ခုကြောင့်ပါ။ AN ပြဿနာကို များသောအားဖြင့် ဂျိုင်း၊ ဂုတ်၊ ပေါင်ခြံ၊ တံတောင်ဆစ်နဲ့ဒူးမှာ ဖြစ်တတ်ပါတယ်။ 

Image result for armpit gif

ဂျိုင်းမဲခြင်းက မျိုးရိုးဗီဇ၊ ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို၊ ဂျိုင်းမွှေးကို နည်းလမ်းအမှားနဲ့ ရိတ်ခြင်း၊ နှုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဂျိုင်းအသားအရေ မပျက်စီးအောင် ဂျိုင်းမွှေးမရိတ်ခင်မှာ အမွှေးရိတ်ခရင်မ်(သို့)ဆပ်ပြာနဲ့ ချောမွေ့အောင်လုပ်ပြီးမှ ရိတ်ဖို့ အကြံပြုချင်ပါတယ်။ တစ်ခါတလေကျတော့ အဝလွန်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ Diet လုပ်လိုက်တဲ့အခါ ပြန်ဖြူလာနိုင်ပါတယ်။ 

Image result for armpit

များသောအားဖြင့် အရေပြားဆရာဝန်နဲ့ ကုသလိုက်ရင်တော့ ပိုမိုလျင်မြန်တဲ့ ရလဒ်ကိုရမှာပါ။ အဲလိုမပြချင်ဘူးဆိုရင် ဂျိုင်းဖြူဖို့အတွက် ထုတ်ထားတဲ့ ဆေးတွေ စုံစမ်းပြီး လိမ်းနိုင်သလို၊ သဘာဝနည်းလမ်းတွေနဲ့လည်း ကြိုးစားကြည့်လို့ရပါတယ်။ ကျောက်ချဉ်တို့၊ မုန့်ဖုတ်ဆိုဒါတို့ကို အများအားဖြင့် ဂျိုင်းဖြူဖို့ သုံးကြပါတယ်။ အခုပြောပြမယ့် နည်းလမ်း(၃) မျိုးဆိုရင်လည်း ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ ရလဒ်ကိုပေးနိုင်ပါတယ်။


(၁) ရှားစောင်းလက်ပတ်

Related image

ရှားစောင်းလက်ပတ်မှာ Antioxidant ဖြစ်တဲ့ ဗီတာမင် အေ၊ စီ၊ အီး ဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် ဘီ12 လည်း ပါဝင်ပါတယ်။ Antioxidant က အသားအရေဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

- ရှားစောင်းလက်ပတ်ထဲက အနှစ်တွေကို ခြစ်ထုတ်ပါ

- ခြစ်ထုတ်ထားတဲ့ ရှားစောင်းလက်ပတ် အလွှာလိုက်ကို ဂျိုင်းပေါ်မှာ ၁၅မိနစ်ခန့်တင်ထားပါ

- ရေနဲ့ဆေးချပါ


(၂) သခွားသီး

Related image

သခွားသီးကို မျက်နှာမှာကပ်သလို ဂျိုင်းမှာကပ်ရင်လည်း တူညီတဲ့ အကျိုးကျေးဇူးရနိုင်ပါတယ်။

- သခွားသီး အကွင်း ၂ ကွင်း လှီးပါ

- တစ်ကွင်းစီကို ဂျိုင်းတစ်ဖက်စီမှာ ၂ မိနစ်လောက် ပွတ်ပေးပါ

- ဂျိုင်းမှာကျန်ခဲ့တဲ့ သခွားသီးအရည်တွေ ခြောက်သွားအောင် ၁၀ မိနစ်လောက်ထားပါ

- ရေဆေးချပါ


(၃) သံပုယိုသီး

Image result for lemon

သံပုယိုသီးမှာ အချဉ်ဓာတ်များစွာ ပါဝင်တာကြောင့် မဲညစ်ခြင်းတွေကို ဖြူစင်စေပါတယ်။ အထူးသဖြင့် ဂျိုင်းအသားအရေဖြူဖို့ အထောက်အကူပြုပါတယ်။

- သံပုယိုသီးကို အကွင်းထူထူလှီးပါ

- သံပုယိုကွင်းနဲ့ ဂျိုင်းကို ၃မိနစ်လောက် ပွတ်ပေးပါ

- သံပုယိုရည်တွေ ခြောက်သွားအောင် ၁၀မိနစ်ခန့်ထားပါ

- ရေဆေးချပါ

Related image

ဒီနည်းလမ်းတွေကို နေ့စဉ်လုပ်ပေးခြင်းဖြင့် သိသာတဲ့ရလဒ်ကို ရမှာပါ။ ဘယ်နည်းလမ်းမဆို အချိန်နဲ့ အားစိုက်ထုတ်မှုတော့ ပေးရတာပါပဲ။ အဓိက ကတော့ ဂျိုင်းမွှေးကို ရိတ်သည်ဖြစ်စေ၊ နှုတ်သည်ဖြစ်စေ၊ wax လုပ်သည်ဖြစ်စေ မလုပ်ခင် Shaving Cream တို့၊ Soap တို့ သုံးပြီးမှ ပြုလုပ်ဖို့ပါပဲ။


Photo; unsplash.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။