Apple ကုမ္ပဏီ ကို ဂျင်းထည့်ရင် ထောင်ကျမှာလား

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ တရုတ်ကျောင်းသားတစ်ယောက်ရယ်၊ သူ့အဖော်သူငယ်ချင်းတစ်ယောက်ရယ်ဟာ နာမည်ကြီး Apple ကုမ္ပဏီကနေ ဒေါ်လာ ၁ မီလျံလိမ်လည်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့အချိန်ကတော့ ၂၀၁၉ နှစ်အစောပိုင်းကဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ အဲ့ဒီကျောင်းသားနှစ်ယောက်ကို ထောင်ဒဏ် ( ၃ ) နှစ် နဲ့ ( ၁ ) လ တိတိချမှတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။



ဖြစ်ပုံက ဒီလိုပါ။

ကွမ်ဂျီအမ် နဲ့ သူ့သူငယ်ချင်း ယန်ရန်ကျောင်း တို့က တရုတ်နိုင်ငံထုတ် fake iphone တွေကို US ကို သယ်လာပြီး Apple Service counter တွေမှာ Warranty Claim ပြန်လည်ပြုလုပ်ခဲ့တာဖြစ်တယ်။ Apple Service တွေတိုင်းမှာ အဲ့ဒီဖုန်းတွေဟာ power တက်မလာဘူး ဆိုပြီး လိမ်လည်ခဲ့တာပါ။

Service Counter တွေကလည်း power မတက်လာတဲ့ဖုန်းတွေကို Apple ဖုန်းအသစ်တွေနဲ့လဲလှယ်ပေးခဲ့တယ်။ အဲ့ဒီလိုမျိုး အကြိမ်ရေတော်တော်များများပြုလုပ်ခဲ့ပြီး ရလာတဲ့ဖုန်းသစ်တွေကို တရုတ်နိုင်ငံမှာ ပြန်လည်ရောင်းချပါတယ်။ ပြန်ရောင်းရာကနေ တစ်လုံးကို အမြတ်ငွေ ဒေါ်လာ ၂၀ ကနေ ၄၀ ကြားရရှိခဲ့ပြီး စုစုပေါင်း အမြတ်ငွေ ဒေါ်လာ ၄၀၀၀၀ လောက်ရရှိခဲ့တယ်။

သူတို့တွေ လိမ်လည်ရယူသွားတဲ့ iPhone အလုံးရေ ၁၄၉၃ လုံးရှိခဲ့ပြီး Apple အနေနဲ့ ဖုန်းတစ်လုံးအတွက် ဒေါ်လာ ၆၀၀ အထိဆုံးရှုံးခဲ့တယ်။ Apple ဘက်က အဲဒီဖုန်းတွေဟာ refurbished တွေလား၊ ဒါမှမဟုတ် clone ( or ) fake တွေလား ဆိုတာတော့ အတည်မပြုခဲ့ပါဘူး။ နောက်တစ်ခုရှိတာက warranty ကျန်နေသေးတဲ့ IMEI Number တွေနဲ့ apple service တွေကို ဘယ်လို လိမ်လည်သွားသလဲဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။



နောက်ဆုံးမှာတော့ Apple ဘက်က ဒီအကြောင်းကို သိသွားပြီး ကွမ် ကို တရားစွဲပါတယ်။ ကွမ် အနေနဲ့ လျော်ကြေးပေးဖို့အတွက် တရုတ်နိုင်ငံမှာရှိတဲ့ မိဘတွေအိမ်ကို ရောင်းပြီးရလာတဲ့ ဒေါ်လာ ၂၀၀၀၀၀ ( နှစ်သိန်း ) ကို ပြန်လည်ပေးအပ်ခဲ့ပေမယ့်တရားရုံး ဘက်ကတော့ ကွမ် စီးနေတဲ့ Marcedes Benz 2015 Model ကိုပါ သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အမိန့်ချမှတ်ပြီး ကွမ် ထောင်ထဲမရောက်ခင် ဒီဇင်ဘာ ၅ ရက်နေ့အထိ သူသွားသမျှ တည်နေရာမှန်သမျှကို GPS ကနေလည်းစောင့်ကြည့်ခံနေရမှာဖြစ်တယ်။

ဂျင်းထည့်ချင်တဲ့ ကွမ် အနေနဲ့ အမြတ်ငွေ ဒေါ်လာ ၄၀၀၀၀ ဆုံးရှုံးပြီး နောက်ထပ်ပြန်ဆပ်ရမယ့်အကြွေး ဒေါ်လာ ၁ မီလျံတင်သွားတဲ့အပြင် လိမ်လည်မှုနဲ့ ထောင် ( ၃ ) နှစ်ပါ ကျခံရတော့မှာဖြစ်ပါတယ်။

Gabriel
Credit - Tech Corner
( အထက်ပါ content သည် tech corner မှ အကြောင်းအရာကို အယ်ဒီတာ အာဘော်ဖြင့်ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ ပြန်လည်ဖော်ပြခွင့်ပေးပါသော Tech Corner ကိုလည်း ကျေးဇူးတင်ရှိပါသည်။ )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။