ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေကို ဘယ်လိုကုသမလဲ

ဝက်ခြံဆိုတဲ့ အမျိုးဟာ တော်တော်လေး စိတ်ဒုက္ခပေးပါတယ်။ ဝက်ခြံပေါက်နေတဲ့အချိန်ဆို နာလည်းနာ၊ ဝက်ခြံဖုကြောင့် အလှကလည်းပျက်ရတယ်။ ဝက်ခြံပျောက်သွားတဲ့အချိန်ကျတော့လည်း ကျန်ခဲ့တဲ့ အမာရွတ်၊ အမဲစက်တွေကို ပျောက်အောင် ထပ်လုပ်ရပြန်ရော။ တချို့ဝက်ခြံတွေဆို ပျောက်ဖို့လနဲ့ချီကြာသလို ပျောက်သွားပြန်တော့လည်း ကျန်ခဲ့တဲ့အမာရွတ်ကို လနဲ့ချီကုရပြန်ရော။ 
Image result for how to get rid of acne dark spots
ဒီနေရာမှာ ပြောချင်တာက အမာရွတ်နဲ့ အမဲစက်က မတူပါဘူးနော်။ အမာရွတ်က ကုရခက်ပြီး ကုသပြီးသွားရင်တောင် အရာလေးတော့ နည်းနည်းကျန်ခဲ့ပါတယ်။ အမဲစက်ကတော့ အချိန်နဲ့အမျှ မှိန်သွားပါတယ်။ သဘာဝအတိုင်း လုံးဝပျောက်သွားဖို့ အချိန် ၃လကနေ ၂နှစ်ထိ ကြာတတ်ပါတယ်။ အဲလောက်အချိန်အကြာကြီး မစောင့်နိုင်တဲ့သူတွေအတွက်တော့ အရေပြားဆရာဝန်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

သဘာဝပစ္စည်းများ
Image result for how to get rid of acne dark spots
အရင်ဆုံး အိမ်မှာပဲ လွယ်ကူတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ကုသကြည့်ပါမယ်။ ဒါပေမဲ့ သဘာဝပစ္စည်းတိုင်းက အသားအရေတိုင်းနဲ့ ကိုက်ညီတာ မဟုတ်ပါဘူး။ တချို့ဆို ပိုဆိုးသွားစေပါတယ်။ ဒါကြောင့် မသုံးခင် ကိုယ်နဲ့ တည့်မတည့်ကို စစ်ဆေးပြီးမှ သုံးသင့်ပါတယ်။ လူအတော်များများ သုံးလေ့ရှိတဲ့ သဘာဝပစ္စည်းတွေကတော့ - အုန်းဆီ၊ shea butter၊ ရှားစောင်းလက်ပတ်၊ ပျားရည်အစိမ်း၊ မုန့်ဖုတ်ဆိုဒါ၊ သံပုယိုရည် (ဗီတာမင်-စီ) တို့ပဲ ဖြစ်ပါတယ်။

နေရောင်ကာခရင်မ်
Related image
အမဲစက်တွေ ပျောက်သွားဖို့ဆိုရင် နေရောင်ကာခရင်မ်ကိုလည်း နေ့စဉ် မဖြစ်မနေသုံးဖို့လိုပါတယ်။ မိုးရွာရွာ၊ နေပူပူ အနည်းဆုံး SPF 30 ပါတဲ့ နေရောင်ကာခရင်မ်ကို နေ့တိုင်း သုံးပါ။ ဒါက ဝက်ခြံကြောင့် ပျက်စီးနေတဲ့ အသားအရေကိုရော၊ နဂိုကောင်းနေတဲ့ အသားအရေကိုရော ကာကွယ်ရာရောက်ပါတယ်။

အမဲစက်ပျောက်ဆေး
Image result for how to get rid of acne dark spots
သဘာဝပစ္စည်းတွေက မထိရောက်ဘူး၊ ပျောက်ဖို့နှေးတယ်ဆိုရင် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက်တွေ၊ အမာရွတ်တွေအတွက် ထုတ်ထားတဲ့ ဆေးတွေ သုံးကြည့်ပါမယ်။ အချို့ဆေးတွေက အသားအရေကို ထိခိုက်နိုင်သည်အထိ ပြင်းတာကြောင့် သုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ဆီက ခွင့်ပြုချက်ရပြီဆိုရင်တော့ အောက်ပါ ဓာတ်ပစ္စည်းတွေ ပါဝင်တဲ့ ဆေးကို ရွေးချယ်ဝယ်ယူပါ။
- Retinoids (vitamin A)
- Vitamin E (tocopherol)
- Hydroquinone
- Alpha hydroxy acids (AHA) [or] mandelic acid
- Kojic acid
- Azelaic acid

ဆရာဝန်ဆီမှာ ကုသမှု ခံယူမယ်
Image result for how to get rid of acne dark spots
ဆေးတွေလိမ်းတာလည်း အားမရသေးဘူးဆိုရင်တော့ နောက်တစ်ဆင့်တက်ပြီး ဆရာဝန်တွေဆီမှာ ကုသမှု ခံယူပါမယ်။ ကျန်းမာရေးအတွက် ထိခိုက်မှုမရှိပေမယ့် ပိုက်ဆံတော့ ပိုကုန်တာပေါ့နော်။ ဒါပေမဲ့ မဖြစ်မနေ ကုသမှု ခံယူချင်တယ်ဆိုရင်တော့ဖြင့် အောက်ပါကုသမှုတွေကို ပြုလုပ်လို့ရပါတယ်။
- Chemical Peels
- Microdermabrasion
- Laser resurfacing

အခုပြောပြခဲ့တာတွေက ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေပျောက်ဖို့ သီးသန့်ဖြစ်ပါတယ်။ အခြားသော အရေပြားပြဿနာတွေ၊ အမာရွတ်တွေကတော့ အခြားနည်းလမ်းတွေနဲ့ ကုသဖို့အကြံပြုချင်ပါတယ်။

Photo; Unsplash.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။