ရာသီခွင်အလိုက် ကောင်မလေးတွေလိုချင်တဲ့ ချစ်သူကောင်လေးပုံစံ

မိန်းကလေးတိုင်းမှာ ကိုယ်လိုချင်တဲ့ ချစ်သူပုံစံ၊ စိတ်ကူးထဲက ချစ်သူပုံစံဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ပုံစံချင်းတော့ မတူနိုင်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ရာသီခွင်ကပြောပြပေး မယ့် သင်လိုချင်နေတဲ့ ချစ်သူကောင်လေးပုံစံကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မိဿ ရာသီဖွား (Aries) (မတ် ၂၁ မှ ဧပြီ ၂၀)


မိဿရာသီဖွားတွေဟာ မိမိအချစ်နဲ့ ထပ်တူကျပြီး မိမိအပေါ် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့ ချစ်သူကောင်လေးမျိုး ကို လိုချင်လေ့ရှိပါတယ်။ ချစ်သူဟာ မိမိနောက်မှာ ရပ်တည်ပေးနေတာထက် မိမိဘဝကို စိတ်လှုပ်ရှားပျော်ရွှင် အောင် လုပ်ပေးစေချင်ပါတယ်။ မိမိရဲ့ လွတ်လပ်မှုကိုလည်း အလေးထားမယ့် ချစ်သူမျိုးလည်း ဖြစ်စေချင်ကြပါတယ်။


၂။ ပြိဿ ရာသီဖွား (Taurus ) (ဧပြီ ၂၁ မှ မေ ၂၀)


ပြိဿရာသီဖွားတွေကတော့ မိမိစိတ်ကို သေချာနားလည်သိရှိပြီး သူငယ်ချင်းမိဘတွေကို အလေးထားပေးမယ့် ချစ်သူမျိုးကို လိုချင်ကြပါတယ်။ ချစ်သူဟာ မိမိအပေါ်စိတ်ရှည်မယ့်၊ သူများနဲ့မတူ နွေးနွေးထွေးထွေး ဆက်ဆံ မယ့်၊ အားပေးဖေးမမယ့်သူမျိုး ဖြစ်စေချင်ကြပါတယ်။ ဒါ့ပြင် ချစ်သူကို ကတိတည်ြ့ပီး ယုံကြည်စိတ်ချရသူမျိုး လည်း ဖြစ်စေချင်လေ့ရှိပါတယ်။


၃။ မေထုန် ရာသီဖွား (Gemini) (မေ ၂၁ မှ ဇွန် ၂၀)


မေထုန်ရာသီဖွားတွေက ငြီးငွေ့လွယ်ကြတာကြောင့် သူတို့စိတ်နဲ့ ကိုက်တဲ့ချစ်သူမျိုး ရှားပါတယ်။ မေထုန် ရာသီဖွားတွေရဲ့ ချစ်သူဖြစ်မယ်ဆိုရင် သူတို့စိတ်ကိုသိပြီး အပြည့်အဝနားလည် နားလည်နိုင်မှ အဆင်ပြေမှာပါ။ ပျင်းစရာကောင်းတဲ့ အခြေအနေမှာတောင် သူတို့ကို စိတ်ပျော်ရွှင်အောင် ထားနိုင်သူ ဖြစ်ရပါမယ်။


၄။ ကရကဋ် ရာသီဖွား (Cancer) (ဇွန် ၂၁ မှ ဇူလိုင် ၂၁)


ကရကဋ်ရာသီဖွားတွေကတော့ မိမိရဲ့စိတ်ခံစားမှုကို နားလည်နိုင်စွမ်းရှိတဲ့ ချစ်သူကောင်လေးမျိုးကို လိုချင်ကြပါ တယ်။ ချစ်သူက သူတို့စိတ်ခံစားလွယ်တာကိုပဲ ချစ်မြတ်နိုးနေပြီး အရာရာတိုင်းကို အသေးစိတ်ဂရုစိုက်စေချင်ကြပါတယ်။


၅။ သိဟ် ရာသီဖွား (Leo) (ဇူလိုင် ၂၂ မှ သြဂုတ် ၂၁)


သိဟ်ရာသီဖွား မိန်းကလေးတွေကတော့ စိတ်ဓာတ်ခိုင်မာသူတွေဖြစ်ပြီး ချစ်သူကိုလည်း ကိုယ့်အကြောင်းကိုယ် သေချာသိတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူမျိုးကို လိုချင်ကြပါတယ်။ ချစ်သူဟာ မိမိဘေးပတ်ဝန်းကျင်မှာ ရှိနေသူ တိုင်းကို သက်သောင့်သက်ဖြစ်စေတဲ့ သဘောမနော ကောင်းသူ၊ စိတ်ဓာတ်ကောင်းသူမျိုး ဖြစ်စေချင်ကြပါတယ်။


၆။ ကန် ရာသီဖွား (Virgo) (သြဂုတ် ၂၂ မှ စက်တင်ဘာ ၂၁)


ကန်ရာသီဖွားတွေကတော့ ဘယ်အရာကိုမှ လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ချစ်သူဟာလည်း သူတို့ကို တန်ဖိုးထားပြီး ဘယ်တော့မှ လွယ်လွယ်လမ်းခွဲတဲ့သူမျိုး ဖြစ်စေချင်ကြပါတယ်။ ချစ်သူဟာ သူတို့လိုအပ်ရင် တစ်ညလုံးဖုန်းပြောပေးနိုင်မယ့်သူ ဖြစ်ရပါမယ်။ ဒါ့ပြင် ချစ်သူရဲ့အဓိကဦးစားပေးဟာလည်း သူတို့ပဲ ဖြစ်ချင်ကြပါတယ်။


၇။ တူ ရာသီဖွား (Libra) (စက်တင်ဘာ ၂၂ မှ အောက်တိုဘာ ၂၂)


တူရာသီဖွားတွေကတော့ သူတို့ရဲ့နှလုံးသားကို သေချာနားလည်တဲ့ ချစ်သူမျိုးနဲ့ အနာဂတ်ရှိတဲ့ အချစ်ရေးမျိုးကို လိုချင်လေ့ရှိပါတယ်။ သူတို့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ သူငယ်ချင်းတွေအပေါ် လေးစားမယ့်သူမျိုး၊ သူတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကလည်း သဘောကျနှစ်သက်မယ့်သူမျိုးကို ချစ်သူတော်ချင်ကြပါတယ်။ ဒါ့ပြင် ချစ်သူဟာ အသိအမြင်ပွင့်လင်းပြီး ပြောသမျှကို ဒိုင်ခံနားထောင်ပေးစေချင်ကြပါတယ်။


၈။ ဗြိစ္ဆာ ရာသီဖွား (Scorpio) (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)   


ဗြိစ္ဆုာရာသီဖွားကောင်မလေးတွေကတော့ သူတို့ကို အရာရာတိုင်းမှာ ဂရုတစိုက်ရှိပြီး အမြဲတမ်းပြုံးရယ်အောင် စွမ်းဆောင်နိုင်တဲ့ ချစ်သူကောင်လေးမျိုးကို လိုချင်လေ့ရှိပါတယ်။ သူတို့အတွက်အသစ်အဆန်းတွေကို ယူဆောင်လာနိုင်ပြီး ရင့်ကျက်တဲ့ချစ်သူမျိုးလည်း ဖြစ်စေချင်ကြပါတယ်။ ကလေးတစ်ယောက်လို ရှက်ရွံ့နေတဲ့ ပုံစံမျိုးတွေကို သူတို့မကြိုက်ကြပါဘူး။


၉။ ဓနု ရာသီဖွား (Sagittarius) (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၀)


ဓနုရာသီဖွား ကောင်မလေးတွေလိုချင်တဲ့ ချစ်သူမျိုးကတော့ ပျော်ပျော်ပါးပါးနေတတ်ပေမဲ့ သစ္စာရှိပြီး ယုံကြည် စိတ်ချရလောက်တဲ့ သူမျိုးပါ။ ကလေးတစ်ယောက်လို စိတ်ထားဖြူစင်ပေမဲ့ မိန်းကလေးတစ်ယောက်ကိုလည်း ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။ သူတို့လုပ်သမျှကို အားပေးထောက်ပံ့ပေးပြီး စိတ် မညစ်စေဘဲ ရယ်မောပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့်သူမျိုးလည်း ဖြစ်ရပါမယ်။


၁၀။ မကာရ ရာသီဖွား (Capricorn) (ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၁၉)


မကာရရာသီဖွားတွေအတွက် ယောကျာ်းတစ်ယောက် မဖြစ်မနေမလိုအပ်ပေမဲ့ သူတို့နဲ့ကိုက်မယ့်သူ တစ်စုံ တစ်ယောက်ကိုတော့ လိုချင်ကြပါတယ်။ သူတို့ရဲ့နာကျင်မှုတွေ၊ အခက်အခဲတွေကို နားလည်ပေးပြီး အားပေး ဖေးမမယ့်သူမျိုးကို ချစ်သူအဖြစ် လိုချင်ကြပါတယ်။ သူတို့ရဲ့ရည်မှန်းချက်ကိုလည်း မပျောက်ဆုံးစေဘဲ စိတ်တူ ကိုယ်တူရှိမယ့်သူမျိုး ဖြစ်စေချင်ကြပါတယ်။


၁၁။ ကုံ ရာသီဖွား (Aquarius) (ဇန်နဝါရီ ၂၀ မှ ဖေဖေါ်ဝါရီ ၁၈)   


ကုံရာသီဖွားတွေကတော့ သူတို့ရဲ့ရည်မှန်းချက်တွေကို အားပေးကူညီပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ထောက်ပံ့ပေးမယ့် ချစ်သူကောင်လေးမျိုးကို လိုချင်ကြပါတယ်။ သူတို့ကို အရမ်းတန်ဖိုးထားပြီး လုံးဝယုံကြည်ရ တဲ့ ချစ်သူမျိုးလည်း ဖြစ်စေချင်ကြပါတယ်။


၁၂။ မိန် ရာသီဖွား (Pisces) (ဖေဖေါ်ဝါရီ ၁၉ မှ မတ် ၂၀)


မိန်ရာသီဖွား ကောင်မလေးတွေကတော့ ရှေးရိုးဆန်ရင်တောင် Romantic ဖြစ်နေမယ့် ချစ်သူမျိုးကို လိုချင်ကြပါ တယ်။ သူတိုနဲ့ပတ်သက်သမျှ အရာတိုင်းကို ချစ်မြတ်နိုးပြီး သူ့အကြောင်းတွေကိုလည်း မျှဝေပြောပြတတ်သူမျိုး၊ မျှဝခံစားတတ်သူမျိုး ဖြစ်စေချင်ကြပါတယ်။ သူတို့ကိုလည်း အမြဲတမ်း ဂရုတစိုက်နဲ့ လေးလေးနက်နက် ပြောတတ်တာကိုလည်း လိုချင်တတ်ပါတယ်။


by Cherry Mon
Photo Credit: Unsplash, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။