အိုသွေးအကြောင်း စိတ်ဝင်စားစရာ (၅) ခု

လူတိုင်းမှာ မတူညီတဲ့ သွေးအမျိုးအစားတွေ ရှိကြပါတယ်။ ဒီအတိုင်းတော့ မသိသာပေမဲ့ ကျန်းမာရေး အခြေအနေတစ်ခုခု ရှိလာပြီဆိုရင် မိမိရဲ့သွေးအမျိုးအစားက အရေးကြီးလာပါပြီ။ အဲဒါကြောင့် မိမိရဲ့ သွေး အမျိုးအစားကို သိထားဖို့လိုအပ်ပါတယ်။ အဓိကအနေနဲ့တော့ သွေးအုပ်စု ၄ မျိုးရှိပါတယ်၊ အဲဒါကတော့ O, A, B နဲ့ AB တို့ပါပဲ။ အသေးစိတ်ပြန်ခွဲရင်တော့ (၈) မျုးိအထိ ရှိပါတယ်။


အဲဒီလိုသွေးအုပ်စုတွေထဲမှာမှ အိုသွေးပိုင်ရှင်တွေက အများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၃၇ ရာခိုင်နှုန်းကျော်က အိုသွေး (O+) တွေချည်းပါပဲ။ အဲဒါကြောင့် အိုသွေးပိုင်ရှင်တွေသိသင့်တဲ့ အိုသွေးတွေ အကြောင်း သိကောင်းစရာနဲ့ အကျိုးအကြောင်း၊ အဆိုးအကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။


၁။ အိုသွေးဟာ သွေးအုပ်စုအားလုံးဆီ လှူဒါန်းနိုင်ပါတယ်


O+ သွေးအမျိုးအစား ပိုင်ရှင်တွေဟာ အဓိကသွေးအုပ်စုကြီး ၄ ခုလုံးဆီကို ပေးနိုင်ပေမဲ့ O+, A+, B+ နဲ့ AB+ တွေကိုပဲ ပေးနိုင်တာပါ။ O- သွေးအမျိုးအစားကတော့ သွေးအုပ်စု ၈ ခုလုံးဆီကို ပေးနိုင်တာကြောင့် အရေးပေါ် သွေးလိုအပ်မှုတွေအတွက် အဆင်ပြေဆုံးဖြစ်ပါတယ်။ ဒါ့ပြင် O- သွေးဟာ ခန္ဓာကိုယ်တွင်းက ခုခံကာကွယ်ရေး စနစ် အသင့်မဖြစ်သေးတဲ့ မွေးကင်းစကလေးငယ်တွေအတွက် စိတ်အချရဆုံးဖြစ်ပါတယ်။


၂။ အိုသွေးပိုင်ရှင်တွေ သွေးလိုအပ်တဲ့အခါ အိုသွေးကိုပဲ လက်ခံနိုင်ပါတယ်


အိုသွေးကို တခြားသွေးအုပ်စုတွေဆီ ပေးနိုင်ပေမဲ့ အိုသွေးပိုင်ရှင်တွေကတော့ အိုသွေးကိုပဲ ပြန်လက်ခံနိုင်ပါ တယ်။ အထူးသဖြင့် O+ သွေးအမျိုးအစားက O+ ပဲဖြစ်ဖြစ် O- ပဲဖြစ်ဖြစ် လက်ခံနိုင်ပေမဲ့ O- သွေးပိုင်ရှင်တွေ ကတော့ သူတို့နဲ့ထပ်တူညီတဲ့ O- သွေးတစ်မျိုးကိုပဲ လက်ခံနိုင်ပါတယ်။


၃။ အိုသွေးပိုင်ရှင်တွေအတွက် ကျန်းမာရေးဆိုးကျိုးများ


သွေးအမျိုးအစားလိုက် ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။ အိုသွေးပိုင်ရှင် တွေဟာ တခြားသွေးအုပ်စုတွေထက်စာရင် တချို့ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ကူးစက်ရောဂါတွေ ပိုဖြစ်လွယ်ပါ တယ်။ ဥပမာဆိုရရင် ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ပချိတ်ရောင်နာ၊ တီဘီရောဂါတို့ ပါပဲ။


၄။ အိုသွေးပိုင်ရှင်တွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ


အိုသွေးပိုင်ရှင်တွေဟာ အများအားဖြင့် တခြားသွေးအုပ်စုတွေထက်စာရင်     နှလုံးရောဂါဖြစ်နိုင်ချေ နည်းပါးပါတ တယ်။ အိုသွေးမဟုတ်တဲ့ တခြားသွေးအုပ်စုတွေဟာ အိုးသွေးတွေထက်စာရင် ပန်ကရိယကင်ဆာဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့ပြင် အိုသွေးပိုင်ရှင်တွေဟာ သွေးလည်ပတ်မှုဆိုင်ရာ တခြားရောဂါတွေ ဖြစ်နိုင် ချေလည်း နည်းပါးပါတယ်။ ဒါပေမဲ့ ဘယ်သွေးပိုင်ရှင်ပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်အောင် မနေရင်တော့ ရောဂါဖြစ်မှာပါပဲ။ အဲဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း နေထိုင်သင့်ပါတယ်။


၅။ အိုသွေးပိုင်ရှင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး


သွေးအမျိုးအစားအပေါ်မူတည်ပြီး လူတွေရဲ့ စရိုက်လက္ခဏာကို ခန့်မှန်းပြောဆိုတာဟာ အတော်လေး အငြင်းပွားဖွယ်ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ ဂျပန်လူမျိုးတွေရဲ့ ယုံကြည်မှုတွေအရဆိုရင် အိုသွေးပိုင်ရှင် တွေဟာ ရက်ရောခြင်း၊ မေတ္တာထားတတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းနဲ့ ငွေကြေးအရ အောင်မြင် ခြင်းတို့လို စရိုက်လက္ခဏာတွေ ရှိနေပါတယ်။ ဒါ့ပြင် အိုသွေးပိုင်ရှင်တွေနဲ့ အကောင်ဆုံးတွဲဖက်ဟာ အေသွေး တွေလို့လည်း ယူဆထားကြပါတယ်။


By Cherry Mon
Photo Credit: freepik, Unsplash       



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။