အိမ်မှာ ကြောင်လေးတွေ မွေးထားရင် မထားသင့်တဲ့ အရာများ

အချစ်တော် ညှောင်လေးတွေ အန္တရာယ်ရှင်း ဘေးကင်းဖို့အတွက် ဒီအရာတွေကို အိမ်ထဲမှာ မထားပါနဲ့။ မဖြစ်မနေထားရမယ်ဆိုရင်လည်း ညှောင်လေးတွေနဲ့ ဝေးတဲ့နေရာ၊ လက်လှမ်းမမှီတဲ့နေရာမှာ သိမ်းထားပါ။


(၁) ချည်လုံး

Knitting needles, colorful threads. Knitting pattern of colorful yarn wool on shopfront. Knitting background. Knitting yarn for handmade winter clothes. Colorful background with yarn ball.

ကြောင်လေးတွေက အရာဝတ္တုတွေကို လက်ကလေးနဲ့ ပုတ်ပြီးဆော့ရတာ ကြိုက်ပါတယ်။ ဘောလုံးလေးတွေကို လှိမ့်ပြီးဆော့သလိုမျိုး ချည်လုံးလေးတွေကို ဆော့တာက ကြောင်လေးတွေအတွက် အန္တရာယ်ရှိပါတယ်။ မတော်တဆ လည်ပင်းကို ချည်တွေနဲ့ရစ်ပတ်မိပြီး အသက်ရှူကြပ်တာမျိုး ဖြစ်နိုင်သလို၊ မတော်တဆ စားမိရင်လည်း အူတွေကို ပျက်စီးစေပါတယ်။


(၂) ဝါယာကြိုး

cat and electrical wires

ကြိုးတွေဆိုရင် ကိုက်ဖဲ့ဆော့တတ်တဲ့ ကြောင်လေးတွေအတွက် ဝါယာကြိုးတွေက တော်တော်အန္တရာယ်များပါတယ်။ လျှပ်စစ်ကြိုးဆိုတာကလည်း အိမ်မှာမထားလို့ မရဘူးဆိုတော့ ကြောင်လေးတွေ လက်လှမ်းမမှီတဲ့နေရာမှာထားပြီးတော့ပဲ ကာကွယ်ရမှာပေါ့။ မလိုတဲ့ ပလက်တွေကိုလည်း ဖြုတ်ထားပါ။


(၃) အရိုး

Chicken bones center in the white dish,food scraps

အရိုးအကြွင်းအကျန်တွေကို တိရိစ္ဆာန်လေးတွေကို ကျွေးတတ်ကြပါတယ်။ တကယ်တော့အဲဒါက မကောင်းပါဘူး။ ကြောင်လေးတွေအတွက်ဆို ပိုမကောင်းပါဘူး။ အရိုးဆိုတာ အစာချေဖျက်ရခက်ပြီး အခန့်မသင့်ရင် စူးတာ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတွေပါ ဖြစ်နိုင်ပါတယ်။


(၄) Mini Blinds

Red kitten tangled in window blinds

Mini Blinds လို့ခေါ်တဲ့ လိုက်ကာမျိုးတွေ တပ်ထားရင် မတော်တဆ ကြောင်လေးတွေ ညှပ်မိနိုင်ပါတယ်။ ကြောင်အကြီးကြီးတွေကတော့ ညှပ်မိဖို့မလွယ်ပေမယ့် ကြောင်သေးသေးလေးတွေကကျတော့ ညှပ်မိနိုင်သလို သူ့ဘာသူ ရုန်းထွက်ဖို့လည်း အခက်တွေ့နိုင်လို့ပါ။


(၅) ရှားစောင်းလက်ပတ်

Aloe vera plants in flower pot on vintage Wooden table background.

ရှားစောင်းလက်ပတ်က လူတွေအတွက် တော်တော်လေးအသုံးဝင်ပေမယ့် ကြောင်လေးတွေအတွက် မကောင်းပါဘူး။ ကြောင်လေးတွေစားမိရင် ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။


(၆) ပန်းပင်

cute Bengal cat sniffs lilly flowers.

ပန်းပင်လေးတွေကလှပါတယ်။ ဒါပေမဲ့ အချို့ပန်းပင်တွေက ကြောင်လေးတွေနဲ့ မတည့်ပါဘူး။ လီလီပန်းဆိုရင် ကြောင်လေးတွေကို အဆိပ်သင့်စေပါတယ်။ လီလီပန်းကြောင့် အော့အန်တာ၊ လေးကန်ထိုင်းမှိုင်းတာ၊ ခံတွင်းပျက်တာတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးက ကြောင်လေးတွေ လီလီပန်းစားပြီး ၁ ရက်ကနေ ၃ရက်အတွင်း မကုသဘူးဆိုရင် ကျောက်ကပ်ပျက်စီးပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။


(၇) ဂျုံလုံး

Female hands making dough for pizza

ဂျုံလုံးတွေကတော့ အိမ်တိုင်းမရှိပါဘူး။ သို့ပေမဲ့ ဂျုံနဲ့ပတ်သက်တာ လုပ်စားခဲ့မိသည်ရှိသော် ဂျုံလုံးအစိမ်းတွေကို ဒီအတိုင်း ပစ်မထားခဲ့ပါနဲ့။ ဂျုံလုံးအစိမ်း နည်းနည်းလောက် စားမိရင်တောင် ကြောင်လေးတွေက သေတဲ့အထိ ဖြစ်နိုင်ပါတယ်။


(၈) အမွှေးရည်

Handmade reed freshener on white table in living room, close up

အိမ်ထဲမှာ အနံ့အသက်ကောင်းဖို့ အမွှေးခဲ၊ အမွှေးအိတ်၊ အမွှေးရည်တွေထားတတ်ကြတယ်မလား။ ဖြစ်နိုင်သမျှ အဲဒီ့အရာတွေကို ကြောင်လေးတွေနဲ့ ဝေးဝေးထားပါ။ အရည်ဆိုရင်လည်း အပြင်ကိုမပေါက်အောင် သေချာပိတ်ထားပါ။ အမွှေးအရည်က ကြောင်လေးတွေရဲ့ အစာပြွန်ကို ပျက်စီးစေတဲ့အပြင် အရေပြားနဲ့နှုတ်ခမ်းသားတွေကို လောင်ကျွမ်းစေပါတယ်။

Cute cat sitting on toilet bowl with rolls of paper

တိရိစ္ဆာန်လေးတွေဆိုတော့ တစ်ခါတလေ မသိဘဲ အန္တရာယ်ရှိတာတွေကို လုပ်တတ်ပါတယ်။ နောက်ဆုံး အိမ်သာရေ၊ ဆပ်ပြာရေတွေကိုတောင် လက်လွတ်စပယ် ထားလို့မရပါဘူး။ ရေထင်ပြီး သောက်တတ်ကြလို့ပါ။ ကိုယ်က သံယောဇဉ်တွေ ထားမိပြီဆိုမှတော့ လိုက်ကြည့်ပြီး စောင့်ရှောက်ရတော့မှာပေါ့။


Photo; unsplash.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။